ဒီလိုနဲ့နှစ်တွေ အနည်းငယ်ကြာလာပြီး ကျွန်တော် ၉ တန်းကိုရောက်လာခဲ့တယ်။ မေယုကိုလည်း ကျွန်တော် ၆ တန်းလောက်ထဲက ကြိတ် သဘောကျခဲ့တာဆိုတော့ သူ့အပေါ် တစ်ဖက်သက်သဘောကျခဲ့တဲ့ သက်တမ်းက၂နှစ်ကျော် ၃ နှစ်နီးပါးတောင်ရှိလာခဲ့ပြီပေါ့ဗျာ။ ကျွန်တော့်ရဲ့ ၉ တန်း ကျောင်းသားဘ၀မှာ ဘုရားရဲ့ ဒုတိယ ကောင်းကြီးလို့ပြောရမလား ကျွန်တော်လာတက်တဲ့ ကျူရှင်က မေယု ငယ်ငယ်ထဲက တက်နေတဲ့ ကျူရှင်ဖြစ်နေခဲ့တယ်။ မေယုလည်း ရှိနေခဲ့တာပေါ့။
အမှတ်ရထဲက ၉ တန်းနှစ်ကတော့ ဆရာမရဲ့ကျေးဇူးနဲ့ပဲ ကျွန်တော် မေယုဆီက ခင်မင်မှု စတင်ရခဲ့တဲ့ နှစ်လို့ပဲပြောရမယ်။ ဆရာမကလည်း ကျွန်တော် ကျောင်းမှာထဲက မေယုကို သဘောကျနေတယ်ဆိုတာ ရိပ်မိနေတယ်ထင်ပါရဲ့သူ ကျွန်တော့်ကို ကူညီပေးခဲ့တယ်။ ဟောင်းပြီဆိုပေမဲ့ အဲ့တုန်းက အချိန်တွေက မေယုနဲ့ ပတ်သက်ပြီး ကျွန်တော့်ရဲ့ ကံအကောင်းဆုံးအချိန်တွေပေါ့။ ၉ တန်းနှစ်ရဲ့ ပထမဆုံး မေယုဆီက ကြားခဲ့ရတဲ့ စကားသံလေးကတော့ -
" ကျောင်းက တစ်ယောက္ မှတ်လား
ဒါနဲ့ ဒီမှာ ကျူရှင်လာတက်တာလား "ဆိုတဲ့စကားလေးပါပဲ။ ကျွန်တော်လည်း စကားပြောနေကြမရှိတော့ မေယု ကိုခေါင်းလေးပဲ ညိမ့်ပြလိုက်ပါတယ်။
အဲ့တုန်းက ၉ တန်းအတွက် ကျူရှင်စတက်တဲ့ အချိန်အထိ ကျွန်တော် ဘယ်ဘာသာရပ်တွဲကို ယူရမလဲသေချာကို မဆုံးဖြတ်ရသေးပါဖူး။ ဒါပေမဲ့ မေယုက Bio အတွဲကိုယူလိုက်တော့ ကျွန်တော်ကလဲ Bio ပဲလိုက်ယူခဲ့ရတာပေါ့။ မေယုလောက် english လို မကျွမ်းပေမဲ့ မေယု နဲ့ အခန်းတူချင်တော့လဲ Bio ကိုယူပြီး ၉ တန်းနှစ်စမှာထဲက စာတွေ ကို အသည်းသန်လိုက်ကျက်ခဲ့ရတယ်။ ခေါင်းမီးတောက္မတက်ပေါ့။ အိမ်က အစ်မ၀မ်းကွဲတစ်ယောက္နဲ့ဆို Eco ခိုင်းတာကို Bio အတွဲယူလာရမလားဆိုပြီး ကတောက်ကဆလေးတောင် အနည်းငယ် ဖြစ်ခဲ့သေးတယ်။ ဘာပဲဖြစ်ဖြစ် မေယုနဲ့ အတူတက်ရမာဆိုတော့လဲ ကျွန်တော်ရွေးချယ်ရတာ တန်ခဲ့ပါတယ်။
ကျူရှင်မှာ တဖြည်းြဖည်းနဲ့ တက်လာတာ လအနည်းငယ်လောက် ကြာလာတော့ ကျွန်တော် မေယုနဲ့ အရင်လိုအေးစက်တဲ့ ဆက်ဆံရေး မဟုတ်တော့ပဲ စကားတွေ စပြောဖြစ်လာတယ်။စာတွေလဲ အတူတူလုပ်ဖြစ်လာတယ်။မေယုတက်တဲ့ ဘုရားကျောင်းလေးကိုလည်း အဲ့တော့ မှ သေသေချာချာ သိခွင့်ရခဲ့တယ်။ ဒီလိုနဲ့ မေယုက ကျွန်တော့်ရဲ့ ကမ္ဘာကြီး တစ်ခုလိုဖြစ်နေခဲ့တာပေါ့။
YOU ARE READING
I wrote about May Yu - (ကျွန်တော်ရေးခဲ့ဖူးသော မေယု အကြောင်း)
Romance" ကျောင်းသားဘ၀မှာထဲက ကြိတ်ကြိုက်ခဲ့ရတဲ့ ကောင်မလေးတစ်ယောက်နဲ့ ပတ်သက်ပြီး ကံကောင်းသွားတာတွေ၊ တလွဲတွေဖြစ်သွားတာတွေ၊ စိတ်ညစ်ရတာတွေ စတဲ့ အမှတ်တတွေ အကြောင်းကို ပြန်ပြောပြတဲ့ ပုံစံလေးနဲ့ Romantic Comendy ဆန်ဆန် ရေးထားတာပါ။ "