Chapter-{23.2}

5.7K 920 96
                                    

Unicode

ခရင်မ်

[၁-မူးယစ်ရီဝေ]

စားပွဲပေါ်တွင် မုန့်အချို့နဲ့လက်ဖက်ရည်ခွက်တွေရှိပေမယ့် ၀မ်ချီကသေရည်ခွက်ကိုယူကာ ၀ိုင်ငှဲ့ပေးလိုက်သည်။
ရှီးရယ်ကတော့ ဘာတခွန်းမှမပြောဘဲ မော့သောက်လိုက်သည်။

၀မ်ချီနောက်ထပ် ထပ်ငှဲ့ပေးတော့ ရှီးရယ်ကလည်းထပ်မော့သောက်လိုက်ပြန်သည်။
ထိုသို့ ငှဲ့တဲ့သူကငှဲ့လိုက်၊သောက်တဲ့သူကသောက်လိုက်နဲ့ ၀ိုင်ခရားတစ်ခုလုံးကုန်သွားတာကြောင့် ၀မ်ချီနောက်ထပ်၀ိုင်ခရားအနဲငယ်ထပ်ယူလာသည်။

သူ၀ိုင်ခရားယူလာပေးပြီးရင် သွားလို့ရပြီထင်ပေမယ့် ရှီးရယ်တခွက်ပြီးတခွက်သောက်နေတာကိုပါ အဖော်ပြုပေးနေရသည်။
၀ိုင်ငှဲ့နေရင်း ၀မ်ချီအတွေးလွန်နေတုန်း ရှီးရယ်အသံကြောင့် သတိပြန်၀င်လာသည်။

"မင်း အားကုကိုမှတ်မိလား"

"ဗျာ"

၀မ်ချီက ထို 'အားကု' ဆိုတဲ့နာမည်ကိုအခုမှကြားဖူးတာကြောင့် ဘယ်သူဆိုတာမသိပေ။

"ကျွန်တော်မျိုး မသိပါဘူး"

ရှီးရယ်ကတော့ သူပြန်ဖြေတာကိုအဖက်မလုပ်ဘဲ မေးထောက်ကာ ၀ိုင်ခွက်အလွတ်ကိုသာလှည့်ပတ်ဆော့ကစားနေသည်။

သူ့မျက်လုံးတွေမှေးစင်းကာ ၀မ်ချီကိုအေးစက်စက်အမူအရာနဲ့ကြည့်နေပေမယ့် ရုတ်တရက်နွေးထွေးတဲ့အကြည့်တွေအဖြစ်ပြောင်းသွားကာ ခပ်နှေးနှေးလေသံနဲ့
"အားကုက သေသွားပြီ...ဟွားယန်ရုံက သူ့ကိုရေထဲနှစ်သတ်လိုက်တာ"

၀မ်ချီက လေသံတိုးတိုးလေးနဲ့
"ကျွန်တော်မျိုး စိတ်မကောင်းပါဘူး"

ရှီးရယ်က ၀မ်ချီကိုတောက်လောင်နေတဲ့အကြည့်နဲ့ကြည့်ပြီး
"မင်းက ဘာလို့၀မ်းမနည်းရတာလဲ"

"....."
၀မ်ချီအသက်ပြင်းပြင်းရှိုက်ကာ ၀မ်းနည်းပူဆွေးနေတဲ့အမူအရာနဲ့
"ကျွန်တော်မျိုး အရမ်း၀မ်းနည်းလှပါတယ်"

ဒါပေမယ့်လည်း ၀မ်ချီ့အမူအရာကြောင့် ရှီးရယ်ကနှာခေါင်းရှုံ့လိုက်ပြီး
"လူလိမ်"

အာဏာရှင်၏ကိုယ်လုပ်တော်အဖြစ်သို့ကူးပြောင်းလာခဲ့ခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now