Chapter-{22.1}

5.5K 925 34
                                    

Unicode

အဆိပ်

ရှီးရယ်တစ်ခုခုပြောမယ်လို့ထင်နေပေမယ့် ၀မ်ချီကြည့်လိုက်တော့ ရှီးရယ်ကသူ့ဆီကိုလက်ဆန့်ထုတ်လာသည်။

"အရှင့်သား"

၀မ်ချီက ရှီးရယ်ဆိုလိုတာကိုနားမလည်ပေမယ့် မသိစိတ်ကြောင့်ဆောင့်ကြောင့်ထိုင်လိုက်ကာ အနားတိုးသွားသည်။
ခဏကြာတော့ သူ့ပါးပြင်ဆီကို အေးစက်စက်အထိအတွေ့ကျရောက်လာပြီး ရှီးရယ်လက်က တကယ်ကိုပင် သူ့မျက်နှာအားထိတွေ့ပွတ်သပ်နေတာဖြစ်သည်။
၀မ်ချီကအံ့သြခြင်းအပြည့်နဲ့ ခေါင်းမော့ကြည့်လိုက်သည်။

"မင်းအမှားကိုရိုးရိုးသားသား၀န်ခံလို့ ကိုယ်တော်ဒီတခေါက် မင်းကိုခွင့်လွှတ်ပေးမယ်"

ရှီးရယ်က မျက်လွှာချထားတာကြောင့် မျက်တောင်ထူထူရှည်ရှည်တွေက မျက်၀န်းတွေကိုကာထားသလိုဖြစ်ကာ အမူအရာကိုမသိရပေ။
ရှီးရယ်အသံက တည်ငြိမ်လွန်းနေကာ
"အခု မင်းအပြစ်တွေဘယ်လိုကျေအောင်ဆပ်မလဲ"

ရှီးရယ်စကားပြောပြီးသွားတော့ ၀မ်ချီပါးတွေပေါ်ကိုအေးစက်စက်လက်တွေနဲ့တို့ထိနေသည်။
၀မ်ချီကတော့ ကြောက်ရွံ့မှုကြောင့် မတုန်ရီအောင်ထိန်းချုပ်ထားရသည်။
၀မ်ချီ သူ့နှုတ်ခမ်းသူကိုက်လိုက်ပြီး ရှီးရယ်ကိုကြည့်ကာ နာခံတဲ့အမူအရာနဲ့
"အရှင့်သားက ကျွန်တော်မျိုးအပြစ်တွေကျေအောင်ဘယ်လိုလုပ်စေချင်ပါသလဲ"

ရှီးရယ်ကနှာခေါင်းရှုံ့လိုက်ပြီး
"မင်းက ကိုယ်တော့်ကိုပြန်မေးနေတာလား"

ရှီးရယ်က ၀မ်ချီ့မေးကိုပင့်ကိုင်လိုက်ပြီး ခေါင်းမော့စေကာ
"မင်းက ကိုယ်တော်ပြောတဲ့အတိုင်းအကုန်လုပ်နိုင်လို့လား"

၀မ်ချီကလုံး၀နာခံတဲ့အကြည့်တွေနဲ့
"ကျွန်တော်မျိုး လုပ်နိုင်ပါတယ်"

ရှီးရယ်က မျက်ခုံးပင့်ကာ
"အိုး..."

၀မ်ချီကတုန်ယင်သွားကာ
" ကျ...ကျွန်တော်မျိုး လုပ်နိုင်မယ်လို့ထင်ပါတယ်"

ရှီးရယ်က ၀မ်ချီကိုမျက်နှာသေနဲ့အမူအရာမဲ့စွာကြည့်နေသည်။
၀မ်ချီက လုံး၀ကိုငကြောက်လေးတစ်ယောက်ပေ။
သူသာကြောင်တစ်ကောင်ဆိုရင် နားရွက်တွေကုပ်ကျနေမှာကျိန်းသေသည်။
၀မ်ချီကလေသံတိုးတိုးလေးနဲ့
"ကျွန်တော်မျိုး အစွမ်းကုန်ကြိုးစားမှာပါ..."

အာဏာရှင်၏ကိုယ်လုပ်တော်အဖြစ်သို့ကူးပြောင်းလာခဲ့ခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now