10 အချစ်နှင့်မြှားနှစ်စင်း

71 12 0
                                    


မွေးနေ့ပွဲတခု၏ ညစာစားပွဲတွင် ကျွန်‌တော့်ဘေးတွင်ထိုင်၍ ညစာစားနေသော ကောင်လေးမှာ ကျွန်တော် မြတ်နိုးရပါသော Gun လေးပင်။ ကျွန်တော် ခွာပေးသော ပုဇွန်များကိုနှစ်သက်စွာ စားသုံးရင်း ကျွန်တော့်အားပြန်ကျွေးရန်လဲ မမေ့သော ကလေးပင်။ ကျွန်တော်မြတ်နိုးရသော ထိုလူ‌သားလေးဘေးတွင် ကျွန်တော့်အား အရင်ကတည်းကမုန်းနေတဲ့ Burn တစ်ယောက်သည် ထိုင်၍ ရေချိန်ကိုက်နေပြီဖြစ်သည်။ ကျွန်တော် သူ၏အကြည့်များကိုသိသည်။ ဒီကောင် Gun အားကြည့်သောအကြည့်ကို ကျွန်တော်မကြိုက်ပေ။ ထို့ကြောင့် Gun ကို အစားအသောက်ကျွေးရင်း Burnကိုလဲ မျက်ခြေမပြတ်ခဲ့ချေ။ ကျွန်တော် ထင်တာမှန်လေသည်။ ရီဝေဝေမျက်လုံးများဖြင့် သူသည် Gun ၏နေရာသို့ရွေ့လာကာ သူ၏နှုတ်ခမ်းများက Gun ၏ပါးနုနုတစ်နေရာဆီသို့။

ကျွန်တော်အချိန်မှီ Gun လေးအား ကျွန်တော့်ရင်ခွင်ထဲသို့ ဆွဲလိုက်နိုင်သည်။ Gun လဲ လန့်ဖြန့်၍ ကျွန်တော့်အားမော့ကြည့်နေစဉ် တဖက်ဆီမှ ကြားလိုက်ရသော အသံတစ်သံ......

*ခွပ်....*

ကျွန်တော်တို့အားလုံးလှည့်ကြည့်လိုက်သည်။ ထိုအသံသည် ကျွန်တော့်၏ညီလေးဖြစ်သူက Burn အားထိုးလိုက်သောအသံပင်။

"သေစမ်း ခွေးလိုကောင် မင်းလူပါးမဝနဲ့ Burn ။ သောက်ရင်ကိုယ့်ဟာကိုသောက်"

" တောက်စ် Tumcial မင်းနဲ့ဘာဆိုင်လဲ ဟျောင့် ငါချစ်လို့ငါလုပ်မှာ သူရဲ့ပါးလေးကဖြူဖြူအုအု........."

Burn ၏စကားမဆုံးခင်မှာပင် Tumcial သည် သူ၏ပါးပေါ်သို့ အချက်ပေါင်းမနည်းသော လက်သီးများကျွေးခဲ့သည်။

"အဲ့ ပါးစပ်က နောက်တခါ ဟကြည့် မင်းငါ့လက်နဲ့သေမယ်"

"ဟားးးးးဟားးးး ညီအစ်ကိုနှစ်ယောက်လုံးက ရီရသားပဲ  ထွီ!! ဘာလဲ မင်းကော Gun ကို ကြိုက်......"

"အာာ ဒီကောင်........"

"ညီလေးးး တော်တော့......"

"‌ဟျောင့် Tumcial တော်တော် လာ စိတ်လျော့စမ်း မင်းဘယ်လိုဖြစ်နေတာ"

Tay နှင့် Krist အကိုဖြစ်သူ Offတို့မှာ Tumcial အားထ၍ ဆွဲရလေသည်။ Gun တစ်ယောက်ကတော့ သူ့အားနမ်းဖို့လုပ်ခဲ့သည့် Burn ကိုပင်‌ ဒေါသထွက်ဖို့ မေ့လာက်အောင် Tumcial ၏လုပ်ရပ်အားအံ့ဩနေလျက်။ Off သည်လဲ Burn အား ဒေါသထွက်ချိန်ပင်မရလိုက်ချေ။ ပွဲလာသည့်ဧည့်သည်များမှာလဲ ထိုဝိုင်းဆီသို့ အကြည့်များ အာရုံများ ပေးထားလေသည်။

မြားနှစ်စင်း၏ချစ်ခြင်းحيث تعيش القصص. اكتشف الآن