မိတ်ဆက်/မိတ္ဆက္

2.9K 56 9
                                    

Unicode
********

ခြေလှမ်းမှားနေတဲ့အချစ်တွေကို ဘယ်သူကများ တည့်အောင် ကူညီဆောင်မပေးနိုင်မလဲ

သည်လူကညှို့တယ် ကျွန်တော်ကပြေးမယ် အဆုံးမှာဘယ်သူဖမ်းမိမလဲ

နှစ်သိမ့်မရတဲ့အရာတွေထဲမှာ အသည်းကွဲခြင်းကထိပ်ဆုံးကပါတယ်

မြင်ကြည့်စမ်းပါလေ ချစ်တာရယ် မေတ္တာရယ် သစ္စာရယ်က တစ်ကန့်စီပါလို့

ဟုတ်ရင်လည်းဟုတ်မပေါ့ အသည်းနှလုံးက တောင့်တမှုကို လမ်းလွှဲပစ်လို့မှမရဘဲ

အပြုံးစင်းစင်းတွေထဲမှာ ကန့်သတ်ချက်တွေလည်းပါသတဲ့

တစ် မောင်မချစ်ရ
နှစ် မောင်မချစ်ရ
သုံး လည်း မောင်မချစ်ရ ပါပဲ

စည်းကမ်းတွေကိုလိုက်နာပေးပါ မောင်...

အသည်းနှလုံးက ပြုံးတယ် မျက်ဝန်းတွေကငိုတယ် နှုတ်ကချိုမြိန်စွာခြွေချတယ် တကယ်တမ်း သည်လူဝပ်ဆင်းနေရတာမောင့်ကြောင့်ပဲမလား

ဪ မြင်ကြည့်စမ်းပါလေ

မချစ်ရ လို့ ပြောတာနဲ့ပဲ တကယ်ကြီး မချစ်ဖို့ ကြိုးစားတော့မှာတဲ့လား

ညံ့လိုက်တာ ဗျာ...

နှလုံးသားကစည်းချက်မှန်မှန်သတိပေးနေတယ် အလိမ်မခံရ၊ မလှည့်စားရ ပြီးတော့ အရေးကြီးဆုံးက "မောင်မချစ်ရ" တဲ့
ညှို့တတ်တဲ့ အပြုံးတွေထဲမှာ သေဆေးတစ်ခွက်များကပ်ငြိသလား မောင်
‌သည်လူက သောက်ဖို့ ဝန်မလေးတော့သလိုပဲလေ...

**************************
A/N
မောင် ဆိုတဲ့ ညှို့ယူခြင်းကနေ စွယ်တော်မလွတ်မြောက်နိုင်သေးသလိုပါပဲ ရေခဲ လို ကြမ်းကြမ်းတမ်းတမ်း ဘွင်းဘွင်းရှင်းရှင်လူမျိုးထက် ညင်သာသလိုနဲ့ အေးခဲရက်စက်တဲ့မောင့်ကို မြင်ကြည့်ချင်မိပါရဲ့ short story ဖြစ်တာမို့ ရှင်တို့လည်း ကျွန်မ ပါဝင်ခံစားချိန်မှ updateရပါမယ် အခြေအနေတချို့ကြောင့် ဂျစ်ပစီကို ဆက်မရေးတော့ပါဘူး အပိုင်းတိုဖြစ်တဲ့‌"မောင်မချစ်ရ" ပြီးရင် သည်နေရာလေးမှာ စာဖတ်သူအနေနဲ့ စောင့်ကြည့်ဖြစ်ဖို့သာများပါတော့တယ်လေ

Zawgyi
********

ေျခလွမ္းမွားေနတဲ့အခ်စ္ေတြကို ဘယ္သူကမ်ား တည့္ေအာင္ ကူညီေဆာင္မေပးႏိုင္မလဲ

သည္လူကညႇိဳ႕တယ္ ကြၽန္ေတာ္ကေျပးမယ္ အဆုံးမွာဘယ္သူဖမ္းမိမလဲ

ႏွစ္သိမ့္မရတဲ့အရာေတြထဲမွာ အသည္းကြဲျခင္းကထိပ္ဆုံးကပါတယ္

ျမင္ၾကည့္စမ္းပါေလ ခ်စ္တာရယ္ ေမတၱာရယ္ သစၥာရယ္က တစ္ကန႔္စီပါလို႔

ဟုတ္ရင္လည္းဟုတ္မေပါ့ အသည္းႏွလုံးက ေတာင့္တမႈကို လမ္းလႊဲပစ္လို႔မွမရဘဲ

အၿပဳံးစင္းစင္းေတြထဲမွာ ကန႔္သတ္ခ်က္ေတြလည္းပါသတဲ့

တစ္ ေမာင္မခ်စ္ရ
ႏွစ္ ေမာင္မခ်စ္ရ
သုံး လည္း ေမာင္မခ်စ္ရ ပါပဲ

စည္းကမ္းေတြကိုလိုက္နာေပးပါ ေမာင္...

အသည္းႏွလုံးက ၿပဳံးတယ္ မ်က္ဝန္းေတြကငိုတယ္ ႏႈတ္ကခ်ိဳၿမိန္စြာေႁခြခ်တယ္ တကယ္တမ္း သည္လူဝပ္ဆင္းေနရတာေမာင့္ေၾကာင့္ပဲမလား

ဪ ျမင္ၾကည့္စမ္းပါေလ

မခ်စ္ရ လို႔ ေျပာတာနဲ႔ပဲ တကယ္ႀကီး မခ်စ္ဖို႔ ႀကိဳးစားေတာ့မွာတဲ့လား

ညံ့လိုက္တာ ဗ်ာ...

ႏွလုံးသားကစည္းခ်က္မွန္မွန္သတိေပးေနတယ္ အလိမ္မခံရ၊ မလွည့္စားရ ၿပီးေတာ့ အေရးႀကီးဆုံးက "ေမာင္မခ်စ္ရ" တဲ့
ညႇိဳ႕တတ္တဲ့ အၿပဳံးေတြထဲမွာ ေသေဆးတစ္ခြက္မ်ားကပ္ၿငိသလား ေမာင္
‌သည္လူက ေသာက္ဖို႔ ဝန္မေလးေတာ့သလိုပဲေလ...

**************************
A/N
ေမာင္ ဆိုတဲ့ ညႇိဳ႕ယူျခင္းကေန စြယ္ေတာ္မလြတ္ေျမာက္ႏိုင္ေသးသလိုပါပဲ ေရခဲ လို ၾကမ္းၾကမ္းတမ္းတမ္း ဘြင္းဘြင္းရွင္းရွင္လူမ်ိဳးထက္ ညင္သာသလိုနဲ႔ ေအးခဲရက္စက္တဲ့ေမာင့္ကို ျမင္ၾကည့္ခ်င္မိပါရဲ႕ short story ျဖစ္တာမို႔ ရွင္တို႔လည္း ကြၽန္မ ပါဝင္ခံစားခ်ိန္မွ updateရပါမယ္ အေျခအေနတခ်ိဳ႕ေၾကာင့္ ဂ်စ္ပစီကို ဆက္မေရးေတာ့ပါဘူး အပိုင္းတိုျဖစ္တဲ့‌"ေမာင္မခ်စ္ရ" ၿပီးရင္ သည္ေနရာေလးမွာ စာဖတ္သူအေနနဲ႔ ေစာင့္ၾကည့္ျဖစ္ဖို႔သာမ်ားပါေတာ့တယ္ေလ

မောင်မချစ်ရWhere stories live. Discover now