ကျွန်တော်ရေးခဲ့ဖူးသော မေယု အကြောင်း (အပိုင်း - 5)

11 0 0
                                    

၁၀ တန်းအောင်ပြီး လအနည်းငယ်ကြာလာတော့ ဘာရယ်လို့မဟုတ်ပေမဲ့ ကျွန်တော် facebook app ကို စသုံးဖြစ်လာတယ်။သိပ်မကြာပါဖူး ကျွန်တော့် အကောင့်လေးကို မေယု လာအပ်တယ်ဗျ။ မထင်ထားပဲပျော်လိုက်ရတဲ့ အရာတစ်ခုပေါ့။ ထိုနေ့က မှတ်မှတ်ရရပဲ ကျွန်တော် မ၀ံ့တရဲနဲ့ မေယုကိုစကားလေး သွားပြောဖြစ်တယ်။ ယောကျ္ားလေးဆိုတော့လဲ ကိုယ်က ပဲ အရင် hi ရတာပေါ့။ မေယုကရင်းနှီးနေတဲ့ ခင်မင်မှုကြောင့် ထင်ပါတယ် ကျွန်တော်ကိုစကားလေးပြန်ပြောခဲ့တယ်။ အဲ့အချိန်ကစပြီး ကျွန်တော် မေယုရဲ့ အဆက်သွယ်ကိုရဖို့ အရင်ကလို စက်ဘီးလေးစီးပြီးသွားချောင်းစရာမလိုတော့ပဲ online ကနေတစ်ဆင့် နေ့တိုင်းစကားသွားပြောဖြစ်ပြီး အရာအားလုံးအဆင်ပြေနေခဲ့တာပေါ့။

မေယုရဲ့ စာလေးတွေကို နေ့တိုင်းစောင့်နေရတာလဲ အမော။ မေယု line မတက်တဲ့နေ့တွေဆို ကမ္ဘာပျက်သလိုဖြစ်နေတာကလဲ တစ်မျိုး။ တနေ့တနေ့ သူဘာလေးတွေ တင်မလဲဆိုပြီး သူ့အကောင့်ကို ၀င်ကြည့်နေရတာကလဲ အလုပ်တစ်ခုလိုဖြစ်နေတော့ပါပဲ။ တစ်ခါတစ်လေကြတော့ မေယု ပြန်စာမရေးလို့ ဘာများဖြစ်နေလဲ စိတ်ရောကြည်ရဲ့လားဆိုပြီး သူကို အကဲခတ်ရသေးတာကလဲ အကျင့်တစ်ခုလိုဖြစ်နေတာပေါ့။ အမှတ်တရထဲက တစ်ခုဆို ကျွန်တော်က မေယုကို နင်ဘာလုပ်နေလဲမေးတော့ -

" ငါ နင်နဲ့ပဲ စကားပြောနေတာလေ "

ဆိုတဲ့ မေယုရဲ့ စာလေးတစ်စောင်ကိုကျွန်တော် အခုထိ မှတ်မိနေတုန်းပဲ။

တစ်နေ့ကြတော့ ကျွန်တော်တို့အပြန်လှန်စကားပြောနေကြရင်း မေယုက -

" ဟဲ့ရေ ငါတို့တွေ ကျူရှင်လည်းမရောက်ဖြစ်တာကြာပြီ။ ပြီးတော့ ဆရာမကိုလည်းသွားမတွေ့ဖြစ်ဖူး။ ငါတို့တွေ ဒီနှစ်တော့ ဆရာမ အတွက္ မွေးနေ့ပွဲလေး လုပ်ပေးရင်ကောင်းမလား "

ဆိုပြီး တိုင်ပင်တယ်။ မေယုတိုင်ပင်တဲ့ ကိစ္စက ကောင်းတဲ့အရာလဲ ဖြစ်တယ် ပြီးတော့ ကျွန်တော်က အရင်ထဲက မေယု သဘောဆို လွန်ဆန်တဲ့သူ မဟုတ်တော့ မေယုပြောသမျှ ကို အကုန်လိုက်လုပ်ပေးခဲ့တာပေါ့။ တခြား သူငယ်ချင်းတွေကိုလဲ ကျွန်တော်တို့ အဲ့လိုလေး စီစဥ္ထားတဲ့အကြောင်း လိုက်ပြောပြ ဖြစ်တယ်။

I wrote about May Yu - (ကျွန်တော်ရေးခဲ့ဖူးသော မေယု အကြောင်း)Where stories live. Discover now