Chapter-{23.1}

4.8K 799 17
                                    

Unicode

ခရင်မ်

[၁-မူးယစ်ရီဝေ]

၀မ်ချီချက်ချင်းလှည့်ပြေးချင်ပေမယ့် သူ့စိတ်ကိုအမြန်ထိန်းချုပ်လိုက်ရသည်။
ခဏလောက်ရှေ့ဆက်သွားပြီးနောက် ကျူးကုန်းကုန်းကရပ်သွားကာ
"သခင်လေး၀မ် ဒီမှာခဏစောင့်ပေးပါ...ကျွန်တော်မျိုးအထဲ၀င်ပြီး အခြေအနေတစ်ချက်ကြည့်လိုက်ပါမယ်"

ကျူးကုန်းကုန်းက အိပ်ဆောင်ထဲကိုညင်ညင်သာသာ၀င်သွားသည်။
ခန်းဆီးများကာထားတာကြောင့် အထဲကိုလှမ်းမမြင်ရပေ။
၀မ်ချီဒီအတိုင်းရပ်စောင့်နေရုံသာ ကျန်တော့သည်။

သိပ်မကြာခင်ပဲ ကျူးကုန်းကုန်းတစ်ယောက် နဖူးမှချွေးစေးတွေကိုသုတ်ကာ ထွက်လာပြီး
"အရှင့်သား စိတ်အခြေအနေသိပ်မကောင်းဘူး...သခင်လေး ခဏလောက်စောင့်သင့်တယ်"

ကျူးကုန်းကုန်းက ၀မ်ချီထိုင်ဖို့နေရာလုပ်ပေးပြီး သတိပေးတဲ့လေသံနဲ့
"အရှင့်သားကို ကောင်းကောင်းမွန်မွန် ခစားပါ...မဟုတ်ရင် ဒီနေ့အသက်ပါပြီးပြန်ထွက်လာဖို့ခက်ပါလိမ့်မယ်"

၀မ်ချီကတော့ တကိုယ်လုံးတုန်သွားပြီး ခေါင်းဆက်တိုက်ငြိမ့်လိုက်သည်။
ထို့နောက် ကျူးကုန်းကုန်းက
"ကျွန်တော်မျိုးကိုသွားခွင့်ပြုပါဦး"

ကျူးကုန်းကုန်း ခြေလှမ်းအနဲငယ်သွားပြီးမှ တစ်ခုခုကိုသတိရသွားတဲ့ပုံနဲ့ ပြန်လှည့်လာကာ မှိုင်တွေနေတဲ့၀မ်ချီအား
"ဒါနဲ့..."

၀မ်ချီက ကျူးကုန်းကုန်းကို ရွှန်းလဲ့တဲ့မျက်လုံး၀ိုင်းကြီးတွေနဲ့ပြန်ကြည့်လိုက်တာကြောင့် ကျူးကုန်းကုန်းက မှင်သက်သွားသည်။
အရှင့်သားက ရည်မှန်းချက်ကြီးတယ်ဆိုတာ သိပေမယ့် ဒီလိုကြာပန်းဖြူလေးနဲ့အဆုံးသတ်သွားလိမ့်မယ်လို့ မထင်ခဲ့တာအမှန်ပင်။

ကျူးကုန်းကုန်းက အတွေးတွေရပ်တန့်လိုက်ပြီး
"သခင်လေး၀မ်ကိုပြောဖို့မေ့နေလို့ပါ...ဒီနေ့က မိဖုရားခေါင်ကြီးဟွား သေဆုံးတဲ့နှစ်ပတ်လည်နေ့မို့ မပြောသင့်တာတွေမပြောဖို့ သခင်လေး၀မ်ကိုဂရုစိုက်စေချင်ပါတယ်"

အာဏာရှင်၏ကိုယ်လုပ်တော်အဖြစ်သို့ကူးပြောင်းလာခဲ့ခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now