Chapter-{21.1}

6K 1K 126
                                    

Unicode

အပြစ်ရှိခြင်း

အချိန်က စက္ကန့်နဲ့အမျှ တရွေ့ရွေ့ကုန်ဆုံးနေသည်။
၀မ်ချီတကိုယ်လုံးချွေးပြန်နေပြီး ကြမ်းပြင်ပေါ်ထောက်ထားတဲ့လက်တွေတောင် တုန်ယင်နေသည်။

ဘုရင်အမိန့်မပေးသေးဘဲနဲ့လည်း ၀မ်ချီမထရဲပေ။
ဒါပေမယ့်လည်း ၀မ်ချီက ဘုရင်ထက် တိတ်ဆိတ်လွန်းနေတဲ့ရှီးရယ်ကို ပိုကြောက်သည်။
ရှီးရယ်က သူ့ကိုလိမ်ညာလို့ဆိုပြီး အရှင်လတ်လတ်အရေခွံနွှာပြီး ချိတ်ဆွဲထားလိမ့်မယ်လို့တွေးနေမိသည်။
၀ူး...၀ူး...၀ူး...ကြောက်စရာကြီး!!!

အချိန်အတော်ကြာတဲ့အထိ ဘုရင်မင်းမြတ်အပါအ၀င် ကိုယ်လုပ်တော်ရုံတောင် ဘာမှပြောမလာပေ။
၀မ်ချီကလည်း ကြောက်ရွံ့မှုတွေလွင့်ပျယ်ကာ တဖြေးဖြေးတည်ငြိမ်လာပြီး သူသေသွားရင်တောင် ကိစ္စမရှိလောက်ဘူးလို့တွေးမိသည်။

ဘယ်လိုပဲဖြစ်ဖြစ် သူလည်းဒီကမ္ဘာကိုစရောက်ကတည်းက ခုထိနေလာခဲ့ပြီးပြီပဲ။
ထိုသို့တွေးလိုက်ပြီးနောက် ၀မ်ချီအသက်၀၀ရှူကာ ပုံမှန်အနေအထားနဲ့ဒူးထောက်လိုက်သည်။

တကယ်တော့ ဘုရင်မင်းမြတ်နဲ့ကိုယ်လုပ်တော်ရုံက အလွန်အံ့သြသွားကြတာကြောင့် ခေတ္တအနားယူရန် အတွင်းဆောင်ထဲ၀င်သွားပြီဖြစ်ကြောင်း ၀မ်ချီမသိပေ။
အခုသူ့ရှေ့မှာကျန်နေတဲ့သူတွေက စတုတ္ထမင်းသား ရှီးကျင်းနဲ့ အိမ်ရှေ့စံရှီးရယ်တို့သာဖြစ်သည်။

ရှီးကျင်းက ဒီကိစ္စနဲ့မပတ်သက်တဲ့သူမို့ ခဏတာအံ့သြသွားပြီးနောက် ပြတင်းပေါက်ဘက်ကိုသာလှည့်ကာ အတွေးလွန်နေသည်။
ရှီးရယ်ကတော့ ထိုတလျှောက်လုံး၀မ်ချီ့ဆီမှအကြည့်မလွှဲပေ။

ရှီးရယ်က မေးထောက်ပြီး၀မ်ချီကို ကျောက်တုံးကိုတောင် ရွှံ့တုံးဖြစ်သွားစေလောက်တဲ့အကြည့်မျိုးနဲ့ မျက်လုံးမှေးကြည့်ပြီးနောက် လက်သီးဆုပ်ကိုနှုတ်ခမ်းနားကပ်ကာ
"အဟမ်း"
၀မ်ချီက ချောင်းဟန့်သံကြောင့်လန့်သွားပေမယ့် ခဏကြာတော့ ပြန်လည်တည်ငြိမ်သွားသည်။

ရှီးရယ်-"အဟမ်း အဟမ်း"

၀မ်ချီထပ်ပြီးတုန်လှုပ်သွားပြန်သည်။
ရှီးရယ်ကတော့ သူ့နှုတ်ခမ်းပေါ်မှအပြုံးကို သူများတွေသတိမထားမိအောင် လက်သီးဆုပ်နဲ့ကာထားသည်။

အာဏာရှင်၏ကိုယ်လုပ်တော်အဖြစ်သို့ကူးပြောင်းလာခဲ့ခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now