4 ရင်းနှီးမှု

84 16 2
                                    

(ဥယျာဉ်မှူးတစ်ယောက်၏ အလုပ်သည် လွယ်ကူလှသည်တော့မဟုတ်ပါပေ။ ကလေးသဖွယ်ဖြစ်သော ပန်းများ အပင်များကို ကြီးထွားစေရန်မှာ Gunတို့ တာဝန်ပင်။ ကြီးထွားရုံနှင့်လဲ မပြီးပါချေ လှပရန် အနံ့လှိုင်လှိုင်မွှေးရန်နှင့် မြင်ရသူ စိတ်ကျေနပ်မှုအပြည့်အဝ ရရှိရန်လဲ Gunတို့က ဂရုစိုက်ရပေသေးသည်။ ကမ္ဘာမြေပေါ်တွင် ဥယျာဉ်မှူးများသာ များစွာရှိခဲ့ပါမူ Gun တို့ကမ္ဘာကြီး နေမကောင်းဖြစ်ပါ့မလား။ Gun ကတော့ အပင်လေးတွေကိုချစ်တယ်။ ဒီအပင်လေးတွေသာ Gun ဘဝ‌။Gun မှာတခြားတွယ်တာစရာမရှိပါချေ)

မနက်ခင်း၏ ရောင်နီလာ၍ မိုးသာနုနုရှိနေချိန်, လူအများ ကိုယ်စီကိုယ်စီ လုပ်ငန်းခွင်ဝင်ရ‌သောအချိန်တွင် Gun တစ်ယောက် ခြံထဲတွင်လမ်းလျောက်ရင်းအတွေးများက ကြည်လင်လန်းဆန်းလျက်။ ထိုအချိန်တွင် Gun ၏သူငယ်ချင်းဖြစ်သူ Love သည် Gun ၏ခြံဘေးတွင် ဆရာဝန်လေးပြောင်းလာသည်ဟူသော သတင်းကြောင့်က တစ်ကြောင်း Gun နှင့်တွေ့ချင်သည်က တစ်ကြောင်းကြောင့် စောစောစီးစီး ရောက်လာခဲ့သည်။

"Gunနင်တို့ ဟိုဘက်ခြံကိုဒေါက်တာလေးပြောင်းလာတယ်ဆို ဘယ်လိုလဲချောလား ငါ့ကို မိတ်ဆက်‌ပေးစမ်းပါ့"

"Love နင်ဟာလေ အဲ့လိုကိစ္စတွေအတွက်ဆို ရှေ့ဆုံးကနော်"

"ဘာဖြစ်လဲ ငါမေးတာသာဖြေ"

"ချောတာတော့ချောတယ် သဘောလဲကောင်းတယ်"

"အမယ် Gun နင်ကသိလှပါ့လား"

"သိဆို သူတို့နဲ့ငါက စီးပွားရေးပါတနာတွေ ဖြစ်တော့မှာလေ"

"အမယ် မြန်ချက် နင်က အယ်...!!! Gun..... ဟိုမှာ....ဟိုမှာ..... အဲ့ဟာလား ဒေါက်တာလေးဆိုတာ ဒီဘက်ကိုလာနေပြီ ငါ့ကိုမိတ်ဆက်ပေးနော်"

"အေးပါ"

"ဪ အကို Off ဘာကိစ္စရှိလို့လဲ "

"အကို့အမေက ကုသိုလ်လုပ်တာဒီနေ့ အဲ့ကြောင့် မုန့်ဟင်းခါးလာပို့တာ Gunကိုစားစေချင်လို့"

"ဟုတ်အကို ကျေးဇူးပါနော်  ဪဒါနဲ့လေ ဒါက Gunရဲ့အချစ်ဆုံးတစ်ဦးတည်းသော သူငယ်ချင်း Loveတဲ့ "

"Love ဒါအကို Off တဲ့။ ဟိုဘက်ခြံကဆရာဝန်လောင်းလေ"

"တွေ့ရတာဝမ်းသာပါတယ် ညမလေး Love"

မြားနှစ်စင်း၏ချစ်ခြင်းNơi câu chuyện tồn tại. Hãy khám phá bây giờ