ချစ်ရသူကိုနိုးနိုးချင်းတွေးမိတာ အရူးထတာလို့ခေါ်သလား ဘာလို့နာမည်တပ်ကြသလဲ နားမလည်ပေမဲ့ အဲ့တာလေးကိုဆက်ပြီးအရမ်းသဘောကျနေမိတာ
💜💜💜💜💜💜💜
မနက်စောစောသူထလာတော့ ပထမဆုံးတွေးမိသည်က Jin ကိုဘယ်လိုစတင်ပတ်သတ်ရမလဲဆိုတာပါပဲ။
Jungkook 'pov - ပါးပြင်ပေါ်ကအနမ်းတစ်ပွင့်ကတောင်ဒီလောက်ချိုနေရင် ကျန်တဲ့နေရာတွေဆိုဘယ်လောက်တောင်ချိုမြိန်မှုပေးနိုင်လိုက်မလဲ ကျွန်တော့အပိုင်လေးသာဖြစ်လာပေးပါတော့ Hyung
ဒီနေ့ကျောင်းဆင်းရင် အဖွဲ့လိုက်ကြီးရုပ်ရှင်သွားကြည့်ကြမယ် တိုင်ပင်ပြီးသား။ သူအောက်ထပ်ကိုခပ်သွက်သွက်ဆင်းလိုက်တော့ တွေ့ပါပြီ ခရမ်းရောင်နတ်သားလေး ဒီဆံပင်နဲ့ဒီလောက်တောင်လိုက်ဖက်နေရသလား။ ဘာလို့လဲ မဟုတ်မှလွဲရောဒီလောက်ပြည့်စုံနေရတာ အနာဂတ်ကျွန်တော့်အပိုင်လေးဖြစ်လာမှာမို့လို့လား။
Jungkook သဘောကျစွာတွေးလိုက်ရင်း Jin ဘေးရှိထိုင်ခုံကိုဆွဲလိုက်တော့ သူ့လက်အပေါ်ဖုံးအုပ်လာတဲ့သွယ်လျလျလက်ချောင်းရှည်များ။
Taehyung - Sorry ငါထိုင်ပြီးသားငါ့နေရာ
ကြည့်လိုက်တော့ အဲ့နေရာမှာ မုန့်စားပြီးသားတွေရှိနေပြီးသား။ Sooye က သူ့ဘေးကခုံကိုပုတ်ပြကာ
Sooye - လာသားဒီမှာထိုင်
မျက်နှာချင်းဆိုင်ရှိတာလဲမဆိုးပါဘူး။ သူအဲ့လိုပဲတွေးကာ မျက်နှာချင်းဆိုင်ခုံမှာဝင်ထိုင်လိုက်တော့ သူ့ကိုပြုံးပြလာသည့် Jin
သူပြန်ပြုံးပြရင်း ပေါင်မုန့်တစ်ချပ်ကိုယိုသုတ်နေတုန်း
Taehyung - Hyung ဒီနေ့ရုပ်ရှင်လိုက်ကြည့်မှာမလား
Jin - လိုက်မှာလေ Taehyung ကလည်း ငါကြည့်ချင်လွန်းလို့မှ အကြံပေးထားတာကို
Jungkook သူတို့နှစ်ယောက်ကိုကြည့်ကာ ပါးစောင်ကိုလျှာဖြင့်ထိုးကာ ကစားနေမိသည်။
Sooye - သား Jungkook ထည့်စားလေ
သူငြိမ်နေတော့ အန်တီ Sooye ကဟင်းတွေလာထည့်ပေးရှာသည်။ ဧည့်ဝတ်ကျေစွာသူပြုံးပြလိုက်ရင်း တစ်ချက်လှမ်းကြည့်မိတော့ Taehyung ကသူ့ကိုစိုက်ကြည့်နေသည်။ထို့နောက်တော့သူ့ကိုပြုံးပြလာသည်။အသက်မရှိတဲ့သူလိုအေးစက်စက်အပြုံး
Taehyung 'pov - sorry Jungkook မင်းဘက်ကအရမ်းေတွတဇွတ်ထိုးဆန်ပြနေရင်ငါ့ဘက်ကလည်း ရအောင်ရှေ့တိုးရလိမ့်မယ်
YOU ARE READING
Only
Romancev:ဖြူဝင်းပြီးချစ်စရာကောင်းနေတဲ့လမင်းလေးကကိုယ့်အတွက်သာနေတာမဟုတ်ဖူးဆိုတာသိရတာသိပ်ဝမ်းနည်းရတယ် jk:ဒါကငါတို့သူငယ်ချင်းသံယောဇဉ်ကိုထိခိုက်မယ်ဆိုတာသိပေမဲ့လည်းtaehyungရယ်ငါတကယ်..... jin:သဘောကျတယ်voo ဒါပေမဲ့Jungkookကိုငါအရမ်းကိုဂရုစိုက်ပေးချင်တာ