၇၂

680 114 8
                                    

人鱼陷落
REN YU XIAN LUO


UNICODE


လုရှန့်ကျင်သည် စား,ပွဲသို့ပြန်လာပြီး ကလေးကသောက်တာများသွားလို့ တစ်ယောက်ယောက်ကိုအရင်ပြန်ပို့ခိုင်းလိုက်ပြီဟု ဆိုလိုက်သည်။ ရင်းနှီးသည့်သူငယ်ချင်းတွေနှင့် ပိုင်ချူနျန်၏ဘဝအတွေ့အကြုံအကြောင်းပြောဆိုဖြစ်ကြ၏။

ထိုကလေးက လက်ဝှေ့ကွင်းထဲကနေကောက်ခေါ်လာခဲ့သည့်မိဘမဲ့ကလေးလို့ သူတို့ကြားသိထားသည်။ ပိရွေ့ကျင့်ကအင်္ကျီလက်ကိုခေါက်တင်လိုက်ရာ ကြွက်သားတောင့်တောင့်လက်ဖျံထက်တွင် စိမ်းပြာရောင်အမှတ်အသားတစ်ကြောင်းပေါ်လို့လာလျက် : PBB-000026 ၊ အရက်ခွက်ကိုကောက်မပြီး တစ်ငုံသောက်ကာ လက်ထပ်လက်စွပ်ဝတ်ထားသည့်လက်ချောင်းက စားပွဲမျက်နှာပြင်ထက်အသာခေါက်ရင်း. .

"ငါသားကတော့ ဘာပြုစားခံလိုက်ရသလဲမသိပါဘူး ၊ ATWLစာမေးပွဲကပြန်လာပြီးကတည်းကကို ပိုင်ချူနျန်ဆိုတာ ပါးစပ်ကကိုမချဘူး ၊ အဲ့ကောင်လေးက ဘယ်လောက်တောင်တော်နေလို့လဲလို့တောင် ငါကတွေးနေတာ ၊ ငါ့သားက ကုပ်ကမြင်းလေး အပြင်ပန်းကကြမတုန်မလှုပ်ပေမယ့် စိတ်ထဲမှာကြတက်ကြွနေချက် ၊ အပေါ်ယံမှာတော့ အန်းဖေးယာကျောင်းကိုကောင်းကောင်းသွားတက်နေပေမယ့် စိတ်ထဲမှာကြ အဲ့မျိုးရိုးမြင့်အထက်တန်းလွှာအတန်းဖော်တွေကို နည်းနည်းအထင်သေးပြီးကြည့်ရမနေဘူးလေ ၊ အဲ့ကိစ္စနဲ့ပတ်သက်ပြီး တစ်ညလုံးပဲငါ သူနဲ့ဆွေးနွေးဖြစ်သေးတယ်။"

ထိုပုဂ္ဂိုလ်ကတော့ ပိလန်ရှင်း၏ Alphaဖခင်ပါပင် ၊ PBBအထူးတပ်ဖွဲ့မှ အငြိမ်းစားယူထားသည့် ဒုဗိုလ်မှူးဟောင်းဖြစ်ကာ အပြည်ပြည်ဆိုင်ရာ ကုန်သည်ကြီးများအသင်းတွင် နေရာတစ်ခုရှိလျက် စကားတစ်ခွန်းဆိုတစ်ခွန်းအရေးပါလှသူ။

"ဘာများဆွေးနွေးနေစရာလိုလို့လဲ ၊ ကလေးတွေ စိတ်ထဲနည်းနည်းမာနကြီးတာက မကောင်းတဲ့ကိစ္စမှမဟုတ်တာ။"

လုရှန့်ကျင်ဆိုလိုက်သည်။

ဘေးတွင်ထိုင်နေသည့် ဟုန်ယဲ့ ရှမိသားစုရဲ့လက်ရှိအကြီးအကဲဖြစ်သူ ရှဖင်ထျန်းက သူ့ကိုပြောလာ၏။

ရန်ယွီရှန့်လော့ (ဘာသာပြန်)Where stories live. Discover now