Chapter-{15.1}

5.5K 863 6
                                    

Unicode

အိမ်တော်ကိုပြန်ရောက်ခြင်း

၀မ်ချီတစ်ယောက် လျင်မြန်လှတဲ့ခြေလှမ်းတွေနဲ့ ၀မ်ချန်းချင်ရဲ့စာကြည့်ခန်းရှေ့ကို အချိန်တိုအတွင်းရောက်သွားသည်။
စာကြည့်ခန်းရှေ့မှာရပ်စောင့်နေတဲ့အစေခံ၂ယောက်က ၀မ်ချီအပြေးအလွှားလာနေတာကိုလည်းမြင်ရော အသံကျယ်ကြီးနဲ့
"ပထမသခင်လေး ပြန်ရောက်လာပြီပေါ့"

၀မ်ချီက ထိုအစေခံ၂ယောက်ကိုကြည့်လိုက်သည်။
ထိုအစေခံ၂ယောက်က ၀မ်ချန်းချင်ဘေးမှာအမြဲအလုပ်အကျွေးပြုနေသူများဖြစ်၍ သူ့ကိုသေချာပေါက်သိနေတာတောင် 'ပထမသခင်လေး' ဆိုပြီးခေါ်လိုက်ပုံအရ ၀မ်ချန်းချင်ကြိုတင်မှာထားတာကြောင့်ဖြစ်ရမည်။

ဒါပေမယ့် သူ့ကိုဘယ်လိုပဲခေါ်ခေါ် ၀မ်ချီစိတ်မ၀င်စားပေ။
၀မ်ချီအနဲငယ်အသက်ရှူသွင်းလိုက်ပြီး
"အဖေ ဘယ်မှာလဲ"

"သခင်ကြီးက အထဲမှာ..."
အစေခံစကားတောင်မဆုံးသေးခင် ၀မ်ချီကကြားဖြတ်ပြီး
"အတော်ပဲ...ငါအထဲ၀င်သွားလိုက်မယ်"

"သခင်လေး..."
အစေခံက ၀မ်ချီကိုတားဆီးဟန်ပြင်လိုက်ပြီး
"သခင်ကြီးက ဧည့်သည်တော်နဲ့တွေ့ဆုံနေတာကြောင့် အထဲ၀င်သွားလို့မရပါဘူး"

၀မ်ချီကလည်း အစေခံစကားကိုအဖက်မလုပ်ဘဲ အစေခံ၂ယောက်တားနေတဲ့ကြားမှ ကွေ့၀ိုက်ရှောင်ပြီးစာကြည့်ခန်းထဲ အပြေး၀င်သွားလိုက်သည်။

"အဖေ..."
၀မ်ချီက ပျော်ရွှင်နေတဲ့လေသံနဲ့
"အဖေ သားပြန်လာပြီ"
၀မ်ချန်းချင်ရဲ့စာကြည့်ခန်းဆီကို တစ်ခါရောက်ဖူးပြီးသားဖြစ်တာကြောင့် စာကြည့်ခန်းအပြင်အဆင်တွေကို ၀မ်ချီရင်းနှီးနေသည်။
စားစရာဘူးကိုကိုင်ထားရင်း ၀မ်ချီစာကြည့်ခန်းထဲပြေး၀င်လာတော့ တံခါးရှေ့မှအစေခံ၂ယောက်က အပြေးလိုက်တားသည်။

၀မ်ချီ့အသံက မတိုးတာကြောင့်အခန်းထဲမှလူတွေ သူ့အသံကြားလိုက်ကြသည်။
၀မ်ချီစာကြည့်ခန်းထဲ၀င်၀င်ချင်း မြင်လိုက်ရတာကတော့ ၀မ်ချန်းချင်ရဲ့အေးတိအေးစက်နဲ့ကြောက်ဖို့ကောင်းတဲ့မျက်နှာပင်ဖြစ်သည်။

အာဏာရှင်၏ကိုယ်လုပ်တော်အဖြစ်သို့ကူးပြောင်းလာခဲ့ခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now