မေယုက တစ်ခါတစ်ခါဆို အူကြောင်ကြောင်နဲ့ မသိပဲ မေးတက်တဲ့အခါလေးတွေလည်းရှိတက်သေး။ တစ်ခါ လူငယ်တွေကြားမှာ ကိုထက်နဲ့မင်းခန့် ရဲ့ " ပြန်ချစ်ကြမယ် " ဆိုတဲ့သီချင်းလေးတစ်ပုဒ် ခေတ်စားသွားပါသေးတယ်။ ကျွန်တော်က အဲ့သီချင်းလေး စထွက်တုန်းက ကျွန်တော်ရဲ့ facebook မှာ my day လေးတင်ထားတာ အဲ့ဒါကို မေယုက မြင်ပြီး
" အဲ့သီချင်းခေါင်းစဥ္က ဘာလဲတဲ့ "
မသိပဲလာမေးတယ်။ ကျွန်တော်လည်း ပြောရခက္မပြောရခတ်ပေါ့။ ဒါပေမဲ့ သူမေးတာကို မဖြေရင် မေယု စိတ်ဆိုးမှာဆိုးလို့ ကျွန်တော်လည်းပြောပြလိုက်ပါတယ်။ ပြန်ချစ်ကြမယ် လို့ပြောလိုက်တာ မေယုက
" အော် "တဲ့ ကျွန်တော်လည်း နင်မသိဖူးလားအဲ့ဒါ အခုတလော နာမည်ကြီးနေတဲ့သီချင်းလေ လို့ပြောလိုက်တာ
" ဟေအေး ငါမသိဖူး " တဲ့။ အဲ့တုန်းက မေယုက မသိလို့မေးတာဆိုပေမဲ့ ကျွန်တော့်အတွက်တော့ မေယုနဲ့ ပတ်သက်ပြီး ကြိတ်ပျော်ခဲ့ရတဲ့ အဖြစ်ပျက်တစ်ခု ဖြစ်ခဲ့တာပေါ့ဗျာ။ (ဒါကကြုံလို့ပြောပြတာပါ)တဖြေးဖြေးနဲ့ အေ၀းသင်တွေတက်ရဖို့ နီးလာတော့
မေယုကို" နင်အေ၀းသင် ကျူရှင်တက္မှာလားလို့ "
ကျွန်တော်က မေးကြည့်တော့ မေယုက
" ငါမတက်ဖြစ်လောက်ဖူး တဲ့ အခုတောင် ကျောင်းကတစ်ဖက် အေ၀းသင်ကတစ်ဖက်နဲ့ ကျူရှင်တက်ဖို့ အချိန်မရလောက်ဖူးတဲ့ "
ပြန်ပြောတယ်။ တကယ်လို့ သူသာ အေ၀းသင်ကျူရှင်တက်ရင် ကျွန်တော်လည်း သူတက်တဲ့ ကျူရှင်လေး လိုက်တက္မယ်ဆိုတဲ့ အကြံနဲ့ပေါ့။ ကျွန်တော်လည်း သူက မတက်ဖြစ်ဖူးဆိုတော့ ကိုယ့်ဘာသာပဲ ကျူရှင်လေးတစ်ခုမှတက်လိုက်ပါတော့တယ်။ ဒါပေမဲ့ ဖြစ်ချင်တော့ မေယုရဲ့ မေမေက သူကို ကျူရှင်တက်ရမယ်ဆိုပြီး မေယု အစ်ကိုတက်ဖူးတဲ့ အေ၀းသင်ကျူရှင်တစ်ခုမှာ သွားထားလိုက်တယ်။ ကျွန်တော်က တစ်ခြား ကျူရှင်တစ်ခု မေယုကတစ်ခုပေါ့။ အဲ့ဒါနဲ့ပဲ ကျွန်တော် အေ၀းသင်ကျူရှင်မှာ ဆုံရမယ်ထင်ခဲ့ပေမယ့် ကံတရားကြောင့် မေယုနဲ့ လွဲသွားပါသေးတယ်။
ဒီလိုနဲ့ ကျွန်တော် အေ၀းသင်တက်ရမဲ့ အချိန်ကိုရောက်လာခဲ့ပါပြီ။ တကယ်တန်း တက္ကသိုလ်တွေ တက်ရတဲ့ အချိန်ရောက်တော့ ကျွန်တော်မေယုနဲ့ အနေေ၀းခဲ့ပါတယ်။ သူကလည်း ကျောင်းကတစ်ဖက် အေ၀းသင်ကတစ်ဖတ် ကျူရှင်ကတစ်ဖက် နဲ့ဆိုတော့ ကျွန်တော့်ကို စကားပြောဖို့တောင်မအားပါဖူး။ ကျွန်တော်ကလည်း အေ၀းသင်တွေရောကျူရှင်တွေရော အခြားသင်တန်းတွေရောနဲ့ရှုပ်နေတာ့ မေယုကိုလည်း အရင်လို အချိန်သိပ်မပေးနိုင်တော့ပါဖူး။ နှစ်ယောက်သားသေခြာကြိုးစားနေကြတော့ အဆက်သွယ်လေးတောင်ပျက်ပြီး နည်နည်လေး သွေးအေးသလိုတောင်ဖြစ်သွားကြသေးတယ်။ ဒါပေမယ့်တကယ်တမ်း အေးတယ်လို့လဲမဟုတ်ပါဖူး။
အဲ့ဒါမိုလို့လည်း မေယုနဲ့ ပတ်သက်ပြီး တက္ကသိုလ် အမှတ်တရကတော့ စာပေးပွဲဖြေတုန်းက တစ်ခါ နှစ်ခါ တွေ့မိတာကလွဲရင် မရှိသလောက်ရှားပါတယ်။ အဲ့တုန်းက မေဂျာ ကလည်းမတူသလို ဖြေရတဲ့ အခန်းတွေကလည်း မတူခဲ့ဖူးလေ။ တက္ကသိုလ်တက်ခဲ့ရတဲ့ ၄ နှစ်စလုံးမှာ အမှတ်တရဆိုလို့ ထွေထူးမရှိပေမဲ့ ဘွဲ့ခန်းမ မှာတော့ အမှတ်တရ တစ်ခု ရှိပါတယ်။ တစ်ခုဆိုပေမဲ့ အဲ့ဒါက တကယ့် အမှတ်တရကြီး ပါ။ အဲ့ အမှတ်တရရဲ့ ဖြစ်စဥ္က အေ၀းသင် ကျောင်းသားတွေအကုန် ဘွဲ့ယူတဲ့ နေ့မှာကျွန်တော် မေယုနဲ့ ကျောင်းအ၀င်မှာ ဆုံခဲ့ပါတယ်။
အဲ့တော့ ကျွန်တော်လည်း မေယုနဲ့ ခဏဆုံတုန်းလေး ဘွဲ့ခန်းမထဲ မ၀င်ခင် couple ရိုက္မယ်။ ပြီးရင် အဲ့ပုံလေးကို ကျွန်တော့် facebook အကောင့် ထဲမှာ အမှတ်တရတင်ရမယ်ဆိုပြီး ဓာတ်ပုံလေးကောက်ရိုက်ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ဖြစ်ချင်တော့ မေယုရဲ့ မေမေက ရုတ်တရပ်ကြီးရောက်လာပြီး ကျွန်တော်တို့ နှစ်ေယာက်ရဲ့ couple ဓာတ်ပုံထဲမှာ သူ့မေမေပုံကြီးပါ ပါလာပါလေရော။
မေယုကတော့ အဲ့အဖြစ်ပျက်ကို ရီတယ်။ ကျွန်တော်ကတော့ သူ့မေမေကို နည်းနည်းကြောက်တာနဲ့ အဲ့နေ့က မေယုနဲ့ အမှတ်တရဓာတ်ပုံကို အသစ်ဆက္မရိုက်ဖြစ်တော့ပဲ အခုချိန်ထိ ကျွန်တော့် facebook အကောင့်ထဲ သူမေမေပါတဲ့ ပုံကြီးကိုပဲ တင်ထားဖြစ်ခဲ့ပါတော့တယ်။ ဒါက ရှားပါးအမှတ်တရပါ။
YOU ARE READING
I wrote about May Yu - (ကျွန်တော်ရေးခဲ့ဖူးသော မေယု အကြောင်း)
Romance" ကျောင်းသားဘ၀မှာထဲက ကြိတ်ကြိုက်ခဲ့ရတဲ့ ကောင်မလေးတစ်ယောက်နဲ့ ပတ်သက်ပြီး ကံကောင်းသွားတာတွေ၊ တလွဲတွေဖြစ်သွားတာတွေ၊ စိတ်ညစ်ရတာတွေ စတဲ့ အမှတ်တတွေ အကြောင်းကို ပြန်ပြောပြတဲ့ ပုံစံလေးနဲ့ Romantic Comendy ဆန်ဆန် ရေးထားတာပါ။ "