၇၀

718 111 12
                                    

人鱼陷落
REN YU XIAN LUO


UNICODE


ကားထွက်သွားပြီးနောက် စွန့်ပစ်စက်ရုံအဆောက်အအုံသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

ပင်လယ်စာစက်ရုံတစ်ခုတွင် အသေးစားပေါက်ကွဲမှုတစ်ခု ဖြစ်ပွါးခဲ့သည့်သတင်းမှာနံနက်အစောပိုင်းတွင် ပျံ့နှံ့သွားခဲ့ပြီး သတင်းထောက်များက အခင်းဖြစ်ပွားရာနေရာသို့ အလျင်အမြန်သွားရောက်ကာ သတင်းရယူခဲ့ကြသည်။ အဆိုပါပေါက်ကွဲမှုကြောင့် စက်ရုံရှိဝန်ထမ်းများ ထိခိုက်မှုမရှိသော်လည်း ကြေးစားသမားအချို့ သေဆုံးကာ ကုန်ပစ္စည်းများကတော့ ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း သိရှိရသည်။ ပေါက်ကွဲမှုမဖြစ်ခင်မှာပဲ ပင်လယ်စာနှင့် ထုတ်ပိုးထားသည့်သံဘူးများပါသည့် ကုန်တင်သင်္ဘောများကဆိပ်ကမ်းမှ ထွက်ခွါသွားပြီးဖြစ်၏။

ရဲများက စက်ရုံပတ်ပတ်လည်တွင် အတားအဆီးအကာများ တပ်ဆင်ထားပြီး ဝိုင်းအုံ့ကာလာရောက်စပ်စုကြသည့်လူများလည်းမနည်း ၊ ကံကောင်းထောက်မစွာ ဤနေရာသည် မြို့လယ်ဧရိယာမဟုတ်သောကြောင့် အရမ်းတော့မများ။

ရှုပ်ပွနေသော ခပ်ရှည်ရှည်ဆံပင်ကောက်ကောက်နှင့်Omegaကလူအုပ်ကြားမှတိုးထွက်လာသည်။ သူကအင်္ကျီပွပွကြီးဝတ်ထားကာ လျှာထိုးဦးထုပ်ဆောင်းလျက် လက်ရာမြောက်သော မှတ်စုစာအုပ်ငယ်နှင့် အသံဖမ်းစက်ကို လက်ထဲတွင်ကိုင်လို့ထားသည်။

သူသည် ရဲများကိုသက်သေရှာဖွေရန်ညွှန်ကြားနေသော အကြီးတန်းအရာရှိထံသို့ ပြေးသွားပြီး မျက်လုံးလေးကအပြုံးကြောင့်ကွေးသွားကာ မှတ်စုစာအုပ်ကိုကိုင်လျက် မေးလိုက်ပါသည်။

"ဆရာ ၊ ပေါက်ကွဲမှုကို ဖြစ်ပေါ်စေတဲ့လုပ်ကြံသူကို မှန်းဆမိတာမျိုးရှိလား?"

အရာရှိက သူ့ကိုတစ်ချက်ကြည့်လာပြီး. .

"မင်းကသတင်းထောက်လား?"

Omega၏မျက်လုံးထောင့်များက အလွန်ကော့သောကြောင့် သူပြုံးသောအခါတွင်မျဉ်းကွေးကွေးလေးတစ်ကြောင်းကဲ့သို့ဖြစ်လို့သွား၏။

"မဟုတ်ပါဘူးမဟုတ်ဘူး ၊ ကျွန်တော်ကစာရေးဆရာပါ ၊ ဒီအမှုကိုအလွန်စိတ်ဝင်စားမိလို့။"

ရန်ယွီရှန့်လော့ (ဘာသာပြန်)Where stories live. Discover now