S2 ep 10 Final part of our love

100 11 4
                                    

ယောင်္ကျားလေးချင်း ချစ်ကြိုက်ရသည်မှာ လွယ်သည့် ကိစ္စတော့မဟုတ်ပါချေ။ ပတ်ဝန်းကျင် မိဘဆွေမျိုးအသိုင်းအဝိုင်း၏ ပုံမှန်မဟုတ်သော အကြည့်များကိုခံကြရသည်။ သာမန်အတွဲများထက်ပို၍ အဆပေါင်းများစွာ ခက်ခဲသည့်အချစ်လမ်းကို လျှောက်ကြရသည်။ လက်မခံနိုင်သည့် အကြည့်များက ထိုသူတို့အား နာကျင်စေသည်။ထိုသူတို့သည်လဲ လူထဲက လူသားတွေပဲမို့ သူတို့ရဲ့ချစ်ခြင်းတွေဟာလဲ မြင့်မြတ်ကြပါတယ်။

(🎶🎶လူကို လူလိုမြင်ပေးပါ ကြေပါစေ ဒီဝဋ်ကြွေးများ လူသားတစ်ယောက်နဲ့တစ်ယောက်ကြားမှာ ခွဲခြားခြင်းတွေမရှိပါစေနဲ့လား🎶🎶)

ယခုတွင်လဲ ATP တစ်ယောက် သူ၏ချစ်ရသော ဆရာဝန်လေးနှင့်အတူ အဖေဖြစ်သူ၏‌ ရှေ့မှောက်တွင် ခေါင်းလေးငုံလျက် သူတို့၏ အချစ်အားဝန်ခံနေလေသည်။ မည်သူ့အတွက်ကြောင့်မှ သေးသေးတင်မခံခဲ့သော မာနခဲလေးက သူ၏ချစ်သူအတွက် အဖေဖြစ်သူဆီ လက်ခံပေးရန် တောင်းဆိုလို့နေသည်။

"အဖေ သားတို့ကို လက်ခံပေးပါ အဖေလက်ခံပေးဖို့ သားတောင်းဆိုပါတယ် သား သူနဲ့ရည်းစားတွေဖြစ်နေကြပြီမို့ စေ့စပ်ပေးဖို့ သူ့ကိုလိုက်တောင်းပေးပါ"

"သားက Offကိုတအားချစ်နေတာပဲ ဖေဖေကတားမယ်ဆိုရင်ရော သားကသူ့ကို အဆက်ဖြတ်မလား"

"ဖေဖေ သားကို အဲ့လိုမလုပ်ပါနဲ့ သား သူနဲ့သွားနေတော့မှာ သူလဲသားကို ရှာကျွေးနိုင်တယ်နော် ခများ ဟုတ်တယ်မို့လား ကျွန်တော့်ကို ရှာကျွေးမယ်မို့လား"

အဖေဖြစ်သူ အမွန်း နှင့် Offမှာလဲ ပြုံးစိစိဖြင့်။

"ကိုက ATPကို တဘဝလုံး စောင့်ရှောက်နိုင်ပါတယ် ကို့နောက်သာလိုက်ခဲ့ "

"အဟမ်း သားကပါနေမှတော့ ဖေဖေက ဘာကို ကန့်ကွက်ရအုံးမှာလဲ ဒါပေမယ့် သားရယ် ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုကိုတော့ ဖေဖေတို့ခံကြရမှာပေါ့ တောင့်ခံမယ်မို့လား"

"ဟုတ်ဖေဖေ သားသူနဲ့ဆို အရာရာရင်ဆိုင်နိုင်တယ်"

"ဟုတ်ပါပြီဗျာ ဖေဖေ သားရဲ့ဆရာဝန်လေးကို လိုက်တောင်းပေးပါ့မယ်"

Hai finito le parti pubblicate.

⏰ Ultimo aggiornamento: Sep 13, 2022 ⏰

Aggiungi questa storia alla tua Biblioteca per ricevere una notifica quando verrà pubblicata la prossima parte!

မြားနှစ်စင်း၏ချစ်ခြင်းDove le storie prendono vita. Scoprilo ora