S2 ep6 မင်းမို့လိုပါ

54 9 0
                                    


ညမှောင်မှောင်၏ တစ်နေရာတွင် ‌မီးရောင်စုံများဖြင့် သီချင်းသံများ ပြန့်လွင့်နေသော နေရာတစ်ခုရှိခဲ့သည်။ထို‌နေရာသည် ATP၏ Barပင်ဖြစ်သည်။ လှပသောမိန်းမပျိုများ သောက်စရာ မျိုးစုံ မြူးမြူးကြွကြွ DJ သံတို့ကလဲ ဘေးပတ်ဝန်းကျင်သို့ပျံ့လွင့်နေလျက်။ ထို Bar တွင် ATP နှင့်အတူ အလောင်းအစား လုပ်ထားခဲ့သော Off သည် အပေးအယူအတိုင်း ATPတိုက်သမျှကို မကုန်ကုန်အောင် သောက်ပေးနေလေသည်။

"ATP.... ကိုတော်လို့ရပြီလား မသောက်နိုင်တော့ဘုး"

"ခများ အပေးအယူလုပ်ထားတယ်လေ ထပ်သောက်"

"ဒီတခွက်ဆိုတော်ပြီနော် "

ATPသည်လဲ Offအား တခွက်ပြီးတခွက် အတင်းတိုက်ခဲ့၍ Offသည်လဲ အတော်လေးကိုမူးနေပြီဖြစ်သည်။ ခေါင်းပင် မထောင်နိုင်အောင် ဖြစ်နေခဲ့သည်ကို ATPကတော့ ဘေးကကြည့်၍ သဘောကျနေလေသည်။

(ခများလို မထော်မနမ်းဆရာဝန်ကို ပညာပြရသေးတာပေါ့)

"ဒီတစ်ခွက်...ထပ်သောက် တစ်ခွက်ပဲ "

"ဂလု ...အားးးပူတယ် ပူတယ် ATP ကိုမသောက်နိုင်တော့ဘုး ...ပြန်ရအောင် ATP........"

"နေပါအုံး ကရအောင်လေ ဟိုမှာသူများတွေ ကနေတယ်"

"ကို မကတတ်ဘူး ပြန်ရအောင်ပါ "

"သင်ပေးမယ် ကကိုကရမယ် လုံးဝမပြန်ချင်သေးဘူး"

ATPသည်လဲ လူမှန်းမသိအောင် မူးနေပြီဖြစ်သော ဆရာဝန်လေး Off အား ကပွဲအလယ်သို့ခေါ်သွား၍ ကစေခဲ့သည်။ မိမိကလဲ ကရင်းဖြင့်။ စည်းချက်ကျသော DJ. သံနှင့်အတူ ခန္ဓာကိုယ်တို့က လိုက်ပါယိမ်းနွဲ့လျက်။ Offသည်လဲ မိမိကိုယ်ကိုပင် မထိန်းနိုင်တော့ဘဲ စီးချက် အတိုင်းကနေရင်း သူ၏ ဘေးနားတွင် ရှိနေသော ထိုကောင်လေး၏ လက်အား ရုတ်တရက် ဆွဲကာ မျက်နှာချင်းဆိုင် လိုက်လေသည်။ ‌သူ၏ ရင်ခွင်နှင့်အနီးဆုံးဖြစ်နေခဲ့သော ATPမှာလဲ မျက်ဝန်းများ ပြူးကျယ်စွာဖြင့်။

လန့်သွားခဲ့သော ATPသည်လဲ Off၏ ရီဝေဝေမျက်လုံးမျက်ဝန်းများဆီသို့ စိုက်ကြည့်နေမိသည်။ Offသည်လဲ သူ၏ လက်တဖက်အား ATP၏ ခါးကိုလှမ်းဆွဲ၍ အသာလေးပါလာခဲ့သော ထိုကောင်လေး၏ မျက်နှာသည် Off၏ လည်ပင်းနှင့် ထိလုမတက်ဖြစ်နေခဲ့သည်။ ထိုကောင်ငယ်လေး၏ ဝင်လေထွက်လေတို့က Off၏ လည်ပင်းသို့ ထိရိုက်စွာ။

မြားနှစ်စင်း၏ချစ်ခြင်းDonde viven las historias. Descúbrelo ahora