သိပ်မကြာခင် တက္ကသိုလ် ကျောင်းတွေပြန်ဖွင့်မဲ့ ရာသီလည်းရောက်လာခဲ့တော့ ကျွန်တော်ရော မေယုရော တစ္ြခားသူငယ်ချင်းတွေရော တက္ကသိုလ်ကျောင်းအတွက် ဖောင်တွေ လျှောက်လွာတွေ ပြင်ဆင်ကြရတာပေါ့ဗျာ။ အားလုံးပြင်ဆင်ပြီးရက်ပိုင်းလောက်နေတော့ ကျွန်တော်တို့တွေ ဆရာမနဲ့ အတူ တက္ကသိုလ် ကျောင်းကို သွားဖြစ်ခဲ့ကြပါတယ်။ ဒါက ကျွန်တော့် ဘ၀မှာ မေယုနဲ့ ဒုတိယ အကြိမ် ခရီးသွားဖူးြခင်းပါ။
ထိုနေ့မှာ မေယုက အင်္ဂလိပ် မေဂျာ အေ၀းသင်ကို အဓိက ရွေးချယ်လျှောက်ခဲ့တယ်။ ကျွန်တော်ကတော့ မေယုလောက် အမှတ်မကောင်းပါ။ မေယု လျှောက်သော အင်္ဂလိပ် မေဂျာ အတွက်လည်း ကျွန်တော် အမှတ်မမှီပါဖူး။ဒါပေမဲ့ ကျွန်တော်က မေယုနဲ့ အတူတက်ချင်တဲ့ အတွက်ကြောင့် အင်္ဂလိပ် မေဂျာ အေ၀းသင်ကို အမှတ်မမှီမှန်း သိသိရက်နဲ့ မေယုလို လိုက်လျှောက်ဖြစ်ခဲ့ပါတယ်။ ဒုတိယအနေနဲ့တော့ ကျွန်တော် ဓာတုဗေဒ ကိုရွေးချယ်ခဲ့တယ်။ ဒါပေမဲ့ ထူးဆန်းတာ တစ်ခုက အဲ့နေ့က မေယု ဘာလို့ အေ၀းသင်ကိုမှ ရွေးလျှောက်ခဲ့မှန်း ကျွန်တော်မသိ။ ထိုအကြောင်းကိုလည်း ကျွန်တော် မမေးဖြစ်ပါ။
ကျွန်တော်လည်း မေယုနဲ့အတူတက္ကသိုလ်ကျောင်း လျှောက်ပြီး ဘားမှထွေထွေထူးထူး လုပ်စရာမရှိတော့ အိမ်မှာပဲ အချိန်တွေကုန်နေဖြစ်တယ်။ မေဂျာ ဆိုတာကလည်း လျှောက်ပြီးချင်း ကျလာတဲ့အရာမဟုတ်တော့ လ အနည်းငယ်လောက်စောင့်နေရတာပေါ့။ ဒီလိုစောင့်နေရတဲ့ လ အနည်းငယ်အတွင်းမှာ ကျွန်တော့်သူငယ်ချင်း ကောင်းထက်ရဲ့ခေါ်ဆိုမှု ကြောင့် ကျွန်တော် Computer သင်တန်းတစ်ခုတက်ဖြစ်သွားတယ်။ ကျွန်တော် သင်တန်းအပ်တဲ့နေ့က ကျွန်တော့်သူငယ်ချင်း ကောင်းထက် လဲပါတာပေါ့။ ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက် သင်တန်းကို တနင်္ဂလာနေ့ကနေ သောကြာနေ့အထိ ၁နာရီ မှ ၃နာရီအတွင်း တက်ရတဲ့ (mon to fri - 1:3 )section အချိန်ကိုရလာခဲ့တယ္။
ကျွန်တော် ပထမဆုံးသင်တန်းသွားတက်တဲ့နေ့ အခန်းထဲအ၀င်မှာ အတန်းထဲက ဆရာက အရှေ့ဆုံး ခုံမှာထိုင်ဖို့ နေရာချပေးတယ်။ကျွန်တော့် ဘေးမှာတော့ ကျွန်တော့်သူငယ်ချင်း ကောင်းထက်ပေါ့။ အဲ့အချိန်အထိ ကျွန်တော့် အခန်းထဲမှာ တစ္ြခား သင်တန်းသား၊သင်တန်းသူ တွေက ဘယ်သူတွေ ဆိုတာကို ကျွန်တော် သတိမထားမိသေးပါဖူး။ တစ်ခြားသူတွေကို လိုက်လည်းမကြည့်ဖြစ်ပါဖူး။ ဆရာက နေရာချပေးပြီးတော့ အတန်းထဲမှာ စာသင်ဖို့အတွက် စာအုပ်လေးသွားယူတယ်။ သူစာအုပ်သွားယူတဲ့ အချိန်ကျွန်တော်တို့ကို Computer တွေဖွင့်ခိုင်းထားတယ်။
ကျွန်တော်က အခုမှ Computer သင်တန်းကို စတက်ခါစဆိုတော့ ဘယ်ခလုပ်နှိပ်လို့ နှိပ်ရမှန်းမသိဖူး။ နှိပ်ရမဲ့ ခလုပ်ကို လိုက်ရှာပြီး ချွေးပြန်နေတာပေါ့။ ကျွန်တော် ဟိုခလုပ်နှိပ်လိုက် Computer က မပွင့်လိုက် ဒီခလုပ်နှိပ်လိုက် Computer က မပွင့်လိုက်ဖြစ်နေတဲ့အချိန် အနောက်က ကောင်မလေးတစ်ယောက်ရဲ့ ရီသံကိုကြားလိုက်ရတယ်။ ခပ်တိုးတိုးလေးပါပဲ။ ကျွန်တော့် အထင်တော့ ကျွန်တော် Computer တစ်လုံးနဲ့ တိုင်ပတ်နေတာကို ကြည့်ပြီးရီတာ ထင်ပါတယ်။ သူရီတာ ကို ကျွန်တော်ကြားလိုက်ပေမဲ့ ကျွန်တော် မသိချင်ယောင်ပဲ ဆောင်လိုက်ပါတယ်။ ဘေးကကျွန်တော့် သူငယ်ချင်း ကောင်းထက် ပြောပြတော့မှပဲ Computer ကလည်းအဆင်ပြေသွားတော့တယ်။
ခဏနေတော့ ဆရာက ရောက်လာပြီးကျွန်တော်တို့ကို Computer အကြောင်းရှင်းပြတယ်။ အဲ့တော့မှ စက်အပိတ်အဖွင့်ကိုလည်းသေချာသိတော့တယ်။ စာရိုက်နည်းလက်ကွက်တွေကိုလည်း သင်ပေးတယ္။ လေ့ကျင့်ပေးတယ်။ ၃နာရီထိုး သင်တန်းဆင်းတော့ ကျွန်တော်လည်း စာအုပ်လေးတွေသိမ်းပြီး လက္မှတ်သွားထိုးဖို့လုပ်တာပေါ့။ အဲ့တော့မှ မထင်မှတ်ပဲ ခုံအနောက်ကို ကြည့်မိလိုက်တာ ကျွန်တော့်ကိုလိုက်ရီနေတဲ့ ကောင်မလေးက တစ္ခြားသူ မဟုတ်ပဲ မေယုဖြစ်နေတယ်။ မေယုလည်း ကျွန်တော့်လိုပါပဲ သင်တန်းလာတက်တာပါ။
အဲ့နေ့က ကျွန်တော် မေယုနဲ့ တစ်ချိန်လုံး အတူရှိနေခဲ့တာကိုမသိခဲ့ဖူး။ မေယု ကျွန်တော့် အနောက္ ခုံမှာ ထိုင်ပြီးသင်တန်းတက်နေတာကိုလည်း သတိမထားမိခဲ့ဖူး။ အံ့ဩဖို့ကောင်းတာ တစ်ခုက သင်တန်းမှာ အချိန်တွေ အများကြီး section တွေအများကြီး ရှိနေလျက်နဲ့ ကျွန်တော် မေယုနဲ့ section တူ အချိန်တူ ဖြစ်နေတာပါပဲ။ အိမ်အပြန် ကျွန်တော်က မေယုကို နင်ဘာတွေ ရီနေတာလဲမေးတော့ မေယုက -
" နင်က စက်ဖွင့်တာ ပေါက်ကရတွေ လိုက်နှိပ်နေတာကိုး အဲ့တော့ငါက ရီတာပေါ့ ဟဲ့ "
ဆိုတဲ့စကားလေးဆို ကျွန်တော် Computer ကိုင်တိုင်း အမှတ်ရနေတဲ့ အရာလေးတစ်ခုပါ။ ဒီတစ်ခါ မေယုနဲ့ ပြန်ဆုံဖို့ဖြစ်လာတဲ့ ကံတရားက ဘုရားရဲ ့ကျေးဇူးအပြင် သင်တန်းတက်ဖို့ အတူခေါ်တဲ့ ကျွန်တော့် သူငယ်ချင်း ကောင်းထက်ရဲ့ ကျေးဇူးလေးပါ နည်းနည်းပါသွားတာပေါ့ဗျာ။
YOU ARE READING
I wrote about May Yu - (ကျွန်တော်ရေးခဲ့ဖူးသော မေယု အကြောင်း)
Romance" ကျောင်းသားဘ၀မှာထဲက ကြိတ်ကြိုက်ခဲ့ရတဲ့ ကောင်မလေးတစ်ယောက်နဲ့ ပတ်သက်ပြီး ကံကောင်းသွားတာတွေ၊ တလွဲတွေဖြစ်သွားတာတွေ၊ စိတ်ညစ်ရတာတွေ စတဲ့ အမှတ်တတွေ အကြောင်းကို ပြန်ပြောပြတဲ့ ပုံစံလေးနဲ့ Romantic Comendy ဆန်ဆန် ရေးထားတာပါ။ "