5 ငါနဲ့တူတဲ့သူ နောက်တစ်ယောက်ရှိတာ ငါမကြိုက်ဘူး

85 14 0
                                    

"Tumcial ငါတို့ထိုင်းရောက်တာ တစ်ပတ်ရှိနေပြီ အခုထိမလည်ရသေးဘူး ငါတို့မနက်ဖြန်လည်ကြမယ်လေ ငါတို့ကုမ္ပဏီလဲ အဆင်သင့်ပဲဆိုတော့ ဖွင့်ရင်အလုပ်ရှုပ်‌တော့မှာကွ အဲ့ကျ ဘယ်မှမရောက်ဘဲနေမယ်"

"အေးပါကွာ ဒီတစ်ပတ်လုံးကအဲ့ဒီကိစ္စနဲ့ ဗျာများနေတော့ ဘယ်မှမသွားနိုင်ဘူး ။ ဒါနဲ့ krist မင်းသင်တန်းသားတွေအတွက် ကြေညာပို့စ်လုပ်ပြီးပြီလား"

"လုပ်ပြီးပြီ အခုတောင် အယောက် ၂၀ကျော်လာအပ်နေကြပြီ ငါတို့ သုံးယောက်ပုံ နဲ့တင်ပေးလိုက်တာ ဟဲဟဲ အလုအယက်လာ အပ်နေကြတယ်ကွ "

"အေး ဆိုင်က ဒီဇိုင်းပိုင်းရော အသင်ပိုင်းရောဆိုတော့ ငါတို့မနိုင်မှာ စိုးရိမ်ရတယ် Duty ခွဲကြတာပေါ့"

"အေးအေး ဒါဆိုငါသင်တန်းသားတွေကို နောက်တစ်ပတ် Monday ကို ချိန်းလိုက်တော့မယ်"

"အေးအေး"

Tumcial တို့သူငယ်ချင်းသုံးယောက်သည် ကိုင်ပိုင် Design ကုမ္ပဏီ နှင့်အတူ Designer သင်တန်းကိုလဲတွဲဖက်ဖွင့်လှစ်မည်ဖြစ်၍ အလုပ်များနေခဲ့ကြသည်။ ကုမ္ပဏီနာမည်ကိုလဲ 3 designers' ဟူ၍ ‌ပေးခဲ့သည်။ အလုပ်အတွက် စီစဉ်စရာများကို စီစဉ်ပြီးသည့်အခါတွင်မူ
သူတို့သုံးယောက်သည်  ထိုင်းနိုင်ငံ၏ မြို့တော်ဖြစ်သော ဘန်ကောက်မြို့ တခွင်သို့ ခြေဆန့်ခဲ့ကြတော့သည်။

"ဟျောင့် ဘန်ကောက်က အတော်လှတာပဲ ‌ထိုင်းမလေးတွေကလဲအချောတွေချည်းပဲ ကြည်ပါ့အုံး ပိန်ပိန်ပါးပါး ဖြူဖြူသွယ်သွယ် လူဖြူမလေးတွေနဲ့ မတူကြဘုး တမျိုးလေးလှတယ် "

"အေး Krist မင်းကတော့ရောက်လေရာ ငမ်းမယ်ဆိုတာချည်းပဲ နှာခေါင်းကောင်"

"ဘာဖြစ်လဲ Tayရာ မင်းတောင်ငါလောက်စွံလား"

"အမလေး မစွံချင်နေပါ မင်းလို မိန်းကလေးတွေကို ပြိုင်တူတွဲလို့ ပါးတော့အချမခံချင်ဘုး ငါတော့မင်းအစားပါးကြိမ်းတယ်"

"Tumcial လဲငါလိုပဲလေ မင်းပဲမစွံ‌တာ"

"ဟျောင့် Krist  ငါကမင်းလိုပြိုင်တူမတွဲဘုး တစ်ယောက်ပြတ်မှတစ်ယောက်ကွ ပါးလဲအရိုက်မခံရပါ့ဘုး မတူဘုး ရှင်းအောင်ပြော Now I am single ,ok? "

မြားနှစ်စင်း၏ချစ်ခြင်းМесто, где живут истории. Откройте их для себя