Ep-3 Same to you

507 45 3
                                    

Jinလှေကားမှတဆင့်အိမ်ပေါ်သို့တက်သွားကာဘယ်အခန်းမှန်းမသိသည်မို့လိုက်ရှာရင်းအခန်းတစ်ခုတွေ့သဖြင့်တံခါးဖွင့်လိုက်ရာလူတစ်ယောက်သူ့ကိုကျောပေးထိုင်ကာgameကိုသဲကြီးမဲကြီးဆော့နေသည်ကိုတွေ့ရ၏။ Jinတံခါးဖွင့်သံကြားတော့သူကလှည့်မကြည့်ပဲ
Jungkook-ဟေ့ကောင်မင်းရဲ့အိုမင်းရွတ်တွအသက်ကြီးပြီးသူငယ်ပြန်နေတဲ့မုန့်စာအဘိုးအိုသိုးပေါက်ကိုကြိုပြီးပြီလားဘယ်လိုလဲသူကပွစိပွစိအဘ်ုးကြီးလား

(အဲ့မာပြောနေလိုက်တော့Jkရေ🤧)

Jinအံ့ဩစွာပါးစပ်ကိုဟရင်း
Jin:ဘာ........အိုမင်းရွတ်တွပြီးဘာဖြစ်တယ်
Jungkookလည်းဘယ်သူမှန်းမသိပဲဇွတ်ပြောနေရာမှထိုအသံကြားတော့လှည့်ကြည့်မိလိုက်သည်ထိုအခါကောင်းကင်ဘုံကိုလက်မှတ်ဖြတ်စရာမလိုပဲတန်းရောက်သွားသလို
Jin-ဘာအဘိုးကြီးလဲလူကိုတစ်ချက်ရှိုးစမ်းပါဦးဘယ်နားမှာအိုမင်းရွတ်တွနေတာတွေ့လို့လဲအဲ့လောက်တောင်နုဖတ်အုအက်ပြီးအမေ့ဗိုက်ထဲကထွက်သလိုဖြစ်နေတာကိုပြီးတော့နေရောင်ထဲထွက်ရင်တောင်နေမင်းကမ္ဘာပေါ်တိုက်ရိုက်ဆင်းလာသလားအောင်မေ့ရအောင်ကိုယ်ရောင်ကိုယ်ဝါတွေထွက်နေပြီးglow နေတာကိုသူ့ကြည့်တော့သူငယ်နာမစင်နို့မပြတ်သေးတဲ့မွေးကင်းစယုန်ပေါက်လိုလိုဘာလိုလိုကောင်ကများမမြင်‌ဘူးသေးတဲ့လူကိုမှိုချိုးမျှစ်ချိုးပြောနေလိုက်တာများစာနာစိတ်ကဂုတ်ကပ်နေသလားဒီလောက်တောင်ချောမောလှပပြီးစိတ်ထားပြည့်ဝနေတ‌ဲ့ငါ့လိုတက္ကသိုလ်ရဲ့King Kim Seokjinကိုပြောနေတာများမင်းကအကျင့်ကိုလုံးဝဥဿုံနောက်ဘုရားပွင့်ပြီးနောက်ထပ်လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်းကြာတောင်အကျင့်ကောင်းလာမဲ့ကောင်မဟုတ်ဘူးသိရဲ့လားလူကိုပြောနေတာရစရာကိုမရှိဘူး

(ကဲJkရေ WWH Jinရဲ့မျက်နှာဒီဇိုင်းကာလာအနေ‌အထားကိုသွားပြောမှတော့သူရဲ့ rap skillတွေနဲ့တွေ့ပြီမလား)

Jinသာသူ့ကိုပြော‌‌ေန‌သော်လည်းJungkookစိတ်ရောက်နေသည်ကတော့ထိုသူ့စကားများမဟုတ်သူ့ရဲ့နှုတ်ခမ်းအစုံကိုပင်။ငေးကောင်‌းကောင်းနဲ့ငေးနေတာနောက်ဆုံးထိုသူမောသလိုနှင့်ရပ်သွားပြီးသူအားခါးထောက်ကာစူပုတ်ပုတ်နှင့်ကြည့်နေကာ
Seokjin -ဘာ..........ဘာကိုကြည့်နေတာလဲဆိုကာစူပုတ်ပုတ်နဲ့‌မေးသေးသည်
Jungkookရယ်မောလိုက်ကာ
Jungkook -ဘာမှမဟုတ်ရပါဘူးဗျာကဲပြောပါဦးဘာကိစ္စနဲ့ဒီအခန်းထဲဝင်လာရတာလဲ
အဲ့တော့မှဟိုကြည့်ဒီကြည့်ကြည့်ကာ
Seokjin -ငါ့အခန်းမသိလို့ဒီအခန်းမှတ်နေတာ
Jungkook မေးငေါ့ပြရင်း
Jungkook -ဟိုဘက်မှာ
လို့ပြောတော့ Jungkook ကိုသေချာစိုက်ကြည့်ရင်းခြေတချက်ဆောင့်ကာထွက်သွားတော့ Jungkook ဟက်ဟက်ပက်ပက်ရယ်မောမိသေးသည်
ပြီးတော့မှသက်ပြင်းချကာရင်ဘတ်ပေါ်လက်တင်ရင်း
Jk'pov-သူဆောင့်သွားတာကြမ်းပြင်ကိုလေကွာငါ့နှလုံးသားလေးကိုမှမဟုတ်တာဘာလို့အဲ့လောက်ခုန်နေရတာလဲ
ထို့နောက်ထိုင်ခုံပေါ်ခေါင်းမှီလိုက်ကာ Jinပုံစံလေးကိုပြန်တွေးမိကာပြံုး‌နေသည်
ထိုအချိန်အခန်းတံခါးဖွင့်လာကာ Taehyung တစ်ယောက်အခန်းထဲဝင်လာကာ
Taehyung -Jungkook-ah
လို့ခေါ်ပြီးမှသူရဲ့ပြုံးြဖီးြဖီးမျက်နှာကိုသတိထားမိကာ
Taehyung -ဟေ့ရောင်မျက်နှာကြီးကအီးမှန်ထားသလိုပြုံးပြုံးကြီး
Jungkook -aww မင်းကတော့အီးမှန်မှတော့ပြုံးပြုံးကြီးဖြစ်နေစရာလားဒါဆိုမင်းကပိုဆိုးတယ်ချီးစားထားသလိုပဲပျော်ရွှင်နေတာများ
Taehyung ရယ်မောကာအိပ်ယာပေါ်ပစ်လှဲလိုက်သည်
Taehyung -ငါကွာ Jin Hyung ကိုတွေ့ရင်ချေမယ်ပေါ့ဘယ်နှယ့်ကွာတွေ့လည်းတွေ့ရကော အိုး……………
Jungkook -ကမ္ဘာကြီးရပ်တန့်သွားတယ်မလား
Taehyung ကုတင်ပေါ်မှထထိုင်လိုက်ကာမင်းဘယ်လိုသိတာလဲ
Jungkook ကသူ့ယုန်သွားများပေါ်အောင်ရယ်ပြကာ Taehyung ကိုကြည့်လိုက်တော့သူမျက်လုံးများပြူးလာကာ
Taehyung -ဟင်မင်း…….မင်းတွေ့ပြီးပြီပေါ့
Jungkook -ရန်တောင်ဖြစ်ပြီးပါကောလားဆရာ ငါနဲ့ဟိုလိုရန်ဖြစ်တာမဟုတ်ပေမဲ့တံခါးဖွင့်တော့မင်းထင်ပြီးအတင်းလေးတစ်ကြောင်းလောက်ပြောမိတာကိုကွာဆယ့်ငါးခွန်းလောက်ပြန်သွင်းသွားတာငါ့ကောင်စကားလုံးတွေတန်းစီပြီးrapစပ်သွားတာများrapperလုပ်လို့ကတော့အောင်မြင်ဦးမယ်တစ်ခွေထဲနဲ့ကိုပေါက်မှာ
Taehyung -မင်း Hyung ကိုဘာတွေပြောလိုက်တာလဲ ဆိုကာမျက်နှာတည်နဲ့မေးလာတော့
Jungkook စိတ်ပျက်ပျက်အမူအရာလုပ်လိုက်ကာ
Jungkook -အမယ်လေးပြောတော့ဘာတဲ့ကိုးတောင်ကျားဆိုလားအခုတစ်ခွန်းလောက်ပြောလိုက်ရတာကို အမယ်လေးတကယ်ပြောတာဘာမှကိုမပြောလိုက်ရတာခင်ဗျားလူကသွင်းသွားလိုက်တာရင်တွေတောင်အောင့်သွားတယ်
Taehyung ကလက်တကာကာလုပ်ကာ
Taehyung -ဟိတ် playboy ကကိုယ့်ဘာသာနေနော် boyအချင်းချင်းကစားဖို့တော့မကြံနဲ့စည်းဆိုတာရှိတယ်
Jungkook -အမယ်လေးမနေ့တစ်နေ့ကမှငါကွအဖြောင့်လုံးဝမကွေးဖူးဆိုပြီးကြွေးကြော်နေတဲ့လူကများပြီးတော့စည်းဆိုတာပါးပါးလေးပါကွဒါပေမဲ့မဟုတ်မှလွဲကောမင်းသူ့ကို
Taehyung လည်းရှက်ပြုံးပြုံးကာခေါင်းငုံပြီးမှမျက်နှာတည်နှင့်
Taehyung -ဖြစ်စရာလားကွအိမ်ရောက်လာတဲ့ဧည့်သည့်ပြီးတော့အမေနဲ့သိနေလို့ရှောင်ခိုင်းနေတာပြီးတော့သူကငါတို့ရဲ့ Hyung ဖြစ်နေမဲ့သူလေဒါနဲ့မင်းကောသူ့အပေါ်
Jungkook -အာမဟုတ်တာကွာငါလည်းမင်းလိုပါပဲငါကစရုံပါ
ထိုစဉ‌်အောက်ထပ်မှ
သားတို့ရေထမင်းစားလို့ရပြီဟူသော Kim Sooye အသံကိုကြားလိုက်ရသည်
Taehyung တို့အခန်းမှာတံခါးဖွင့်ထားသည်ဖြစ်ရာ Jinလမ်းလျှောက်လာဘအိပ်ပျော်နေသလိုမလှုပ်နိုင်
Jungkook က -စားမယ်လေလို့ထပြောတော့မျက်မှောက်ကြုတ်ပြကာနှုတ်ခမ်းစူရင်း
Jin-  Taehyungie ပြောတာကို
Jungkook -ကျနော်လည်းပါးစပ်ပါတယ်လေ Jin Hyung လေးရဲ့
Jin လည်းနှုတ်ခမ်းစူကာပြောကိုမပြောချင်ဖူးဆိုကာ အောက်ထပ်ဆင်းသွားလေသည်
Taehyung လည်း Jungkook ဘက်လှည့်ပြီးသူ့ကိုသူလက်ညိုးထိုးပြကာ
Taehyung -ခုသူငါ့ကိုနှုတ်ခမ်းစူပြသွားတာလား
Jungkook -ခုနကတော့ကြက်သေသေနေပြီးခုမှဘာတွေလာမေးနေတာလဲပြီးတော့မင်းရဲ့မျောက်လုံးအဲလေမျက်လုံးဆေးခန်းပြဖို့လိုပြီသူနှုတ်ခမ်းစူပြတာငါ့ကိုငါ့ကိုကွ
Taehyung Jungkook ကိုဘောက်ဆပ်ဆပ်ကြည့်ကာ
Taehyung -ထမင်းစားဖို့လစ်ပြီ
ဆိုကာပြေးဆင်းတော့ Jungkook လည်းအနိုင်မခံအရှုံးမပေးအောက်ထပ်သို့လိုက်ဆင်းလာလေသည်

OnlyWhere stories live. Discover now