3 ဒုတိယမြှား

98 12 0
                                    

ဆူဆူညံညံလူအများအပြားသည် မီးရောင်စုံများအကြားတွင် ကကြဆိုကြ ပျော်ကြပါးကြဖြင့်။ တချို့ကလဲ အပန်းပြေစေရန် တခ်ျု့မှာလဲ သူငယ်ချင်းများဖြင့် အပျော်အပါးအတွက် စုရုံးရောက်ရှိလာကြသည့် ဤနေရာတွင် Tumcial တစ်ယောက်သည် သူ၏ သူငယ်ချင်းများ၏ ဝိုင်းသို့ဦးတည်ခဲ့သည်။ ကိုယ်တိုင်ကဒီဇိုင်နာဖြစ်သော Tumcialသည် အဝတ်အစားကို ဝတ်စားရသည်ကို ကြိုက်နှစ်သက်သူလဲ ဖြစ်၍ ယနေ့ညအတွက် နက်ပြာရောင် ရင်‌စေ့အကျီအား အပေါ် ဆုံးကြယ်သီးနှစ်လုံးလောက်အား ဖြုတ်ထား၍ ရင်ဘတ်ဖွေးဖွေးမှာလဲ မိန်းကလေးများအား ဆွဲဆောင်လျက် နီရဲသော နှုတ်ခမ်းပါးတစ်စုံ ညို့ယူနိုင်လွန်းသော ထိုအကြည့်တို့ဖြင့် ရောက်လာသည်ဆိုကတည်းကပင် မိန်းကလေးအများစု၏ အကြည့်သည် ထိုသူ့ထံမှာပင်။ ဆွဲဆောင်မှုကောင်းသော လူတစ်ဦးပင်ဖြစ်၍ မိန်းကလေးများသာမက ယောင်္ကျားလေးများ၏ကြည့်ခြင်းကို ခံရသူလဲဖြစ်သည်။

" what'up bro! Come here! why are you late?"

" It's not your business,လျှာမရှည်ကြစမ်းပါနဲ့ကွာ ငါဖြေရမှာပျင်းလွန်းလို့ ok???"

"Omg! Tumcial မင်းကစကားပြောရမှာတောင်ပျင်းနေတာလား ပြောစမ်းပါအုံး ဒီနေ့ ဘယ်သူနဲ့ဘာ ဇယားရှိနေလို့ အခုမှပေါ်လာရတာလဲ 10နာရီတောင်ထိုးနေပြီ"

"ဘာဇယားမှမရှိပါဘူး Liliနဲ့တွေ့လာတာ ရစ်နေလို့ခေါင်းကိုက်တယ်"

"Wait.. !... What..! မင်းက Lili နဲ့က ပြတ်တာလား တွဲနေတာလား ငါတို့မျက်စိလည်နေပြီ မင်းမချစ်ဘဲနဲ့ကွာ သူက ငါ့တို့သူငယ်ချင်းအရင်းကြီးနော် မင်းမကစားပါနဲ့ မကောင်းဘူးကွ "

"ငါသိတယ်Tay ဒါမဲ့ ငါချစ်တာမချစ်တာငါမသိဘူး Liliကလှတယ် ဆွဲဆောင်မှုရှိတယ် သူပဲ ငါ့ကိုမပြတ်လို့ ခနခနလာလာတွဲနေတာလေ ငါကနှင်ထုတ်ရမှာလား ပြီးငါကမချစ်တတ်ဘူး ငါကအခုလိုလွတ်လပ်နေတာပဲကြိုက်တယ် ချစ်မိလို့ငါ့နာကျင်ရရင် မတန်ဘုး ငါ့ Daddyကိုကြည့်‌ အဲ့လိုငါ့ကို နာကျင်ရလောက်အောင်လုပ်နိုင်တဲ့သူ ချစ်ဖို့ကောင်းတဲ့သူ ငါမတွေ့သေးဘူး Ok?..."

"မင်းကတော့.......အဲ့ဒီလိုလုပ်နိုင်တဲ့သူနဲ့တွေ့ရင် ငါတော့ဒီကောင့်မျက်နှာဘယ်လိုနေမလဲသိချင်မိတယ် kristရေ"

မြားနှစ်စင်း၏ချစ်ခြင်းDonde viven las historias. Descúbrelo ahora