၂၀

1.3K 242 7
                                    

人鱼陷落
REN YU XIAN LUO



UNICODE


လေးအေးစက်မှ လေသံခပ်တိုးတိုးသာထွက်ပေါ်နေပြီး အခန်းတွင်းတိတ်ဆိတ်နေသည်မှာ အပ်ကျသံကိုပင်ကြားရလောက်၏။ နှစ်ဦးစလုံး၏အသက်ရှူသံတို့တိုးညှင်းလို့သွားပြီး ကြွင်းကျန်ရစ်သည့်ဖိနှိပ်သည့်pheromone တို့ကအခန်းတွင်းပျံ့နှံ့နေ၍ လူအားဖိအားပေးနေသလိုခံစားရစေသည်။

ပိုင်ချူနျန် လွယ်လွယ်ပဲကော်ဇောပေါ်ထိုင်ချလိုက်ပြီး ဖျော့တော့တော့မီးရောင်အကူဖြင့်လက်ထဲကပုလဲလုံးလေးကို စိုက်ကြည့်ကာငြိမ်သက်နေမိလျက်။




လန်ပေါကိုစသိသည့်ပထမဆုံးရက်အား ပြန်အမှတ်ရမိသည် ၊ ခွဲစိတ်ကုတင်နှစ်လုံးပေါ်၌ သူတို့ဘေးချင်းကပ်လဲ​လျောင်းလျက်ရှိခဲ့ကြ၏ ၊ ထိုကောင်လေးမှာ အလွန်အားနည်းပြီး ခန္ဓာကိုယ်အားတောင့်တောင့်ကြီးလုပ်ထားကာ လက်ချောင်းတို့ကခွဲစိတ်ကုတင်ကို ခပ်တင်းတင်းဆုတ်ကိုင်ထားလျက်ရှိကြောင်း ပိုင်ချူနျန်မှတ်မိနေပါသေး၏။

ထိုသူ့လက်သည်းတို့က ကြောင်တစ်ကောင်လိုလက်သည်းချွန်ချွန်တို့ထုတ်နိုင်ပြီး ကိုယ်အောက်ကဆေးရုံသုံးအခင်းနှင့်ခွဲစိတ်ကုတင်အား အပေါက်အနည်းငယ်ဖြစ်အောင်ထိကုတ်ဆွဲထား၏။

သူနာပြုက ခပ်လှမ်းလှမ်း၌အသုံးပြုမည့်ကိရိယာများကိုရွေးချယ်နေပြီး ခွဲခန်းဓားအားလင်ပန်းထဲထည့်လိုက်ချိန်မှာတော့ အရိုးထဲထိကိုအေးခဲသွားစေမည့်မြည်သံထွက်ပေါ်လို့လာသည်။ ဆရာဝန်နှင့် မေ့ဆေးဆရာဝန်တို့ကတစ်ဖက်၌ ဘာတွေဆွေးနွေးတိုင်ပင်နေကြသည်မသိရ။

ပိုင်ချူနျန်က အရာအားလုံးကိုလျစ်လျူရှုထားလျက် ခွဲခန်းကုတင်ပေါ်လဲရင်း မီးလုံးကိုစိုက်ကြည့်ကာစိတ်လွင့်နေခဲ့ရင်းမှ ပျင်းရိစွာလက်ကိုမြောက်၍ မျက်စိစူးသည့်မီးရောင်ကိုလက်ဖြင့်ကွယ်ထားလိုက်သည်။

ဘေးကပ်ရပ်တွင်လဲလျောင်းနေသည့်ရေသူထီးOmegaက လှုပ်လာခဲ့၏။ ပိုင်ချူနျန်ဘေးစောင်း၍သူ့အားအကဲခတ်မိချိန်၌ နက်ရှိုင်းအေးစက်သည့်နီလာရောင်ပြာလဲ့လဲ့မျက်ဝန်းတို့နှင့် အကြည့်ချင်းဆုံမိခဲ့လေသည်။

ရန်ယွီရှန့်လော့ (ဘာသာပြန်)Where stories live. Discover now