S2 ep 8 မင်းတစ်ကိုယ်လုံးကို ငါမြင်ဖူးတယ်

74 8 0
                                    

အမေဖြစ်သူ၏ CCTV ဗီဒီယိုအားကြည့်ကာ ဝမ်းနည်း၍ ငိုကြွေးနေခဲ့သော ATPသည် မျက်ရည်များကို သုတ်ကာ တဖန်ပြန် ငြိမ်သက်လာခဲ့ပြန်သည်။ တခုခုကို စဉ်းစားမိသည့်ပုံစံဖြင့် ဆရာဝန်ကြီးအား ကြည့်ကာ စကားဆိုလေသည်။

"ကျွန်တော် အမေ့အခန်းထဲ နောက်ဆုံးဝင်ခဲ့တဲ့ ဆရာဝန်နဲ့ တွေ့လို့ရမလား"

"ရပါတယ် သား ဆရာ့သားကလဲ သားတို့ကို အဆင်သင့် စောင့်နေခဲ့တာပါ"

ဆေးရုံအုပ်သည်လဲ သူ့၏သားအား အခန်းထဲသို့ခေါ်ကာ ATPနှင့် တွေ့ပေးခဲ့သည်။ ဘေးမှ လူများကလဲ ATP၏ တုံ့ပြန်မှုအား ရင်တထိတ်ထိတ်ဖြင့် စောင့်ဆိုင်းလို့နေသည်။ ဒီကလေးက စိတ်လက်တဆစ် မဟုတ်ပါလား။

"ဒီက ဒေါက်တာ အမေ့အတွက် ဘာလို့အနစ်နာခံခဲ့တာလဲ ကျွန်တော်သိချင်တယ်"

"ညီလေး အမေက အကို့ရဲ့ပထမဆုံး လူနာဖြစ်တဲ့အပြင် အကို့ကိုလဲ အဲ့ညက ကျေးဇူးတင်ကြောင်း ပြောခဲ့တယ် အစက အကိုလဲ ဘာလို့အဲ့လို ပြောမှန်းမသိခဲ့ရပေမယ့် အန်တီဆုံးပြီး အကိုသဘောပေါက်လာမိလို့ ကူညီဖို့ ဆုံးဖြတ်ခဲ့တာပါ"

"သိလား ကျွန်တော် အကို့ကို တဘဝလုံး မုန်းလာခဲ့တာ အကိုသာမက ဆရာဝန်တွေ အားလုံးကိုပေါ့"

"အကိုသိပါတယ် အကိုလဲ ညီလေးတို့ကို ရှာခဲ့ပါသေးတယ် ရှာမတွေ့ခဲ့တာ။ အဲ့နေ့က လျော်ကြေးငွေ ပေးခဲ့တာမဟုတ်ခဲ့ပါဘုး အကိုတို့ဆရာဝန်တွေစုပြီး ညီလေးတို့အမေအတွက် ကုသိုလ်ပြုတာပါ အကိုတို့ရဲ့ ပထမဆုံး သွေးကင်ဆာ လူနာကို လက်လွှတ်ခဲ့ရလို့ အကိုတို့ အကုန်လုံးလဲ စိတ်မကောင်းဖြစ်ခဲ့ရပါတယ် ညီလေးအမေက အကို့တို့ဆရာဝန်တွေအတွက်တော့ မေ့လို့မရတဲ့အထဲက လူနာတစ်ဦးပါ"

"အဲ့ဒီ CCTV သာမရှိရင် အကိုအခုဆို ကျွန်တော့်လက်နဲ့ သေနေမှာ"

"အကိုသိပါတယ် ညီလေး အခုတော့ ညီလေးရင်ထဲက အာဏာတ တွေ ပြေသွားပြီလား"

" မေမေ့ကို လွမ်းတယ် ကျွန်တော်တို့ မေမေ့ကို ကောင်းကောင်း မစောင့်ရှောက်နိုင်ခဲ့ဘူး ဖေဖေ "

"ဖေဖေ့အပြစ်တွေပါ"

"ဖေဖေ့အပြစ် မဟုတ်ပါဘူးလေ ဒါကလဲ ကံကြမ္မာအလိုအရပေါ့"

မြားနှစ်စင်း၏ချစ်ခြင်းOnde histórias criam vida. Descubra agora