Ep - 17 You

463 44 7
                                    

ချစ်ခြင်းတရားတွေက ကိုယ့်ကို ဥပေက္ခာပြုသွားတဲ့ အခါ ကိုယ်တိတ်တခိုးလေး ချစ်ခဲ့ရရင်တောင် သိပ်ကို နာကျင်ရပြန်ပါတယ်။
💜💜💜💜💜💜💜

Jungkook တစ်ယောက် bar မှာအရက်ကိုလူမှန်းသူမှန်းမသိအောင်သောက်မိနေ၏။ ဒါဟာ bar ကို Taehyung မပါပဲ ပထမဆုံးလာမိတာဖြစ်သလို ပထမဆုံး အချစ်ရဆူံသူငယ်ချင်းကို မနာလိုဖြစ်ပြီး အရမ်းနာကျင်မိတာပါပဲ။
Jungkook - ဘာလို့လဲ ဘာလို့လဲကွာ ငါလဲအဲ့လောက်ချစ်ပြနေတာပဲလေ အဲ့တာကိုဘာလို့ငါ့ကျမမြင်နိုင်ရတာလဲ ဘာလို့သူ့ကိုပဲလဲ Hyung ရာ ဘာလို့လဲ
သူမူးမူးရူးရူးနဲ့ ဖုန်းကိုဖွင့်လိုက်ပြီး J နှင့်စသည့်ဖုန်းနံပါတ်ကို ကောက်နှိပ်လိုက်ရာ တူခနဲ အသံတစ်ခုကြားရပြီး တဖက်ဖုန်းဆီ ဖုန်းဝင်နေသံကိုကြားလိုက်ရသည်။ သိပ်မကြာလိုက်ခင်မှာပဲ ဖုန်းကိုင်လိုက်တာကြောင့်
Jungkook - ဘာလို့လဲ Hyung ကျနော်ကျဘာလို့မမြင်ရတာလဲ ကျနော်သိပ်ချစ်တယ်လေ Hyung သိရဲ့လားလို့ Hyung ကြောင့်ကျနော် အခု bar မှာလဲမူးနေရပြီ ကျနော်သိပ်ခံစားရတယ် ကျနော် ရူးသွားချင်တယ် ကျနော်အချစ်ဆုံးသူငယ်ချင်း ကိုစိတ်ထဲနေ ဒေါသတွေထွက်ပြီး မကောင်းကြံမိနေတဲ့အတွက် ကျနော့်ကို က‌ျနော်လဲ သိပ်စိတ်ပျက်တယ်။
-- Jungkook
Jin အသံမဟုတ်မှ Jungkook စကားပြောရင်း ဖုန်းကိုခွာလိုက်ကာကြည့်မိလိုက်သည်။
Jungkook - ဘယ်ကကောင်လဲကွဟမ် Jin Hyung အသံလဲမဟုတ်ဖူး Taehyung လဲမဟုတ်ဖူး ဘယ်သူကြီးလဲ။
Jimin - ငါပါ Jimin
Jungkook - aww ဟုတ်သား
Jimin - Jungkook မင်းနေရာပြော ငါလာခဲ့မယ်။

Jin အခန်းထဲဝင်သွားတော့ အခန်းထောင့်တွင်ပံုလဲနေသော Taehyung ကိုတွေ့လိုက်ရသည်။ ဘေးတွင်လည်း အရက်ပုလင်း များစွာ ပြန့်ကျဲနေသည်။
Jin - Taehyung
သူလှုပ်နိုးလိုက်သော်လည်း Taehyung ကတုတ်တုတ်မှမလှုပ်လာခဲ့။
Jin - Taehyung - ah
ဆိုကာနောက်ထပ်ခပ်ကြာကြာနိှုးမှ
အင်း ဆိုသည့် အသံပိစိလောက်ထွက်ကာ မျက်လုံးအနည်းငယ် ဖွင့်ကြည့်လာလေသည်။
Taehyung - Jin Hyung ကျနော့်ဆီလာတာလား
Jin - Taehyung ငါ
စကားတောင်ကောင်းကောင်းမပြောလိုက်ရသေးခင်မှာပဲ Taehyung ဆီက ရုတ်တရက်ဆွဲဖက်တာခံလိုက်ရတာကြောင့် သူပြောမည့်စကားများတောင်ပျောက်ကုန်သည်။
Jin - Taehyung - ah
Taehyung - ချစ်တယ် Hyung သိပ်ကိုချစ်တယ် အရမ်းချစ်တယ်
Jin မျက်လုံးများပင်ပြူးသွားမိသည်။
Jin - Taehyung - ah မင်းမူးနေပြီထင်တယ်
Taehyung - ဟင့်အင်း ကျနော်မမူးသေးဘူး ကျနော်အသိရှိသေးတယ်
Taehyung မျက်နှာ Jin ဆီတိုးသွားပြီး Jin နှုတ်ခမ်းကို တစ်ချက်ဆွဲနမ်းလိုက်သည်။
Taehyung - Hyung က ကျနော့်ကို မချစ်လို့လားဟင်
Jin - ငါ …ငါ
Taehyung Jin ဂုတ်ပိုးကိုဆွဲကာ ဆွဲကပ်နမ်းပစ်လိုက်တော့သည်။ Jin လဲမျက်လုံးများကိုမှိတ်ထားရင်း စီးမြောလိုက်သည်။

OnlyWhere stories live. Discover now