2.2K 303 22
                                    

人鱼陷落
Ren Yu Xian Luo



UNICODE


ပိုင်ချူနျန် တစ်ပြင်လုံးရေတွေရှိနေသည့်ထဲခက်ခက်ခဲခဲဖြတ်လျှောက်ပြီး ပလပ်သွားဆွဲဖြုတ်လိုက်ရသည်။ အဝတ်လျှော်စက်မှာ အဆုံးတွင်တော့ရပ်သွားခဲ့ပြီး ထိုငါးတစ်ကောင်လုံးရော သူ့ကိုယ်ပေါ်ကပတ်တီးများပါ လျှော်ဖွပ်ခံထားရ၍ တောက်ပြောင်ဝင်းလက်နေတော့၏။

"မင်းဘာလုပ်နေတာလဲ. . . . . .?"

လန်ပေါ အဝတ်လျှော်စက်ပေါ်က 'ရေလျှော်'ဆိုသည့်ခလုတ်ကိုထိုးပြလိုက်သည် ၊ 'လျှော်'ဆိုသည့်စာလုံးကိုတော့ သူသိပါ၏။

"အဲ့လိုဆိုရင်တောင် မင်းဆပ်ပြာရည်တွေဒီလောက်အများကြီးထည့်ပြီး ဘာလုပ်တာတုန်း။"

လန်ပေါအပြင်ဘက်ရောက်နေသည့် အမြီးရှည်ကြီးအဖျားဖြင့် အောက်ကဆပ်ပြာရည်ဘူးကိုကောက်မကာ တံဆိပ်ပေါ်က'လျှော်'ဆိုသည့်စာလုံးအား ပိုင်ချူနျန်မြင်အောင်ထပ်ထိုးပြလိုက်ပါသည်။

"ဂါး။"

". . . . . . ဒါဆို အဝတ်လျှော်စက်ကိုရော မင်းဘယ်လိုတောင်ဖွင့်လိုက်တာလဲ?"

သွားခါနီးတုန်းက သေချာပေါက်ပါဝါပိတ်ထားခဲ့တာဖြစ်သည်။

လန်ပေါကတစ်ခဏတာငြိမ်နေပြီးနောက် မျက်ဆန်အတွင်းအပြာရောင်အလင်းတို့လက်ဖြာလာလျက် အမြီးရှည်ကြီးတစ်လျှောက်လျှပ်စစ်တို့ဖြတ်စီးလို့သွားပြီး အဝတ်လျှော်စက်လျှပ်စစ်ပေါက်သို့တိုင်စီးဝင်ကာ အဝတ်လျှော်စက်မှာပွင့်လာတော့၏။ အဖွင့်တီးလုံးပင်မြည်လာလျက် တစ်ဖန်လန်ပေါအားအထဲ၌ချာလပတ်လည်နေစေပြန်သည်။

". . . . . ."





ပိုင်ချူနျန် အဆုံးမှာတော့Omegaကိုပွေ့မကာ ရေခြောက်အောင်သုတ်ပေးပြီးနောက် တဘက်နဲ့ပတ်၍ဆိုဖာထောင့်ချထားလိုက်၏။ ဖုန်းကိုကောက်ကိုင်ကာ အွန်လိုင်းမှနေအကြီးဆုံးငါးကန်တစ်ကန်မှာလိုက်ပြီး တစ်ဆက်တည်းနှစ်ယောက်စာထမင်းပါမှာလိုက်သည်။

စာမေးပွဲဖြေခွင့်ကဒ်နှင့် သွေးစစ်ချက်ကိစ္စတို့အား ဦးလေးကျင်နှင့်ထပ်သေချာလုပ်ဖို့လိုအပ်ကြောင်းတွေးမိ၍ ပိုင်ချူနျန်စာစီကာမက်ဆေ့ချ်ရိုက်လို့ပို့လိုက်ပါ၏။ အံကိုက်ပင်မှာထားတာကလည်းရောက်လာ၍ ပိုင်ချူနျန် လန်ပေါအားစားစရာတွေသွားယူဖို့ခိုင်းလိုက်မိတော့သည်။

ရန်ယွီရှန့်လော့ (ဘာသာပြန်)Where stories live. Discover now