ကျွန်တော်ရေးခဲ့ဖူးသော မေယု အကြောင်း (အပိုင်း - 4)

13 1 0
                                    

ပျော်စရာလေးတွေနဲ့ပဲ အဆုံးသက်သွားတဲ့ ၉ တန်းနှစ်ပြီးတော့ ကျွန်တော်တို့အားလုံး ရင်တမမနဲ့ ဖြတ်ကျော်ရမဲ့ ၁၀ တန်းနှစ်ကြီးကလည်းရောက်လာခဲ့တာပေါ့ဗျာ။ မထမဆုံး ၁၀ တန်းစတက်တဲ့နေ့မှာ မေယုကို အဖြူအစိမ်းနဲ့ ပြန်တွေ့ရမယ္ ကျွန်တော်က နှုတ်ဆက်လိုက်ရင် သူကျွန်တော့်ကို ပြုံးပြမယ် ဆိုတဲ့ အထင်နဲ့ ထုံးစံအတိုင်း မေယုကျောင်းလာတာကို ကျွန်တော် သွားထိုင်စောင့်နေမိတယ်။ဒါပေမ​ဲ့ အဲ့နေ့က မေယုကျောင်းမလာခဲ့ပါဖူး။

နောက်နေ့လဲ အဲ့လိုပါပဲ ကျွန်တော် မေယုကို စောင့်နေပါသေးတယ်။ မေယု မရောက်လာခဲ့ပါဖူး။ ကျွန်တော်လဲ မေယု ကျောင်းလာတက်တာ မတွေ့တော့ စိတ်ထဲ တစ်မျိုးြဖစ်နေမိတာပေါ့။ ဒီလိုနဲ့ ဘာကိုမှ စိတ်ထဲမသေချာဖြစ်နေတဲ့အချိန် သေချာတဲ့ဆရာမဆီက ကြားလိုက်ရတဲ့ သတင်းကတော့ မေယု မြို့ထဲက Ptivate School တစ်ခုကိုကျောင်းပြောင်းသွားပြီ ဆိုတာပါပဲ။အဲ့သတင်းကို ကြားကြားချင်း ဘားမှကိုပြန်မပြောနိုင်တော့ပဲ မင်သက်သွားလောက်သည်အထိြဖစ်သွားခဲ့တာပေါ့။

ရုတ်တရပ်ကြီး မေယုမရှိတဲ့ နေ့ရက်တွေကို ဖြတ်သန်းရတော့မယ်ဆိုတော့ ကျွန်တော့်ရဲ့စိတ်ထဲမှာ တစ်စုံတစ်ရာက ဟာ နေသလိုပါပဲ ။ မေယု အတွက်တော့ ကျောင်းအသစ်မှာ ဘယ်လိုအခြေအနေရှိလဲမသိပေမဲ့ ကျန်ခဲ့တဲ့ ကျွန်တော်ကတော့ လုံး၀အဆင်မပြေပါဖူး။ သူ ့ကိုငြိမ်သက်ပြီး ငေးမောခွင့်လည်း မရှိတော့ပါဖူး။ အရင်တုန်းက စကားပြောခွင့် မရှိပေမဲ့ အနည်းဆုံးတော့ မေယု ကိုမြင်နေရသေးတယ်လေ။ အခု တကယ်တန်းစကားပြော ခွင့်ရှိတဲ့ အချိန်ကိုရောက်လာတော့ မေယုက ကျောင်းမှာ ရှိမနေတော့ပါဖူး။ အဲ့အချိန်ကာလက အရမ်းကြီးမကြာပေမဲ့ ကျွန်တော့်အတွက်တော့ တကယ်ကို ဆိုးရွားတဲ့ အခိုက်တန့်ကြီးတစ်ခု လိုပါပဲ။

ကျွန်တော်လည်း ခက်ခဲလွန်းတဲ့ ၁၀တန်း နှစ်ကြီးကို ြဖတ်ကျော်ရင်း တဖြေးဖြေး သီတင်းကျွတ် ကျောင်းပိတ်ရက် ကိုရောက်လာခဲ့တာပေါ့။ ထုံးစံအတိုင်း ဆရာမရဲ့ ကျူရှင်မှာ ညဘက်ဆို ရှိတဲ့လူတွေက ဖယောင်းတိုင်လေးတွေနဲ့ ဆီမီးလေးတွေလိုက်ထွန်းကြတယ်။ ဒါက နှစ်တိုင်း လုပ်နေကြပါ။ အဲ့အချိန် မထင်မှတ်ထားပဲ ဆရာမဆီကို ဖုန်းတစ်ခု ၀င်လာခဲ့တယ်။ တခြားသူတော့မဟုတ်ပါဖူး မေယုဆီက ဖုန်းပါ။ အဆက်ခံရတဲ့ ဆရာမကတော့ မသိပါဖူး ဘေးကနားထောင်တဲ့ ကျွန်တော်ကတော့ ​ပြောမပြတက်လောက်အောင်ပါပဲ။ပျော်တာပေါ့။အဲ့နေ့က ဆရာမကျေးဇူးနဲ့ပဲ မေယုနဲ့ ဖုန်းပြောခွင့် ရခဲ့ပါသေးတယ်။

ထွေထွေထူးထူးတော့ မဟုတ်​ေပမဲ့
စက္ကန့်ပိုင်းအတွင်း ဖုန်းကနေ တစ်ဆင့်ကြားလိုက်ရတဲ့ မေယုရဲ့ -

" ဟဲ့ ကျန်းမာရေး ဂရုစိုက်
စာလည်းသေချာလုပ်အုံးနော် "

ဆိုတဲ့စကားလေးက ကျွန်တော့်အတွက်
တစ်နှစ်တာလုံး အင်အားြဖစ်စေခဲ့တယ်။ အဲ့နေ့က မေယုရဲ့စကားလေးက ကျွန်တော့် အတွက် နံရိုးတစ်ချောင်းလို့ ပြောရင်လဲ မမှားပါဖူး။ လေထဲမှာတွင် ခဏတာပျောက်သွားတက်တဲ့အရာဆိုပေမဲ့ တန်ဖိုးထားတဲ့ ကျွန်တော့် အတွက်တော့ လုံး၀ကို ပျောက်လို့မဖြစ်ပါဖူး။

ဒီလိုနဲ့ ဘုရားရဲ့ ကောင်းကြီးတွေ၊ ဆရာ/ဆရာမတွေရဲ့ကူညီမှုတွေ၊ မေယုဆီက ရလိုက်တဲ့ စကားတွေကြောင့် ကျွန်တော် ၁၀ တန်းကို ကောင်းကောင်းဖြေနိုင်ခဲ့ပါတယ်။
မေယုက အရင်ထဲကစာတော်တဲ့သူဆိုတော့ ကျွန်တော့်ထက် သူကပိုပြီးဖြေနိုင်မယ်လို့လည်းထင်ပါတယ်။ သိပ်မကြာခင်မှာပဲ အောင်စာရင်းထွက္မဲ့ညကလဲ နီးကပ်လာပြန်ရော။ ကျွန်တော့်အတွက်တော့ အောင်စာရင်းကြီးက မေယုပြီးရင် ဒုတိယ ရင်အခုန်ရဆုံး ပုဂ္ဂိုလ်ပေါ့။ အဲ့နေ့ညက ကျွန်တော်တို့တွေအားလုံး အောင်စာရင်းကို ဆရာမအိမ်မှာပဲ ရင်ခုန်စွာနဲ့ စောင့်နေကြပါတယ်။ မေယုအပါ၀င်ပေါ့။

တဖြေးဖြေးနဲ့ ည ၁၂ နာရီကျော်လာတော့ အောင်စာရင်းရဲ့ အသံလေးက တိုးတတိတ်လေးကြားနေရပြန်ရော။ အားလုံးစိတ်ထဲမှာလည်း တရွရွနဲ့ပေါ့ဗျာ။ မနက် ၄ နာရီ
လည််းရောက်ရော အောင်စာရင်းကအတိအကျထွက်ပါလေရော။ သွားကြည့်တဲ့လူတွေ ကြိတ်ကြိတ်တိုးနဲ့ ရီတဲ့လူကရီ ငိုတဲ့လူကငိုပေါ့ဗျာ။ ထိုနေ့က ကံကောင်းတယ်လို့ပဲပြောရမလား ကျွန်တော်တို့ ကျူရှင်က လူတွေအားလုံး ၁၀ တန်းအောင်မြင်ခဲ့ပါတယ်။ ထူးထူးြခားြခားမေယုက မြန်မာစာဂုဏ်ထူးလေးတောင်ပါခဲ့ ပါသေးတယ်။ ဆရာမအတွက်ရော ကျွန်တော်တို့အားလုံးအတွက်​ေရာ ဂုဏ်ယူပြီး မျက်နှာပန်းလှခဲ့ရတဲ့ နေ့တစ်နေ့ဖြစ်ခဲ့တာပေါ့ဗျာ။ နောက်တစ်နေ့ကြတော့ ကျွန်တော်တို့တွေ ကျူရှင်မှာ ဂုဏ်ပြုပွဲလေးလုပ်လိုက်ပါသေးတယ်။

I wrote about May Yu - (ကျွန်တော်ရေးခဲ့ဖူးသော မေယု အကြောင်း)Where stories live. Discover now