Unicode
အ၀တ်တွေချွတ်လိုက်
၀မ်ချီရှော့ရနေမှုကြောင့် စကားတောင်မပြောနိုင်ပေ။
ကြမ်းပြင်ပေါ်မှငွေအပ်တွေကိုသာကြည့်နေပြီး ခဏအကြာမှအသိပြန်၀င်လာသည်။"အာ့ဆို...အဲ့တာက..."
"ကိုယ်တော်သာ သတိလွတ်ပြီးဂရုမစိုက်မိဘူးဆိုရင် အဲ့ဒီအပ်တွေကြောင့်ကိုယ်တော်သေသွားလောက်ပြီ"
ရှီးရယ်၏အသံက သူနဲ့မဆိုင်တဲ့ကိစ္စကိုပြောနေသလို ပေါ့ပါးလွန်းလှသည်။
"ဒါဆို ယွဲ့ရှန်းက....."ရှီးရယ်က စကားပြောတာရပ်လိုက်ပြီး၀မ်ချီကိုရှင်းမပြနိုင်တဲ့အမူအရာနဲ့ကြည့်လိုက်သည်။
၀မ်ချီကဘယ်လောက်ပဲတုံးအနေပါစေ ယွဲ့ရှန်းအရှေ့နန်းဆောင်ဆီအခစား၀င်ပြီး အိမ်ရှေ့စံအနားကို ရည်ရွယ်ချက်ရှိရှိချဥ်းကပ်နေကြောင်းကိုတော့ နားလည်သေးသည်။ယွဲ့ရှန်းရဲ့ရည်ရွယ်ချက်က အိမ်ရှေ့စံကိုသတ်ဖို့ပင်...
အရှေ့နန်းဆောင်မှာ ကိုယ်လုပ်တော်မြောက်မြားစွာရှိပြီး အဲ့ထဲမှ၂ယောက်ကတော့ အိမ်ရှေ့စံကိုသတ်မယ့်ရည်ရွယ်ချက်တွေ ဘူးပေါ်သလိုပေါ်သွားလေပြီ...
မဟုတ်သေးဘူး....ဒီ ၂ယောက်နဲ့တင်ပြီးဆုံးသွားမှာ မဟုတ်လောက်ဘူး....ကြမ်းပြင်ပေါ်မှာဒူးထောက်ခေါင်းငုံ့နေကြတဲ့ ကုန်းကုန်းများနဲ့ အစေခံများကတော့တိတ်ဆိတ်နေဆဲ။
"အခု ကိုယ်တော့်ကိုပြောစမ်းပါဦး"
ရှီးရယ်၏အသံက ပုံမှန်လိုပဲ
"ကိုယ်တော့်နားမှာနေရင် လုံခြုံမယ်လို့ထင်တုန်းပဲလား"၀မ်ချီငြိမ်သက်နေသည်။
ဒီလိုဗီလိန်ကြီးအနားမှာ အန္တရာယ်တွေ၀ိုင်းနေမယ်ဆိုတာ ၀မ်ချီမထင်ထားခဲ့ပေ။
မူရင်း၀တ္ထုထဲတွင် ၀မ်ချီနဲ့အိမ်ရှေ့စံတို့အကြောင်း သိပ်ဖော်ပြထားခြင်းမရှိပေ။
သူသိရသလောက် ရှီးရယ်ကထီးနန်းကိုအောင်မြင်ချောမွေ့စွာဆက်ခံနိုင်မည်ဖြစ်ပြီး ထီးနန်းမရခင်ကာလစပ်ကြား ဘာအန္တရာယ်မှမကြုံဘူးဆိုတာပင်။အခုကျ ရှီးရယ်ကဘာလို့ သူ့ကိုအဲ့လိုစကားပြောရတာတုန်း...
နောက်တော့ ဖျင်အန်းပြောတဲ့ ရှီးရယ်က၀မ်ချီအပေါ်ကိုအထူးတလည်ဆက်ဆံပေးတယ်ဆိုတာ သတိရသွားသည်။
၀မ်ချီ အရင်ကသတိမထားမိပေမယ့် အခုတော့အနဲငယ်သိလာသလိုလို...
အခြားလူတွေနဲ့ယှဥ်ရင် သူ့အပေါ်ကိုရှီးရယ်၏ပြုမူဆက်ဆံပုံတွေက တမူထူးခြားလွန်းသည်လေ....
YOU ARE READING
အာဏာရှင်၏ကိုယ်လုပ်တော်အဖြစ်သို့ကူးပြောင်းလာခဲ့ခြင်း(မြန်မာဘာသာပြန်)
FantasyThis is not my own story. It is fan translation. Credits to original author. Picture credits to original artist. Associated name- 穿成暴君的男妃 English name- Transmigrated to become the Tyrant's Male Concubine Type-Chinese novel Author- Sweet And Greas...