ဒီလိုနဲ့ နှစ်တွေကြာလာပြီး ကျောင်းကိစ္စတွေအကုန်ပြီးတော့လည်း လုပ်ငန်းခွန်ထဲ ၀င်ရတော့မယ် အချိန်ရောက်လာခဲ့ပြီလေ။ လုပ်ငန်းခွင်ထဲမ၀င်ခင် ကျွန်တော် ၂၅ နှစ်ပြည်မွေးနေ့မှာ မေယုက ကျွန်တော့် ကို ဖုန်းလေးဆက်ပြီး မွေးနေ့ဆုတောင်းပေးခဲ့တယ်။ ဒါဟာအထူးအဆန်းတော့ မဟုတ်ပါဖူး ကျွန်တော်နဲ့ စသိကထဲက သူလုပ်ပေးနေကြပါ။ တစ်နည်းမဟုတ်တစ်နည်းနဲ့ သူဆုတောင်းပေးနေကြပါ။
ဒါပေမဲ့ထူးဆန်းတာတစ်ခုက ကျွန်တော်ကို မွေးနေ့ဆုတောင်းပေးပြီး အဆုံးမှာ သူလွန်ခဲ့တဲ့ ၁၀နှစ် ကျွန်တော် ၉ တန်းကျောင်းသား ဘ၀ေလာက်က သူပေးခဲ့တဲ့ စာအုပ်လေးအကြောင်းကို သူပြန်မေးနေတာပါပဲ။ ကျွန်တော်လည်း သူဘာလို့ အဲ့စာအုပ်လေးအကြောင်းပြန်မေးလဲ နားမလည်ပါဖူး။ ကျွန်တော်ကို
" အဲ့စာအုပ်လေးသိမ်းထားသေးလား။ စာတွေရောရေးဖြစ်လား "
ဆိုပြီး ၂ ခါလောက္မေးတယ်။ ကျွန်တော်လည်း စာတော့မရေးဖြစ်ပါဖူး သိမ်းတော့ သိမ်းထားပါတယ်ဆိုပြီးပြန်ပြောလိုက်တော့ သူက
" အင်းပါအင်းပါ အဲ့ဒါဆိုဒါပဲနော် " ဆိုပြီး ဖုန်းချသွားတယ်။
မေယုဖုန်းချပြီးြပီးချင်း ကျွန်တော်လည်း စိတ်ထဲတစ်မျိုးြဖစ်တာနဲ့ အဲ့စာအုပ်လေးကို အသည်းသန် ပြန်ရှာတော့တာပဲ။ ဘာများပါနေမလဲပေါ့။ စာအုပ်လည်းတွေ့ရော တစ်အုပ်လုံး ဟိုလှန် ဒီလှန်နဲ့ လိုက်ရှာကြည့်တာ ဘားမှမပါသလို ဘားမှလည်းမရေးထားပါဖူး။ အသစ်အတိုင်းပါပဲ။ ကျွန်တော်လည်း ကိုယ်ဘာသာ အတွေးလွန်တာပဲြဖစ်မှာပါဆိုပြီး စာအုပ်လေးကို ပြန်သိမ်းဖို့ ခုံပေါ်ခဏတင်ထားြဖစ်တယ်။
အဲ့အချိန် စာအုပ်က အသစ်လိုြဖစ်နေတော့ ခေါက်ရိုးပဲမကျိုးလို့ပဲလား လေပဲတိုက်သွားလို့လားတော့ သေချာသတိမထားမိ ခုံပေါ်တင်ထားတဲ့ ခဏတာလေးမှာ စာအုပ်ရဲ့ နောက်ဆုံး စာရွက် လေးကရုတ်တရပ်သူ့ဘာသာ လှန်သွားတယ်။ အဲ့တော့မှ ကျွန်တော်လည်း စာအုပ်ရဲ့နောက်ဆုံး စာရွက်အဆုံးသက်က page number 1500 အတိဖြစ်နေတာကိုသွားတွေ့တယ်။ ထူးဆန်းလွန်းနေတာပေါ့။ စိတ်ထဲလည်း မသေချာမရေရာပါပဲ။
မေယုကို အဲ့အကြောင်း ဖုန်းဆက်ပြီး မေးရင်ကောင်းမလား မမေးရင်ကောင်းမလားဆိုပြီး ဆုံးဖြတ်ရကလည်းခတ်နေတယ်။ နောက်ဆုံးတော့ မေယုကို အဲ့စာအုပ်လေးအကြောင်းဘာလို့ ပြန်ပြောြဖစ်တာလဲဆိုပြီး မေးမလို့ ဖုန်းပြန်ဆက်ဖြစ်သွားပါတယ်။ ဒါပေမဲ့ မေယု ဖုန်းမကိုင်တော့ပါဖူး။ ၄ခါ ၅ခါအထိပါပဲ။ကျွန်တော်လည်း နောက်ဆုံး မနေနိုင်တော့ တာနဲ့ မေယု အိမ်ကို ဆိုင်ကယ်စီးပြီး တန်းသွားတော့တာပေါ့။ မေယု အိမ်နားရောက်တော့ သူပန်းပင်လေးတွေကို ရေလောင်းနေတာတွေ့လိုက်ရတယ်။ မေယုနဲ့ မနီးမေ၀းမှာလည်း သူ့မိသားစုတွေက ရှိနေတော့ ကျွန်တော် မေယုအနားသွားလိုက်ရင် သူအဆူခံထိမှာဆိုးလို့ သွားမမေးဖြစ်တော့ပဲ စိတ်ထဲမှာပဲ သိမ်းထားဖြစ်လိုက်ပါတော့တယ်။
ညရောက်တော့ ကျွန်တော် messenger ကနေ သူပေးတဲ့ စာအုပ်အဟောင်းလေးရဲ့ နောက်ဆုံး page number 1500 တွေခဲ့တာကို စာပို့ဖြစ်ခဲ့တယ်။ ပြီးတော့ ကျွန်တော် စိတ်လှုပ်ရှားလွန်သွားလို့လားမသိ မေယုကို ၆တန်းကျောင်းသားဘ၀ထဲက ကြိတ်သဘောကျ ကြောင်းကို ဖွင့်ပြောဖြစ်ခဲ့တယ်။ မရည်ရွယ်ပဲနဲ့ ဖွင့်ပြောဖြစ်သွားတာပါ။ ဒါပေမဲ့ မေယု ကျွန်တော့်ကို reply မပြန်ခဲ့ပါဖူး။
YOU ARE READING
I wrote about May Yu - (ကျွန်တော်ရေးခဲ့ဖူးသော မေယု အကြောင်း)
Romance" ကျောင်းသားဘ၀မှာထဲက ကြိတ်ကြိုက်ခဲ့ရတဲ့ ကောင်မလေးတစ်ယောက်နဲ့ ပတ်သက်ပြီး ကံကောင်းသွားတာတွေ၊ တလွဲတွေဖြစ်သွားတာတွေ၊ စိတ်ညစ်ရတာတွေ စတဲ့ အမှတ်တတွေ အကြောင်းကို ပြန်ပြောပြတဲ့ ပုံစံလေးနဲ့ Romantic Comendy ဆန်ဆန် ရေးထားတာပါ။ "