ဒီလိုနဲ့ပဲ ကျွန်တော်အသက် ၂၅ နှစ်မှာ မေယု ဆီက အဖြေရခဲ့ပါတယ်။ ကျွန်တော်တို့ စတွဲခဲ့တယ်။ ကျွန်တော် အသက် ၃၀ အရွယ်မှာ မေယုနဲ့ လက်ထက်ခဲ့တယ်။ မေယုငယ်ငယ်ထဲကတက်ခဲ့တဲ့ ဘုရားကျောင်းကြီးထဲမှာပဲပေါ့။ သူနဲ့ ခရီးတွေအတူသွားခဲ့တယ် Anniversity တွေအများကြီးြဖတ်သန်းခဲ့တယ်။ဘ၀ရဲ့အကောင်းဆုံးအချိန်ကာလေးတွေမှာ သားသားမီးမီးတွေနဲ့ ပျော်ရွှင်ခဲ့ရပါတယ်။
( --- မှတ်ချက်။ ။ မေယုက လက်ထက်ပွဲနေ့တွင် လူများရှေ့မှာ အကြင်နာမပေးရဟုပြောသောကြောင့် ထိုနေ့ကမနမ်းခဲ့ရပါ။ --- )
သောင်ပြင် ကမ်းနားတွေရဲ့ ဆည်းဆာအချိန်ဆိုတာ တကယ်ကိုလှပပါတယ်။ မှန်ပါတယ်။ အခုကျွန်တော်တို့ အသက် ၇၀ အရွယ်ကိုရောက်နေပါပြီ။ မေယုကတော့ အခုချိန်ထိကိုလှနေတုန်းပါပဲ။ ဆံပင်တွေဖြူ ပါးရေတွေ တွန့်နေပေမဲ့ ကျွန်တော့်အတွက်တော့ မေယုက ငယ်ငယ်တုန်းကလို ချစ်ဖို့ကောင်းနေတုန်းပါပဲ။
တကယ်တော့ ဘ၀ဆိုတာ ရိုးရှင်းပါတယ်။ကျွန်တော် မေယုနဲ့ပတ်သက်ပြီး ဘ၀မှာ စိတ်ဓာတ်ကျခဲ့ရတာတွေ အများကြီးရှိခဲ့ပါတယ်။ဒါပေမဲ့ ကျွန်တော်မေယုကို ဘယ်တော့မှ စိတ်မပျက်ခဲ့ပါဖူး။ အဲ့ဒါမို့လည်း ကျွန်တော် မေယုကိုပိုင်ဆိုင်ခဲ့ရတာပေါ့။
ကျွန်တော်တို့ တစ်ယောက္ြခင်းဆီမှာ
ဘုရားက ဖန်ဆင်းပေးထားတဲ့ ကိုယ်ပိုင် ဘ၀ တွေဆိုတာ ရှိတယ်လေ။ မနက်ဖြန်ဆိုတာလဲ ကျွန်တော်တို့အတွက် အမြဲရှိပါတယ်။
မည်သည့်အရာကိုဖြစ်စေ မဖြစ်နိုင်တော့ပါဖူးဆိုတဲ့ အထင်နဲ့တော့ ခင်များရဲ့ ကြိုးစားအားထုပ်မှုတွေကို ရပ်တန့်လိုက်လို့တော့ မရပါဖူးဗျာ။ကျွန်တော် နောက်ဆုံးထပ်သိလိုက်ရတဲ့ အကြောင်းရာတစ္ခုက တော့ ဘုရားရဲ့အစီစဥ္ပါပဲ။ မည်သည့်အရာကိုဖြစ်စေ ဘုရားရဲ့ အစီစဥ္ ထဲမှာပါမယ်ဆိုရင် ကျွန်တော်တို့ အဲ့ဒီအကြောင်းအရာအနောက်ကို အသည်းအသန်လိုက်နေစရာမလိုပါဖူး။ အချိန်တန်ရင်သူဘာသာ တန်းတန်းမတ်မတ် ရောက်လာပါလိမ့်မယ်။ အဲ့ဒါအမှန်ပါ။ ကျွန်တော် တစ်ချိန်က မေယုနောက်ကို အသည်းသန်လိုက်ခဲ့ပါတယ်။
ဒါပေမဲ့ အဲ့တုန်းကအချိန်မတန်သေးတော့ ကျွန်တော် မေယုဆီက ဘားမှမရခဲ့ပါဖူး။ အခု ဘုရားရဲ့ အစီစဥ္နဲ့ အချိန်တန်တော့ ကျွန်တော် မေယုနဲ့ ပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုတစ်ခုကိုပိုင်ဆိုင်ခဲ့ရပါပြီ။ တကယ်တော့လေ အရာအားလုံးကို ကျွန်တော်တို့ က ကြိုတင် မမြင်နိုင်ပေမဲ့ ကျွန်တော်တို့အတွက် အကောင်းဆုံးသော အရာတွေကို
ဘုရားက ကြိုတင် စီစဥ္ထားပြီးသားပါ။အဆုံးသက်အနေနဲ့ ကျွန်တော့်ဘ၀ရဲ့ favious အဖြစ်ဆုံးနဲ့ အကောင်းဆုံးသောအရာတွေကိုေပြာပြပါဆိုရင် မေယုနဲ့ သူမရဲ့ အမှတ်တရတွေကိုပဲ ထပ်ပြောပြရမှာပါ။ အခုထိလဲ အမှတ်တရတွေကို ပြန်ပြောမိနေတုန်းပါ။ ကုန်လဲ မကုန်နိုင်ပါဖူး။ ကျွန်တော့်အတွက္ မေယုဆိုတာ ဘုရားကပေးတဲ့ ထူးြခားတဲ့ လက်ဆောင်တစ်ခုလိုပါပဲ။ ကျွန်တော်တို့လောက်ထူးဆန်းတဲ့ အတွဲလည်းရှိမယ်မထင်ပါဖူး။ တကယ် စိတ်တွေလဲညစ်ခဲ့ရသလို ရင်ခုန်စရာတွေလဲအများကြီးကြုံခဲ့ရပါတယ်။
နောက်ဆုံးမှာတော့ ငြိမ်းရဲ့ဇာတ်လမ်းတစ်ပုဒ်က မေယုနဲ့ပဲ Happy Ending လေး ဖြစ်ခဲ့ရပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့ဘ၀ရဲ့အဆုံးသက်လေးတစ်ခုဖြစ်ခဲ့ပေါ့ဗျာ။အမှန်တော့လေ ခင်များတို့ အခုဖတ်နေတဲ့ အကြောင်းအရာတွေ အကုန်လုံးက ဘ၀မှာ
" ကျွန်တော်ရေးခဲ့ဖူးသော မေယုအကြောင်း " တွေပါပဲ။The End
Thank for reading
အဆုံးထိဖတ်ပေးတဲ့သူ တစ်ယောက်ခြင်းစီတိုင်းကို ဘုရားကောင်းကြီးပေးပါစေ။
YOU ARE READING
I wrote about May Yu - (ကျွန်တော်ရေးခဲ့ဖူးသော မေယု အကြောင်း)
Romance" ကျောင်းသားဘ၀မှာထဲက ကြိတ်ကြိုက်ခဲ့ရတဲ့ ကောင်မလေးတစ်ယောက်နဲ့ ပတ်သက်ပြီး ကံကောင်းသွားတာတွေ၊ တလွဲတွေဖြစ်သွားတာတွေ၊ စိတ်ညစ်ရတာတွေ စတဲ့ အမှတ်တတွေ အကြောင်းကို ပြန်ပြောပြတဲ့ ပုံစံလေးနဲ့ Romantic Comendy ဆန်ဆန် ရေးထားတာပါ။ "