♣︎»»————>
လွန်ခဲ့သောတစ်ပတ် နတ်ဆရာမဆီမှ ပြန်အလာနေ့
ပိုးပိတ်စ စာအိတ်နီကိုသူမ အလျှင်မလိုပဲ ဖြေးဖြေးချင်း ဖွင့်ကာ အထဲမှာ ပါရှိသော စာရွက်ကို ထုတ်ယူလိုက်သည်
ညစ်နွမ်းသယောင်ပေါ်ပေမယ့် တောင့်တင်းသော စာရွက်သားက အလွယ်တကူဆုတ်ပြဲဖို့ ခက်လှသည်။
စာတွေက ရှေးကျပုံပေါ်နေသော်လည်း သူမကတော့ အလွယ်တကူဖတ်နိုင်တာကြောင့် အသေးစိတ်ကို သေချာကြည့်နေမိသည်။
စနေ့နေ့၏ နေ့မွန်းတည့်ချိန်တွင်မွေးဖွားခဲ့သော အမျိုးသား ကင်ထယ်ယောင်းအတွက် ကံကြမ္မာ
အသက်အန္တရာယ်အတွက်အထောက်အပံ့ပေးရန်လိုအပ်သောအမျိုးအစားမှာ 'ㅅ'နဲ့ 'ㄹ'နိမိတ်ပေးအဖြစ်ဖြင့်အသုံးပြုသော လူသားသာဖြစ်သည်။
အသက်နှစ်ဆယ့်ငါးပြည့်နှစ်တွင် အမှောင်ဓာတ်ကြီးစိုးမည့် ကြက်နှစ်ဖွား(နှစ့်ဆယ့်ငါးနှစ်ပြည့်တွင် ကြီးစိုးမည့်နှစ်) ရှီဘ်ဘီဝေါလ်လ 'ထိုယို'နေ့တွင် အလင်းဖြင့်အသစ်မွေးဖွားလာစေရန် ကင်ထယ်ယောင်း၏အနီးနားတွင်
မျောက်နှစ်ဖွားဖြစ်သော သက်တမ်းသုံးပုံတစ်ပုံနီးပါးကွာသည့် ယန်'yan'ဓာတ်ရှိသော လူငယ်တစ်ဦးကို ထားရှိရန် ဖြစ်သည်။ လချင်းထပ်တူကျပီး
နေ့မွန်းတည့်၏ ရှေ့ဦးနိမိတ်ဖြစ်သောနံနက်မိုးသောက်ချိန်တွင် မွေးဖွားသည့် ♍︎မြေဓာတ်ရှိသော အမျိုးသားငယ်ကို သက်တမ်းကွာဟချိန်အတိုင်းအနီးကပ်ထားစေကာ ကုစားပေးရမည်။
သတ်မှတ်သောအချိန်မပြည့်ပဲ ကွဲကွာခြင်းဖြစ်ခဲ့လျှင် အမှောင်ဓာတ်တိုက်စားသွားပီး ဝိဉာဏ်ပြိုကွဲခြင်းမှ ဆင်းရဲခြင်းအတိဖြစ်စေလိမ့်မည်ဖြစ်သောကြောင့် သွေးစာချုပ်နှင့် အမှောင်ဓာတ်ကို ဖိနှိပ်ပီးသည်တစ်ပြိုက်နက် မကွဲမကွာရှိစေရမည်။ထိုအကြောင်းအရာတွေကို ဖတ်ပီးတာနဲ့တပြိုင်နက် သူမစိတ်မောသွားရသည်။ ရှုပ်မယ်ထင်ရသော်လည်း အဓိကမှာ လူရှာရန်သာဖြစ်နေသည်။ ဒီလိူတိုက်ဆိုင်သော လူသား တစ်နည်း ကလေးကို သားအနားမှာ ထားတာနဲ့ သူမသားရဲ့ ဆိုးရွားမှုကပ်တွေ ပျောက်သွားမယ်ဆိုရင် သူမလုပ်မှာဖြစ်သည်။
YOU ARE READING
Ꮢ U ꇙ꒤ᏒᎬ ?
Fanfiction"ကျွန်တော်ရဲ့ အချစ်က ကလေးပေါက်စကနေ စပါတယ် အဲ့ကလေးက လူဆိုးလေးဖြစ်ပေမယ်လို့ပေါ့" "I'm bad~~~~~~~guy~~~ဒွန် တွန် ဒွန် တွန် တွန် တွန် " မျက်မှောင်တစ်ချက်ကျုံ့မိကာ မျက်ခုံး နှစ်ခုကြားအစပ်ကို လက်ဖြင့် ဖိလိုက်သည်။ "ကျစ် ငြိမ်ငြိမ်နေပါတော့!!!!!!!"