9 လေးပွင့်ဆိုင်

68 13 2
                                    

Tumcial သည် သူ၏လုပ်ရပ်ကြောင့် Gun ထိုသို့ဖြစ်သွားသည့်မြင်ကွင်းကို မျက်လုံးမှထုတ်မရခဲ့ချေ။ ထိုကောင်လေး၏မျက်ရည်သည် သူ့အားနာကျင်စေသည် ပါးချိုင့်လေးများကိုပဲ မြင်တွေ့လို၍ သွားခဲ့ခြင်းဖြစ်သော်လဲ မျက်ရည်များကိုသာ အစားမြင်တွေ့ခဲ့ရ၍ ထိုမျက်ရည်များကြောင့်နာကျင်နေရသည်ကို သူ့ကိုယ်သူလဲနားမလည်ခဲ့ပါချေ။ထို့ကြောင့် နှလုံးသား၏ စေညွှန်ချက်အတိုင်း ထိုကောင်လေးရှိရာသို့ ထွက်မည်အပြုတွင်။

"ဒါဘယ်လဲ ဟျောင့် မင်းမနေ့က ငါတို့ မင်းအစားဆင်းပေးထားတာလေ ဒီနေ့တော့မရဘူး မင်း ဂျူလီယာရဲ့ ဝတ်စုံ ပြီးပြီးလား မနက်ဖြန်လေ မွေးနေ့က"

"ပြီးတော့မယ် ငါ့ကိုအလုပ်မလုပ်ဘုးထင်နေတာလား "

"ဘာနေနေကွာ ဘယ်မှမသွားနဲ့ ဒီနေ့ ငါနဲ့Krist meeting ရှိတယ်မအားဘူး မင်းကုမ္ပဏီမှာပဲနေ"

"ဪ ဒီကုမ္ပဏီက မင်းတို့ဟာလား ငါ့ဟာလားမသဲကွဲဘူး CEO စတိုင်လာလုပ်နေတယ် စောင့်ကန်လိုက်ရ"

"ဟျောင့် မင်းအခုမှအချိုးမပြောင်းနဲ့ အမေရိကန်ကနေ ဒီကိုခေါ်တုန်းက ဒီလေသံ မဟုတ်ဘုး ".

"ငါစိတ်မကြည်နေဘူးနော် မင်းတို့တွေ မြန်မြန်လစ်"

"ရည်းစားပူမိနေတဲ့မျက်နှာနဲ့ ရည်းစားပူမိရအောင်ကလဲ နှလုံးသားမရှိတဲ့လူလေ"

"အိုက် Tay......!!!!!!''

ထိုသို့ဖြင့် Tumcialသည် သူ၏စိတ်ကိုလွှမ်းမိုးနိုင်ခဲ့သော ကောင်ငယ်လေးဆီသို့ မရောက်ဖြစ်ခဲ့ပါချေ။ Tumcialသည် ထို‌နေရာသို့ မ‌ရောက်ခဲ့‌သော်လဲ ဂျူလီယာကမူ ထိုနေရာသို့ ထပ်မံသွားရောက်ခဲ့ပြန်သည်။

"အန်တီ ဂျူလီယာပါ Tumcial ရဲ့ချစ်သူ မနေ့ကလာတဲ့တစ်ယောက်လေ"

"‌ဪအေးအေး သမီးလာလေ သားကြီး သမီးကိုဧည့်ခံအုံး "

"ဟုတ်မေမေ"

"ညီမလေး ညီလေးTumcial ရောမပါဘုးလား"

"မပါဘူး အကိုOff ညမက အကိုတို့ကို ညမရဲ့မွေးနေ့ဖိတ်ချင်လို့တမင်လာခဲ့တာ Gun ကိုလဲတောင်းပန်ရင်းပေါ့"

"ညီလေးမဖိတ်ဘဲ အကိုတို့လာလို့အဆင်ပြေပါ့မလား သူကစိတ်ဆိုးနေလိမ့်မယ် ပြီးတော့ ဂျူလီယာရဲ့အကို Burnနဲ့ အကိုတို့က သိပ်အဆင်‌မပြေဘုးလေ လာဖို့မဖြစ်နိုင်လောက်ဘူး"

မြားနှစ်စင်း၏ချစ်ခြင်းDonde viven las historias. Descúbrelo ahora