Unicode
ခရင်မ်
[၂-ခရင်မ်]
၀မ်ချီ-"...."
သူ့ခမျာ ရှော့ရလွန်ပြီး ဘာပြောရမှန်းတောင်မသိပေ။
သူအခုချိန်ခံစားနေမိတာကတော့ သူ့ခေါင်းအနောက်ကိုရှီးရယ်လက်နဲ့ဖိထားတာပင်။
သူ့နှုတ်ခမ်းထောင့်ကိုလျက်နေတဲ့ ရှီးရယ်ရဲ့လျှာက လောင်ကျွမ်းတော့မယ့်မီးတောက်လိုပူနွေးနေသည်။သူ့တကိုယ်လုံး ကျောက်ရုပ်လိုဖြစ်နေပြီး မသိစိတ်ကြောင့် ရှီးရယ်ကိုတွန်းထုတ်မိမလိုဖြစ်သွားသည်။
ဒါပေမယ့် ရှီးရယ်ကလွှတ်မပေးဘဲ ၀မ်ချီနှုတ်ခမ်းထောင့်နဲ့ ပါးပြင်ပေါ်မှာပေနေတဲ့ခရင်မ်တွေကို လိုက်လျက်နေသည်။၀မ်ချီပါးစပ်ထဲမှာ ရှီးရယ်ခွံ့ကျွေးထားတဲ့ကိတ်မုန့်တွေပြည့်နေတာကြောင့် နှုတ်ခမ်းကအနဲငယ်ဟနေသည်။
ထို့နောက် ရှီးရယ်ခေါင်းငုံ့ကာ ၀မ်ချီနှုတ်ခမ်းကိုနမ်းလိုက်လေသည်။ရှီးရယ်က ၀မ်ချီနှုတ်ခမ်းကိုဖြေးဖြေးချင်းနမ်းကာ နှုတ်ခမ်းတွေကိုအသာကိုက်ခဲနေပြီး ၀မ်ချီနှုတ်ခမ်းမှာကျန်နေသေးတဲ့ခရင်မ်အချို့ကိုပါ လျှာနဲ့လျက်နေသေးသည်။
ခရင်မ်ရဲ့အချိုဓာတ်က သူတို့၂ယောက်လုံးရဲ့ပါးစပ်ထဲမှာ ပျော်၀င်သွားသည်။အချိုဓာတ်ကြီးက ချက်ချင်းမပျောက်သွားသေးဘဲ ပါးစပ်ထဲမှာစွဲကျန်နေခဲ့သည်။
ရှီးရယ်လုပ်ရပ်ကို ၀မ်ချီအသိ၀င်လာချိန်မှာတော့ မိုးကြိုးအတောင့်လိုက် ခေါင်းပေါ်တည့်တည့်ပစ်ချခံလိုက်ရသလို ခံစားမိလိုက်ပြီး တကိုယ်လုံးပူလိုက် အေးလိုက်ဖြစ်နေသည်။ကိတ်မုန့်နဲ့ခရင်မ်အရသာထဲတွင် ၀ိုင်အရသာရောထွေးနေပေမယ့် အရသာဆိုးမနေဘဲ လိုက်ဖက်နေသလိုပင် ခံစားနေရသည်။
နောက်ဆုံးတော့ ရှီးရယ်တစ်ယောက် ၀မ်ချီ့နှုတ်ခမ်းဆီမှခရင်မ်ကို အရသာခံပြီးနောက် အနီးနားသို့ပိုတိုးလာကာ ၀မ်ချီခါးကိုဖက်လိုက်သည်။၀မ်ချီထိတ်လန့်သွားပြီး ရှီးရယ်ကိုအသာတွန်းလိုက်ကာ
"အရှင့်သား..."ကံမကောင်းစွာပဲ သူ့လုပ်ရပ်က အရာမထင်ပေ။
ရှီးရယ်က ၀မ်ချီ့ခါးစည်းကြိုးကိုဖြေလိုက်ပြီး ၀တ်ရုံထဲသို့ လက်ရောက်သွားသည်။
ရှီးရယ်လက်တွေက အေးစက်နေပြီး ၀မ်ချီ့ရင်ဘတ်တွေကိုပွတ်သပ်နေတာကြောင့် ၀မ်ချီခမျာ ရင်ဘတ်ကိုရေခဲတုံးနဲ့ပွတ်သတ်နေသလို အေးစက်စက်ခံစားနေရသည်။
YOU ARE READING
အာဏာရှင်၏ကိုယ်လုပ်တော်အဖြစ်သို့ကူးပြောင်းလာခဲ့ခြင်း(မြန်မာဘာသာပြန်)
FantasyThis is not my own story. It is fan translation. Credits to original author. Picture credits to original artist. Associated name- 穿成暴君的男妃 English name- Transmigrated to become the Tyrant's Male Concubine Type-Chinese novel Author- Sweet And Greas...