၃၀ ပ

1.1K 197 4
                                    

人鱼陷落
REN YU XIAN LUO


UNICODE


(၅)မိနစ်ခန့်ကြာပြီးနောက်မှာတော့ ATWLစာမေးပွဲဖြေဆိုသူအားလုံး၏ အသိစိတ်အကုန်စာမေးပွဲခန်းပြင်ပသို့ပို့ဆောင်ခံလိုက်ရသည်။ စာမေးပွဲအတွင်းသေဆုံးကုန်ကြသည့် ဖြေဆိုသူတွေလည်းပြန်လည်နိုးထလာကြလျက် စိတ်ဒဏ်ရာကြောက်ရွံ့မှုတို့ဒွန်တွဲလျက်မှ ပုံရိပ်ယောင်မျက်မှန်အားချွတ်လိုက်ကြပြီး ဖုန်းပြောရုံနှင့်ဆင်တူသည့်အခန်းကျဉ်းလေးထဲမှ ထွက်လာလိုက်ကြပါသည်။ စာမေးပွဲခန်းထဲမဝင်ရခင်တုန်းက အဖွဲ့ဝင်တွေတော်တော်များများစုဝေးရာနေရာလပ်မှာပဲ စာစစ်အဖွဲ့မှထုတ်ပြန်လာမည့် အမှတ်စာရင်းနှင့်ကြယ်အဆင့်တို့အပြင် နိဂုန်းချုပ်ပြောကြားလာမည်တို့အားစောင့်ဆိုင်းနေမိကြသည်။

တခဏတွင်းမတူညီသည့်pheromoneနံ့တို့ လေထုထဲပျံ့နှံ့လျက်ရှိကာ ယူနီဖောင်းအရောင်မျိုးစုံလည်းကွင်းထဲ ပြည့်နှက်လို့လာ၏။ တချို့အဖွဲ့ကနောင်တရစွာဖြင့်ဒေါသထွက်ဆဲဆိုနေကြပြီး တချို့အဖွဲ့များကတော့အချင်းချင်းပုခုံးဖက်လို့ငိုယိုနေကြလျက်။

လုယန်မှာ နားရွက်ကလေးညှိုးကျနေလျက်ထောင့်နားလေးတွင်ဆောင့်ကြောင့်ထိုင်ကာ မျက်နှာအားလက်ဖဝါးကြားဝှက်ထားရင်း စိတ်တိုစွာဖြင့်ပိလန်ရှင်းထံတစ်ချက်တစ်ချက်ရှိုက်ငိုရင်း ပြောနေလေ၏။

"စာမေးပွဲလေးပဲဟာကို ငါသေတော့လည်းသေပါစေပေါ့ မင်းကဘာလို့စွမ်းရည်အဆင့်ကိုဖော်ပြရတာတုန်း ၊ ပါပါးကငါ့ကိုသေအောင်ဆဲတော့မှာ! သူတို့ကပါးစပ်ကနေမပြောပေမယ့် စိတ်ထဲမှာတော့ငါ့ကိုညံ့တယ်တွေးနေမှာ ၊ ဒီမှာမင်းအဆင့်ဖော်ထုတ်မိအောင်ငါဒုက္ခပေးမိတာလို့လေ ၊ ငါ့ပါပါးရော မင်းပါပါးရောအကုန် ငါ့ကိုငပိန်းယုန်လေးလို့ထင်နေကြတော့မှာ ၊ ငါ့ပါပါးဆို ငါတစ်ယောက်တည်းမွေးထားလို့ နောင်တရနေလောက်ပြီ ၊ ဝူးဝူးဝူးဝူးဝူးဝူး. . .  . . ."

"မငိုနဲ့တော့နော် ကိစ္စမရှိဘူး။"

ပိလန်ရှင်းကဒူးတစ်ဖက်ထောက်ကာ ဆောင့်ကြောင့်ထိုင်လိုက်ရင်း လုယန်၏မျက်နှာလေးကိုပင့်မ၍ မျက်ရည်တို့ကိုသုတ်ပေးလိုက်သည်။

ရန်ယွီရှန့်လော့ (ဘာသာပြန်)Where stories live. Discover now