2 အချစ်၏နောက်ကွယ်

113 17 0
                                    


မိဘများဆုံးပါးသွားပြီဖြစ်၍ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ပြီး မိခင်အမွေပေးခဲ့သော ပန်းဥယျာဉ်လေးနှင့်အတူ ပန်းပွဲရုံများနှင့်လက်တွဲကာ ရှယ်ယာများဝင်၍ ကိုယ်တိုင်လဲ ပန်းပွဲရုံထောင်ထားသော Gun Atthaphan သည် မိခင်မသေမှီက အတူတကွစိုက်ပျိုးဖူးသော နှင်းဆီပန်းရုံရှေ့တွင် အတိတ်ကဖြစ်ရပ်များကို တမ်းတနေလျက်ရှိသည်။

အတိတ်ကနေ့ရက်များဆီသို့.....

"မေမေ့သား Gunလေးကချစ်ဖို့ကောင်းလိုက်တာ သားက သားဖေဖေလိုပဲ ပါးချိုင့်လေးနဲ့"

"မေမေကလဲ သားကိုမြှောက်နေပါပြီ"

"သားလေး ကြီးလာရင် ဒီပန်းဥယျာဉ်ကိုဆက်လက်ဦးစီးပေးနော်"

"မေမေကမဦးစီးဘူးလား"

"မေမေကသားနဲ့အမြဲအတူရှိနေမှာမှ မဟုတ်တာသားရယ်"

"မရဘူးနော် မေမေ အဲ့လိုတွေမပြောရဘူး Gunမကြိုက်ဘူး"

"သားရယ် မေမေမပြောတော့ဘူး စိတ်မဆိုးနဲ့"

"Gun စိတ်ဆိုးတယ်"

Gunလဲ အမေ့အားစိတ်ဆိုးလျက် အိမ်အပြင်ထွက်သွားလေသည်။မိခင်ဖြစ်သူသည် အိမ်ထဲတွင်မျက်ရည်များဖြင့်..

(သားရယ် မေမေသားကိုခွဲခွာရတော့မှာ။ မေမေနဲ့သားအတူရှိနေဖို့ လပိုင်းပဲကျန်တော့တယ်သားရယ်။ဒီလိုမျိုးဆိုမေမေမရှိပဲ ဖြစ်ပါ့မလားသားရယ် ငါ့သားကိုမေမေစိတ်ချချင်ပါတယ် သားကိုတစ်ယောက်တည်း လူ့လောကမှာ ထားခဲ့ရမှာ။ မေမေအဲ့အတွက် တောင်းပန်ပါတယ်။ မေမေ့သားလေးကစိတ်သဘောထားကောင်းတော့ လူကောင်းနဲ့ပဲကြုံရမှာပါ။ မေမေဒီ‌ကင်ဆာရောဂါဆိုးကြီးကို သားကိုဖွင့်မပြောချင်တော့ဘူး မေမေကိုခွင့်လွတ်ပါနော် သားနဲ့ရှိနေသမျှကာလပတ်လုံး ဝမ်းနည်းပြီးမနေသွားချင်ဘူး ကျန်ရှိနေတဲ့အချိန်မှာ သားကိုပျော်အောင်ထားမယ် သားနဲ့ပျော်အောင်ဖြတ်သန်းမယ်)

"မေ့မေ့သား Gunလေး ချစ်တယ်နော်"

မိခင်ဖြစ်သူသည် ဖတဆိုးဖြစ်တဲ့ သားလေးအား အလိုလိုက်၍ ပြည့်စုံအောင် ဖန်တီးပေးခဲ့သည်။ ဘဝကိုသားလေးနှင့်အတူ ရုန်းကန်ရင်း အဆင်ပြေတော့မည်အချိန်တွင် သူမ၌ ရောဂါဆိုးကြီးခံစားနေရပြီကိုသိရှိခဲ့လေသည်။ သူမ၏မျှော်လင့်ချက်များ သဲထဲရေသွန်ဖြစ်ခဲ့ရလေသည်။ထို့ကြောင့် သူမ မသေခင် သားလေးနှင့်အတူ ပျော်ပါး၍ ဘဝကိုလွတ်လပ်စွာဖြတ်သန်းမည်ဟုတွေးထားခဲ့လေသည်။

မြားနှစ်စင်း၏ချစ်ခြင်းNơi câu chuyện tồn tại. Hãy khám phá bây giờ