1 မြှားနှစ်စင်း၏နောက်ကွယ်

314 23 4
                                    


(💌Babii လေးတွေကတော့သိပြီးသားဖြစ်မှာပါ ဒီထဲမှာပါမယ့် off နဲ့ Tumcial ကအပြင်မှာ Off ပါပဲနော် Tumcialကလဲ Offရဲ့နာမည်ပါပဲ ဒီထဲမှာတော့အမွှာပူးပုံစံပေါ့ ဘာလို့ရှင်းပြတာလဲဆိုတော့ babii မဟုတ်တဲ့သူတွေလဲ ဖတ်မိနိုင်တာမို့ပါ ဒီနှစ်‌ယောက်ထဲက ဘယ်သူနဲ့ပဲရရ အဲ့ဟာ off ပါပဲလို့💌) 💚OG💚 green land for Babii💚

ငါးနှစ်အရွယ်မျှသာရှိသော ကလေးနှစ်ယောက် ပျော်ရွှင်စွာ ပြေးလွှားကစားနေသည့်မြင်ကွင်းကို အမေဖြစ်သူသည် ငေး၍ကြည့်နေရှာသည်။ ထိုမြင်ကွင်းသည် ဧကန်မုချ ကြည်နူးဖွယ်ကောင်းသော မြင်ကွင်းဖြစ်ပါသော်လဲ အမေဖြစ်သူ၏မျက်ဝန်းအိမ်တွင် မျက်ရည်စများဖြင့်။ သားနှစ်ယောက်၏ အပြစ်ကင်းစင်မှု ရယ်မောပျော်ရွှင်ဟန်တို့အား ကြည့်နေရသော်လဲ ဝမ်းနည်းပက်လက် ဖြစ်နေရသည်မှာ မည်သို့သော အကြောင်း ကြောင့်ပါနည်း။

"ဒီမယ် ရှင်လိုယောကျာ်းမျိုးက ခွင့်လွတ်တာနဲ့မထိုက်တန်ဘုး။ သစ္စာမရှိတဲ့ယောကျာ်းတစ်ယောက်ကိုဘယ်လိုများ ကျွန်မကဆက်လက်ပေါင်းသင်းရမှာလဲ။ ကျွန်မသားတွေမျက်နှာကြောင့် ရှင့်ကိုသည်းခံလာခဲ့ရတာ အခုအားလုံးလဲသိသွားပြီဆိုတော့ ရှင်ကျွန်မဆီက အခုထွက်သွားလိုက်ပါ။"

"ကို ရှင်းပြပါ‌ရစေ မေရယ်။ ကို မှားခဲ့တယ် ကိုဝန်ခံပါတယ်။ ဒါပေမယ့် ကို တမင်လုပ်ခဲ့တာမဟုတ်ပါဘူး အဲ့ဒီမိန်းမရဲ့ဆေးကြောင့်ပါ ကို မေ့ ကိုပဲချစ်တာပါမေရယ် ကို့အပြစ်ကိုဘယ်လိုပေးချေရမလဲ။ ကို့ကိုနှင်မထုတ်ပါနဲ့ မေ့အနားကမခွဲနိုင်ဘူး။"

"ရီရတယ် ရှင်က။ ရှင်မလုပ်ခင်ကစဉ်းစားသင့်တယ်။ ကျွန်မတို့ရဲ့ပျော်ရွှင်စရာမိသားစုဘဝလေးကိုရှင်ဖျက်စီးတာ အားလုံးကရှင့်ကြောင့်။ ကျွန်မသေတာမမြင်ချင်ရင် အခုထွက်သွား။"

ဘေးတွင် လူမမြည် အမွှာသားလေးနှစ်ယောက်တို့မှာ သူတို့၏အဖေနှင့်အမေအား မျက်လုံးပြူးလေးများဖြင့်ကြည့်လျက်။ Off နှင့် Tumcial သည် ဆယ်ငါးမိနစ်မျှသာ ကွာသော အမွှာဖြစ်၍ Offသည် သားကြီး, Tumcialသည် သားငယ်လေးဖြစ်သည်။ ပျော်ရွှင်စရာကောင်းသော မိသားစုဖြစ်သော်လဲ အဖေဖြစ်သူ၏ တခဏမျှသောအပျော်နှင့် သူ၏သတိလက်လွတ်မှုတို့ကြောင့် အကျင့်ယုတ်သောမိန်းမတစ်ယောက်၏ ဂွင်ဆင်သည့်အထဲသို့ဝင်ရောက်ခဲ့ရပြီး မိသားစုဘဝလေးပြိုကွဲရတော့မည်။ လူ့လောကတွင် မနာလိုသူပေါများလှပေသည်။တစ်နှစ်အရွယ်မျှရှိသေးသော သားလေးတို့နှင့်အတူ ပျော်ရွှင်စရာကောင်းသော မိသားစုဘဝလေးသည် ရေစုံမျောရတော့မည်ဖြစ်သည်။

မြားနှစ်စင်း၏ချစ်ခြင်းWhere stories live. Discover now