ဆော့ဂျင်းကိုမွေးစားမလို့ ဆိုတဲ့သတင်းကြောင့် ဂေဟာက ကလေးတွေခမျာ မဆော့နိုင်ကြတော့ဘဲမာသာကြီးရဲ့ ရုံးခန်းနားမှာ ဝိုင်းဝိုင်းလည်ပီး ချောင်းကြည့်နေကြတယ်။
ပြူတစ်ပြူတစ်ဖြစ်နေကြတဲ့ကလေးတွေကြားထဲမှာ မျက်မှန်လေးပင့်တင်ပီး တည်ငြိမ်သယောင်ထင်ရတဲ့ နှုတ်ခမ်းထူထူ ကလေးလေးတစ်ယောက်လည်း ပါတယ်။
သူကတော့ ဆော့ဂျင်းပေါ့မာသာကြီးက လှမ်းမခေါ်သေးပေမယ့်လို့ သူ့ကိုမွေးစားမယ်ဆိုတဲ့သတင်းက ကလေးအုပ်ထဲပြန့်သွားပီး ကြက်ပေါက်အုပ်စုလေး အစာစားဖို့ ရွေ့ကြသလို သွားကြတာက သူပါ အဲ့အုပ်စုလေးက ညပ်တပ်ညပ်တပ်နဲ့ ပါသွားတော့တာပဲ။
မွေးစားဖို့ လာကြည့်တာလား ပွဲတက်ဟန်ပြတွေ ဝတ်စားလာတာလားမသိရအောင် မာသာကြီးနဲ့ ပြောပီး အပြုံးချိုချိုတွေပန်ဆင်ထားတဲ့ အမျိုးသမီးက ထင်းထွက်နေတယ်။
တည်ငြိမ်ပီး ရင့်ကျက်တဲ့ ပုံစံနဲ့ တော်ရုံခန့်မှန်းမရနိုင်တဲ့ သူမပုံစံကြောင့် ဆော့ဂျင်းမျက်ခုံးပင့်မိသွားတယ်။
သူ့ရဲ့အရင်ဘဝက စရိုက်အရဆိုရင်တော့ အဲ့အမျိုးသမီးကို ဘာလို့ ကျွန်တော့ကိုမွေးစားမှာလည်း ဆိုပီး ဝုန်းဒိုင်းကြဲမေးချင်ပေမယ့် သူမပုံစံက ခန့်မှန်းလို့ မရအောင် အရှိန်အဝါက ထင်းထွက်နေတာကိုး။
နောက်ပီး သူ့ရဲ့မနောစိတ်က အသိအရ ထိုအမျိုးသမီးက လူတစ်ယောက်ကို အကြောင်းမရှိပဲ အန္တရာယ်ပေးချင်တဲ့ စိတ်ထားမျိုးမရှိဘူး။
သူအဲ့လိုတွေ ခန့်မှန်းတတ်ပေမယ့် ဘာလို့ ချောင်းရိုက်တာခံလိုက်ရတာလည်း ဟုတ်လား။အဲ့လိုတွေ*င်ယားလို့ အရိုက်ခံ အဟမ်းထားတော့ ငါ့ပေါင်ငါလှန်ထောင်းသလိုဖြစ်မယ်။
ဘာတွေပြောနေကြမှန်း မသိပေမယ့် သူ့ဘက်ကို လှည့်ကြည့်လာတဲ့အမျိုးသမီးနဲ့ မာသာကြီးကြောင့် သူတည်တည်ငြိမ်ငြိမ်ပဲ ရပ်နေလိုက်တယ်။
လက်ပြပီး ခေါ်ပုံရတဲ့ မာသာကြီးကြောင့် သူအထဲကို ဝင်လာခဲ့တယ်
အပြုံးချိုချိုနဲ့ အမျိုးသမီးက သူ့နားလာဖို့ ခုံလေးကို ပုတ်ပြပေမယ့် သူကတော့ ဘေးနားမှာပဲရပ်လိုက်တယ်
YOU ARE READING
Ꮢ U ꇙ꒤ᏒᎬ ?
Fanfiction"ကျွန်တော်ရဲ့ အချစ်က ကလေးပေါက်စကနေ စပါတယ် အဲ့ကလေးက လူဆိုးလေးဖြစ်ပေမယ်လို့ပေါ့" "I'm bad~~~~~~~guy~~~ဒွန် တွန် ဒွန် တွန် တွန် တွန် " မျက်မှောင်တစ်ချက်ကျုံ့မိကာ မျက်ခုံး နှစ်ခုကြားအစပ်ကို လက်ဖြင့် ဖိလိုက်သည်။ "ကျစ် ငြိမ်ငြိမ်နေပါတော့!!!!!!!"