人鱼陷落
REN YU XIAN LUOUNICODE
ကြေးစားသမားခြောက်ဦးသည် ကုတင်ဘေးတွင် မထင်မှတ်ဘဲပေါ်လာသော တံခါးမှ ဝင်လာကြကာ ပိုင်ချူနျန်နှင့်လန်ပေါတို့ထံ ၎င်းတို့၏စက်သေနတ်များဖြင့် ချိန်ရွယ်လာကြသည်။
အိန်းခယ်က ခနဲ့ကာအမိန့်ပေးလာ၏။
"သေနတ်ကိုကြမ်းပြင်ပေါ်ချပြီး ကန်ပစ်ပေးလာခဲ့။"
ပိုင်ချူနျန်လည်း ထိုသူပြောသည့်အတိုင်း HK417 အား ခြေထောက်အောက်ပစ်ချကာ အိန်းခယ်ထံ ကန်ပစ်ပေးလိုက်ပါသည်။ ဤသို့လုပ်ဆောင်ရာ၌ အခက်ခဲဆုံးအပိုင်းမှာကား လန်ပေါပေါက်ကွဲပြီးအခြားသူများကို ထိခိုက်အောင်သွားမလုပ်မိစေရန် လက်တစ်ဖက်သုံးပြီးထိန်းထားရခြင်းပင်။
လန်ပေါသည် ကိုယ်ထက်က နီရဲရဲဆူးတောင်တို့အားပြန်လည်ရုတ်သိမ်းလိုက်ရာ အပြာရောင်သို့ပြန်လည်ရောက်ရှိသွား၏။ အမြီးဖျားအား သိပ်မဝေးသည့်နေရာရှိ သလင်းကျောက်မီးဆိုင်းထက် ရစ်ပတ်ထားရင်း ထိုလူများကို တိတ်တဆိတ် စိုက်ကြည့်နေလိုက်သည်။
အိန်းခယ်က စက်သေနတ်ကိုထမ်းထားရင်း လက်ကိုဝှေ့ယမ်းလိုက်သည်။ အနောက်ရှိကြေးစားနှစ်ယောက်က ရှေ့တက်လာပြီး သတ္တုလက်ထိပ်ကိုထုတ်ကာ ပိုင်ချူနျန်၏လက်ကောက်ဝတ်နှစ်ဘက်အား ရှေ့ဘက်၌ခတ်လိုက်ကြ၏။
အခြားကြေးစားနှစ်ဦး လန်ပေါကိုလက်ထိပ်သွားခတ်ဖို့ပြင်နေရာ ပိုင်ချူနျန်သည် နံရံထောင့်ကိုမှီထားရင်းမှ လေချွန်လိုက်လျက်. .
"မင်းတို့မလုပ်တာကောင်းမယ်လို့ပဲ ငါအကြံပေးချင်တယ်။"
ထိုအတိုင်းသွားလုပ်ဖို့ကြိုးစားသည့် ကြေးစားသမားခမျာ အလွန်မြင့်မားတဲ့ ဗို့အားလျှပ်စီးကြောင်းရဲ့ လွှမ်းမိုးမှုအောက် မီးကျွမ်းတူးချစ်ကာ အရိုးပြာတောင်မကျန်တော့။
အိန်းခယ် သလင်းကျောက်မီးဆိုင်းပေါ်ခွေပတ်ထားသည့်ရေသူထီးအား ဘေးတိုက်လှမ်းကြည့်ကာ လေ့လာမိသည်။ ကြည့်ရသည်မှာတော့ ပျော့ညံ့နုဖတ်လှသည့်Omegaပါပင် ၊ ကိုယ်ထက်ရဲယူနီဖောင်းဝတ်ထားသော်ငြား ပုခုံးထက်ကအဆင့်မှာတော့ အနိမ့်ဆုံးစုံစမ်းစစ်ဆေးရေးရဲအရာရှိသာသာပင်။ ထိုအလုပ်တွင် အနိုင်ကျင့်မှုမှာအဖြစ်များပြီး ဝန်ထမ်းအသစ်များအား အခြေအနေကိုစုံစမ်းစစ်ဆေးရန် တွန်းပို့ခံရသည်မှာ ပုံမှန်ဖြစ်၏။
YOU ARE READING
ရန်ယွီရှန့်လော့ (ဘာသာပြန်)
ActionAuthor - 麟潜 (Lin Qian). Bai Chu Nian x Lan Bo 白楚年×兰波 Original Title - 人鱼陷落 / ရန်ယွီရှန့်လော့ Eng Title - The Fallen Merman / Preference of Poseidon 🧜♂️ ♦️|Myanmar Translation| Source - gongzicp