ကျွန်တော်ရေးခဲ့ဖူးသော မေယု အကြောင်း (အပိုင်း - 11)

9 2 0
                                    

ကျွန်တော့်မွေးနေ့အပြီး နောက်၂ ပတ်လောက်နေတော့ မေယုတို့ဘုရားကျောင်းက ပရဟိတကိစ္စတစ်ခု​နဲ့ ကျေးရွာ ဒေသလေးကို ၅ရက်တာ ခရီးသွားစရာရှိတယ်။ ကမ်းခြေရှိတဲ့ ဒေသလေးတစ်ခုပေါ့။ ကျွန်တော်လည်း မေယုနဲ့ ရင်းနီးထဲက ဘုရားကျောင်းတက် ဘုရားကိစ္စတွေကို ဝိုင်းလုပ်ပေးနေတော့  ဘုရားကျောင်းရဲ့လူငယ် တစ်စိတ် တစ်ပိုင်းဖြစ်နေခဲ့ပြီလေ။ ထိုပရဟိတ ကိစ္စလေးမှာပါ၀င်ဖို့ အသင်းဆရာက ကျွန်တော့်ကို အကူညီတောင်းတယ်။ ကျွန်တော်လည်း လုပ်ပေးခဲ့ပါတယ်။

တိုက်ဆိုင်စွာနဲ့ ထိုပရဟိတ ခရီးစဥ္လေးမှာ မေယုလည်း ပါနေခဲ့တယ်။ မေယုကတော့ ဘုရားကျောင်း မိန်းခလေးအသင်း ကားနဲ့ပေါ့။ ဒါဟာ ကျွန်တော်ဘ၀မှာ မေယုနဲ့ တတိယအကြိမ် ခရီးသွားဖူးြခင်းပါ။ကျွန်တော်တို့ ကျေးရွာ ဒေသလေးလည်းရောက်ရော အားလုံးက ပျော်ပျော်ပါးပါးနဲ့ ပရဟိတတွေလုပ်ကြတယ်။ ဒေသခံကလေးတွေနဲ့ ကခုန်ကရင်းနဲ့ အကုန်လုံး စည်းစည်းလုံးလုံးနဲ့ တက်ညီလက်ညီပါပဲ။

ပရဟိတတွေလုပ်ရင်း ညနေစောင်းကိုရောက်လာတော့ အနားယူချိန်လည်းရောက်လာ​ပြီလေ။ တစ်ချို့က တနေ့လုံး ပင်ပန်းထားကြတော့ အိပ်စက်အနားယူကြတယ်။ တစ်ချို့ကတော့ စကားတွေဝိုင်းဖွဲ့ပြောကြတယ်။ အစားစာတွေ စားသောက်ရင်းပေါ့။

ကျွန်တော်ကတော့ အများနဲ့မတူပဲ ညနေခင်းရဲ့ နေ၀င်ချိန်ကို ကမ်းခြေရဲ့ ကုန်းမြင့်လေးတစ်ခုကနေ ငေးကြည့်နေမိတယ်။ မေယုလည်း ကျွန်တော့်လိုပါပဲ နေ၀င်ချိန်ရဲ့အလှတရားကို လာကြည့်တယ်ထင်ပါတယ်။ ကျွန်တော့်ဘေးနားကို ရောက်လာခဲ့တယ်။ နေ၀င်ချိန်ကို နှစ်ယောက်သားငေးမောရင်း မေယုက ကျွန်တော့်ကို မထင်မှတ်ထားတဲ့ မေးခွန်းလေး တစ်ခုမေးတယ်။

" နင် ၈ တန်းတုန်းက ရေးထားတဲ့ သီချင်းစာရွက်က ငါ့ကိုရည်ရွယ်ပြီးရေးထား တာလားတဲ့။ "

ကျွန်တော်လည်း နေ၀င်ဆည်းဆာရဲ့ ဘေးက မေယု ရဲ့ မျက်လုံးလေးကို ကြည့်ရင်းနဲ ့

" ဟုတ်တယ် နင့်ကိုရေးထားတာလေ
ငါတောင် အဲ့ကိစ္စလေးမေ့နေပြီ
နင်က ဘာလို့ အခုထိ မှတ်မိနေသေးတာလဲ "

ဆိုပြီး ပြန်​မေးလိုက်တော့ မေယု မျက်နှာလေးနီသွားတယ်။ ပုံလေးကရီချင်နေတဲ့ ပုံလေးပါပဲ။ပြီးတော့ ရှက်ကိုးရှက်ကန်းနဲ့ပဲ သဲသောင်ပြင်တွေဘက်ဆီကို ပြေးထွက်သွားပါလေရော။ သူတော်တော်လေး ရှက်သွားတယ်ထင်ပါတယ်။ ပြန်တောင်လှည့်မကြည့်တော့ပါဖူး။ ကျွန်တော်လည်း သူအဲ့လိုမေးမယ်လို့ လုံး၀ မထင်ထားခဲ့ပါဖူး။ ထိုနေ့က နေ၀င်ဆည်းဆာအလှထက် မေယု ရှက်သွားတဲ့ မျက်နှာလေးက ပိုလှပါတယ်။

I wrote about May Yu - (ကျွန်တော်ရေးခဲ့ဖူးသော မေယု အကြောင်း)Where stories live. Discover now