15 ပထမမြှား၏ ခံစားချက်

60 12 2
                                    

Gun သည် မွေးနေ့ပွဲညမှစ‌၍ Off ၏အိမ်ကိုပင်အလည်အပတ် မသွားတော့ပဲ အိမ်ထဲ၌သာ ငြိမ်နေလေသည်။ ထမင်းလဲ ကောင်းစွာမစားချေ။ ထိုအရာကို စိုးရိမ်သော ဦးလေးဖြစ်သူက Off အား အကျိုးအကြောင်း ရှင်းပြခဲ့လေသည်။ Off သည်လဲ Gun အား စိတ်ပူ၍ ချက်ချင်းပင်Gun ရှိရာသို့လာရောက်ခဲ့လေသည်။

"Gun.....ကို့ကို ကြည့်ပါအုံး နေမကောင်းဘူးလား ထမင်းမစားဘူးဆို"

"Gun စားချင် စိတ်မရှိလို့ပါ"

"Gun ကို့ကိုတခုခုပြောပြချင်လား ကိုနားထောင်ပေးမယ်လေ"

"ရတယ်အကို Off ၊ Gun မစားချင်ရုံပါ Gun ကိုစိတ်မပူနဲ့ Gun ဘာမှမဖြစ်ဘုး"

"အဲ့ဆို ကိုဝယ်လာတဲ့ ကြက်စွပ်ပြုတ်လေးစား ကိုခွံ့ပေးမယ်"

''Gun မစားချင်ပါဘူး"

"ကို့ကိုခင်ရင် စားနော်'

Off သည်လဲ စွပ်ပြုတ် အားပန်းကန်တွင်ထည့်ကာ Gun အားခွံ့၍ ကျွေးခဲ့သည်။ ထိုကောင်လေးသည် အိပ်မှုံစုတ်ဖွားလေးဖြင့် Off ခွံ့ကျွေးသည်ကို စိတ်မပါလက်မပါဖြင့် စားခဲ့ရလေသည်။

(Gun ရယ်.....)

"အကို Off ဆေးရုံမသွားသေးဘူးလား"

"မသွားတော့ဘူးလားလို့လေ Gun မှနေမကောင်းတာ"

"ရတယ် အကို Off Gunက ဘာမှဖြစ်ပါဘုးဆို အိပ်ရေးမဝတာရယ် ထမင်းမစားချင်တာရယ်ပဲရှိတာ"

"Gun မျက်ကွင်းတွေလဲညိုနေတယ်"

(အကို Offရယ် Gun ဘယ်လိုပြောပြရပါ့မလဲ အကို့ညီက Gun နဲ့အကို Off ကို အဲ့သလိုရက်ရက်စက်စက် စွပ်စွဲခဲ့တာ Gun လေ အကို့အစားရင်နာလိုက်တာ အကိုကဖြူစင်ပါတယ် Gunကို အမြဲအရိပ်တကြည့်ကြည့်နဲ့ အကို Gun အပေါ်ခံစားချက်ရှိနေရင်တောင်မှ Gunကစိတ်ဆိုးနိုင်မှာမဟုတ်ဘူး အကို Offရယ် Gun ကိုမချစ်ပါနဲ့ အကိုနာကျင်ရလိမ့်မယ် )

Gunသည်လဲသူ၏ အတွေးထဲမှစကားလုံးများကို တွေးရင်း Off အားငေးကြည့်နေမိရင်း ရုတ်တရက် Offအား ဖက်မိတော့သည်။ Off သည်လဲ Gunလေးအား ပြန်ဖက်ပေး၍.....

"ကိုရှိတယ် Gun။
ကိုနားလည်တယ်နော် ကိုအကုန်နားလည်တယ် "

"ဟင်..!!"

မြားနှစ်စင်း၏ချစ်ခြင်းNơi câu chuyện tồn tại. Hãy khám phá bây giờ