ကျွန်တော်ရေးခဲ့ဖူးသော မေယု အကြောင်း (အပိုင်း - 1)

91 6 0
                                    

သာသာယာယာနဲ့ တိမ်တွေလွင့်သလိုအေးချမ်းနေတဲ့ ဇွန်လ ၁ ရက္နေ့မှာ ကျွန်တော် လွမ်းမိနေတဲ့ကျောင်းတော်ကြီးကို ၆ တန်းကျောင်းသားတစ်ယောက်အနေနဲ့ တစ်ဖန် ပြန်ရောက်လာခဲ့တယ်။ ကျောင်းစတက်တဲ့နေ့မှာ လူစုံ တက်စုံ သူငယ်ချင်းတွေအားလုံးနဲ့ ပြန်ဆုံခဲ့ရပြီဆိုတော့လည်း ပျော်တာပေါ့ဗျာ။ အရင်လို ဆရာ၊ဆရာမ တွေနဲ့လည်း ပြန်တွေရပြီလေ။ ဒါနဲ့ ကျွန်တော့် နာမည်ကတော့ ငြိမ်း ပါ။ သူငယ်ချင်း​ေတွရော ရင်နီးတဲ့လူတွေကရော ငြိမ်း လို့ပဲခေါ် ကြပါတယ်။ တစ္ခြား နာမည်လည်း မရှိပါဖူး။ ငြိမ်း လို့သိထားရင်ပဲ ဇာတ်လမ်းတစ်ခုလုံး အတွက် လုံလောက်ပါပြီ။

ဒီလိုနဲ့ ကျွန်တော့်ရဲ့ ပထမဆုံးရက်နေ့ ကျောင်းခန်းထဲအ၀င် မထင်မှတ်ထားပဲ ကျောင်းသူလေးတစ်ယောက်ကိုတွေ့လိုက်ရတယ်။ သူပုံစံလေးက အသားဖြူဖြူ သွားထပ်လေးနှစ်ချောင်းနဲ့ ပါးမှာလည်း ပါးကွပ်လေးနှစ်ခုနဲ့ ကရင်မလေး တစ်ယောက်ပေါ့။
သူ့ရဲ့နာမည်လေးက မေယု တဲ့။

သူကိုတွေ့လိုက်တဲ့အချိန် ခံစားမှုအသစ်တွေဖြစ်ပေါ်လာတယ်ပဲပြောရမလား ရင်ခုန်မိတယ် လို့ပဲပြောရမလားပေါ့ စိတ်နဲ့လူနဲ့မကပ်သလိုတောင်ဖြစ်သွားခဲ့တယ်။ ဘေးက ကောင်းမြတ်ဟိန်းဆိုတဲ့ သူငယ်ချင်းရဲ့ခေါ်သံကိုတောင် ကျွန်တော် မကြားမိလိုက်တော့သလိုပါပဲ။ ထူးဆန်းလွန်းနေတာပေါ့ဗျာ။

မေယုကို အစကတော့ ကျွန်တော်က ကျောင်းသူ အသစ်လို့ထင်ခဲ့မိတယ်။ တကယ်တမ်းကြတော့ သူက အရင်ထဲကရှိခဲ့တာပါ။ A အခန်းက စာတော်တဲ့ ကျောင်းသူလေးတစ်ယောက်ဖြစ်နေတယ်။ ကျွန်တော်က အတန်းပြောင်းခါစ A အခန်းကို အခုမှရောက်ဖူးတော့ ကျွန်တော့် အတွက်အရမ်းစိမ်းနေတာပေါ့ဗျာ။ ဒီလိုနဲ့ပဲ ကျွန်တော်ကိုယ်တိုင်မသိပေမဲ့ ကျွန်တော့်ရဲ့မသိစိတ်ထဲမှာတော့ မေယုက နေရာယူနေခဲ့ပြီ။

တစ်နေ့မှာ မထင္မှတ်ပဲ ဘုရားရဲ့​ကောင်းကြီးလို့ပဲပြောရမလား ကျောင်းရဲ့အသင်းတာ၀န်ခွဲတော့ ကျွန်တော် မေယုနဲ့အတူ အ၀ါသင်းမှာ ခေါင်းဆောင်လုပ်ခွင့်ရခဲ့တယ်။
နေ့ရက္ မသိပဲ တစ်ယောက်ထဲ ပျော်ရွှင် နေခဲ့ရတဲ့ နေ့ရက်တွေပေါ့။ တစ်ပတ်မှာ ၅ ရက်လောက်က မေယုကိုနေ့တိုင်းတွေ့ရတယ်။ အသင်းနေ့တွေဆို သူနဲ့အတူ ကျောင်းတာ၀န်တွေကိုလုပ်ရတော့ ပျော်တာပေါ့ဗျာ။ မေယုဆီက အသင်းဖိုးအတွက်ရတဲ့ပိုက်ဆံ ငါးရာတန်လေးဆို ဒိတ်လေးရေးပြီး မသုံးပဲ အခုထိသိမ်းထားမိနေတုန်းပါပဲ။

မေယုက မာနကြီးလွန်းတဲ့သူတော့
မဟုတ်ပါဖူး။ ဒါပေမဲ့သူက အတန်းထဲက
ယောကျ္ားလေးတွေနဲ့ မရောဖူးဗျ။ တာ၀န်အရသာ ခေါ်ပြောပေမဲ့ ပုံမှန်အချိန်ဆို သူဘာသာနေလေ့ရှိတယ်။ ကျွန်တော့် အပေါ်လည်း ဒီအတိုင်းပါပ​ဲ သာမန်ထက္မပိုဖူးပေါ့ဗျာ။ ကြာပြီဆိုပေမဲ့ အခုထိကို မှတ်မှတ်ရရဖြစ်နေတဲ့ အရာလေး တစ်ခုက ရီလိုက်ရင် မျက်လုံးလေးပါ ပိတ်သွားတက်တဲ့ မေယုရဲ့ အပြုံးတွေကိုပါပဲ။ ငြိမ်သက်ပြီး ငေးမောခဲ့ရတဲ့ အရာလေးတစ်ခုပေါ့ဗျာ။

မေယုရဲ့ လွမ်းမိုးမှုက ကျွန်တော့် အတွက်တော့ ကျောင်းပိတ်ရက်တွေဆို သူအိမ်အထိ စက်ဘီးလေးနင်းပြီး သွားချောင်းမိတဲ့ အခြေအနေအထိပါပဲ။ ဘာရယ်လိုတော့မသိဖူး သူကသူ့ဘာသာ အိမ်အပြင်ကို အထွက် ကျွန်တော်က သွားကြည့်မိတဲ့အချိန်တွေနဲ့ တိုးခဲ့တဲ့နေ့ရက်တွေဆို လောကတစ်ခွင်လုံးက ပန်းတွေ ပွင့်နေသလိုပါပဲ။

မေယုက ခရစ်ယာန်ဆိုတော့တနင်္ဂနွေနေ့တွေဆို ဘုရားကျောင်းသွားတက်တယ်လေ။
သူ ဘယ်ဘုရားကျောင်းတက္မှန်းမသိပဲ သူ့ကိုတွေ့ရဖို့ မြို့ထဲက ဘုရားကျောင်းတွေ အကုန်လုံး စက်ဘီးလေးနဲ့ လိုက်ကြည့်ပြီး
တိုင်ပတ်နေခဲ့တဲ့ နေ့ရက်တွေကလည်း မေယုနဲ့ပတ်သက်လို့ရခဲ့တဲ့ အမှတ်တရထဲက တစ်ခုပါပဲ။ ကျွန်တော်ရဲ့ ခံစားချက်တစ်ချို့ကို
မေယုအပေါ် လုံး၀မပြောရဲခဲ့ပေမဲ့ အဲ့အချိန်
ထဲကစပြီး တစ်ယောက်ထဲ မေယုအပေါ် တစ်ဖက်သက် သဘောကျ နေခဲ့တာပေါ့။

အဲ့အကြောင်းရာတွေကြောင့်ပဲ ကျွန်တော်လည်း မေယုရဲ့ရင်နီးမှုရဖို့အတွက် အမျိုးမျိုးစဥ္းစားခဲ့တာပေါ့ရဗျာ။ အထူးသဖြင့်
မေယုက စာအရမ်းကြိုးစားလွန်းတော့ သူ့
ထက္မသာရင်တောင် သူနဲ့တန်းတူလိုက်နိုင်အောင် ကျွန်တော် ကြိုးစားခဲ့ရတယ်။ သူ့ဆီက ရင်းနှီးမှုကိုရဖို့အတွက်ပေါ့။ ဒါပေမဲ့ မေယုကတော့ လုံး၀ကို အငြိမ်ပါပဲ။ သူ့ပုံစံလေးအတိုင်း ဘယ်ယောကျ္ားလေးမှ မရောခဲ့ပါဖူး။ သူလုပ်စရာရှိတာပဲ လုပ်တယ်။ စာကိုပဲအာရုံစိုက်ခဲ့တယ်။

ကျွန်တော့်အတွက်တော့ အဲ့အချိန်တုန်းက မေယုရဲ့ ရင်းနှီးမှုကို မရခဲ့လို့ ကံမကောင်းခဲ့ဖူးလို့ ဆိုနိုင်ပေမဲ့ တစ်ဖက်ကပြန်ကြည့်ရင်
မေယုက ဘယ်ယောကျ္ားလေးနဲ့မှ မရောတဲ့အတွက်ကြောင့် မေယုနဲ့ပတ်သက်လာရင်
တစ္ြခားယောကျ္ားလေးတစ်ယောက်နဲ့ သူကြိုက်နေမှာကို ကျွန်တော် မစိုးရိမ်ရတဲ့အတွက် ကံကောင်းတယ်လို့ ပြောရမှာပေါ့ဗျာ။

I wrote about May Yu - (ကျွန်တော်ရေးခဲ့ဖူးသော မေယု အကြောင်း)Where stories live. Discover now