ထမင်းစားခန်းထဲရောက်တော့ Sooye က Taehyung တို့ကိုအံ့ဩသလိုကြည့်နေသဖြင့် Jin က
Jin -အန်တီဘာဖြစ်တာလဲ
Sooyeက Taehyung တို့ကိုလက်ညိုးထိုးပြလျှက်
Kim Sooye - ဒီကောင်တွေလေအမယ်လေးပုံမှန်ဆိုရင်အရမ်းကို computer ကိုချစ်နေကြတာတစ်ခါမှလက်ဆုံစားရတယ်ဆိုတာမရှိဖူးဘူး
Taehyung လည်းခပ်တည်တည်နှင့် Jin ဘေးကထိုင်ခုံကိုဆွဲကာဝင်ထိုင်လိုက်ရင်း Taehyung -အမေတို့ကတော့ပိုလိုက်ရမှ
Jungkook လဲ Taehyung ဘေးမှခုံလေးကိုဆွဲထိုင်လိုက်သည်(စားပွဲခုံကစက်ဝိုင်းပုံစံမျိုးပါနော်လူကနည်းလို့စားပွဲခုံသေးသေးပုံစံမျိုးပါ Tae ဘေးကJin , Jin ဘေးက Kim Sooye ,နောက်သူ့ဘေးကတော့ Jungkook ဆိုတော့ Jungkook နဲ့Jin မျက်နှာချင်းဆိုင်သဘောပါ)
Jungkook လည်းခပ်တည်တည်နဲ့ Jin နဲ့မျက်နှာချင်းဆိုင်ခုံမှာဝင်ထိုင်ပြီးမျက်စိတစ်ဖက်မှိတ်ပြလိုက်တော့ Jin ကအန်ချင်တဲ့ပုံပြန်လုပ်ပြ၏
Kim Sooye-မိတ်ဆက်ပေးရဦးမယ်
ဒါက Jeon Jungkookတဲ့ Taehyungရဲ့သူငယ်ချင်းလေးငယ်ငယ်ကတည်းကပေါင်းလာကြတာ ခုဆိုသူကသူ့အိမ်တောင်မပြန်တော့ဘူးဒီအိမ်သားလိုဖြစ်နေတော့တာပဲ
Jinကဘောက်ဆပ်ဆပ်နဲ့ Jungkook
ကိုတစ်ချက်ကြည့်လိုက်သေးသည်ပြီးမှခေါင်းကိုငုံ့ကာတစ်ချက်ငြိမ့်ပြ၏
Jungkook လည်းအသဲတယားယားနှင့်သူလုပ်သမျှကိုယုန်သွားလေးပေါ်အောင်ပြုံးကာလိုက်ကြည့်နေမိသည်ထိုဖြစ်စဉ်တစ်ခုလုံးကိုအသေးစိတ်ကျအောင်တစ်ဖက်ကိုတစ်ဖက်လိုက်ကြည့်နေသူက Taehyung
ထမင်းစစားကြတော့အန်တီက Jinကိုအားမနာဖို့ပြောသည်
Taehyung လည်းဟင်းပန်းကန်ထဲမှအသားဖတ်တစ်ဖက်ကိုယူကာ
Taehyung - Hyung စားနော်
ဆိုကာထည့်ပေးတော့သူ့အမေကသူ့ကိုမျက်ထောင့်နီကြီးနှင့်ကြည့်၍
Sooye - အမယ်လေး Kim Taehyung တို့များလိမ္မာချက်မွေးလာတဲ့22လုံးတစ်ခါမှအမေ့ကိုဟင်းမထည့်ပေးဘူးတာကို(Ficလေးအရအသက်လေးငယ်ထားပါတယ်နော်သို့ေပမဲ့တို့ကောင်လေးတွေကလည်းအဲ့ေလာက်ငယ်ငယ်လေးပဲထင်ရပါတယ်💜)
Jinလည်းခေါင်းလေးမော့ကာတစ်ချက်ရယ်လိုက်ရင်း
Jin- Taeကကျွန်တော်ကခုမှရောက်လာတဲ့ဧည့်သည်မို့ဂရုစိုက်နေတာပါနော
ဆိုကာမျက်လုံးလေးတစ်ဖက်မှိတ်ပြလိုက်တော့ Taehyung က boxy လေးထောင့်စပ်စပ်ပုံေလးပေါ်အောင်ရယ်ပြရင်း
Jungkook ကိုလှမ်းကြည့်လိုက်သည် အဓိပ္ပာယ်ကတော့မင်းကနှုတ်ခမ်းလေးစူအောင်လုပ်နိုင်ရင်ငါကသူ့ပါးဖောင်းဖောင်းလေးတွေပေါ်အောင်လုပ်နိုင်ပါသည်ဆိုတဲ့သဘော
ချက်ဆိုအရက်ကိုပြေးမြင်တတ်တဲ့ Jungkook ကလည်းတန်းသိလိုက်သည်ထို့ကြောင့်
Jungkook -အဲ့အတွက်စိတ်မကောင်းဖြစ်မနေပါနဲ့အန်တီရယ်ကျွန်တော်ထည့်ပေးမှာပေါ့ပြီးတော့ကြားဖူးတယ်မလားဧည့်သည်ဆိုတာခွေးလိုပဲထည့်ပေးမှစားတတ်တာတဲ့ကြည့်လေအခုကိုခွေးပေါက်လေးလိုပဲလုံးလုံးလေး
Jinအံကြိတ်ပြလိုက်ကာမျက်လုံးပြူးပြလိုက်တော့Jungkook ကအားရပါးရရယ်ပြန်လေသည် Taehyung ကတော့မှုန်ကုတ်ကုတ် ထိုစဉ်အန်တီ Sooye ကမျက်ရည်လေးဝဲတဲတဲနှင့်သူ့ကိုစိုက်ကြည့်နေသလိုခံစားရတော့ Jin လှည့်ကြည့်လိုက်ကာ
Jin-အန်တီဘာဖြစ်လို့လဲဟင်လို့မေးမှကျန်တဲ့သူတွေလည်းဝိုင်းကြည့်လိုက်ကာ
ဘာဖြစ်တာလဲဝိုင်းမေးကြတော့
Sooye-ဘာရယ်မဟုတ်ပါဘူးသားတို့ရယ်ဒီလိုခြောက်ကပ်နေတဲ့အိမ်ကြီးမှာအသက်ဝင်လာတာကိုကြည့်ပြီးပျော်မိလို့ပါဒီလိုမဖြစ်ရတာ.........
Taehyung စားရင်းမှဝုန်းကနဲထရပ်လိုက်ကာ
Taehyung-သားအိမ်ပေါ်တက်တော့မယ်
Jinလည်းခပ်ကြောင်ကြောင်နှင့်ကြည့်ကာကျန်ရစ်ခဲ့လေသည်ကျန်တဲ့ Jungkook ကလည်းမတ်တပ်ရပ်လိုက်ကာ
Jungkook -ကျွန်တော်လိုက်သွားလိုက်ပါ့မယ်အန်တီစိတ်မပူနဲ့နော်
Kim Sooye လည်းခေါင်းလေးတစ်ချက်ငြိမ့်ပြလိုက်တော့ Jungkook ကလည်းပြုံးပြကာအိမ်ပေါ်တက်သွားပြန်လေသည်
ဘာမှနားမလည်တဲ့ Jinကတော့သူတို့အိမ်ကိစ္စဖြစ်ကာကိုယ်ကအပြင်လူမို့မေးရန်မကြိုးစားတော့ပဲဒီတိုင်းနေလိုက်တော့သည်
Kim Sooye - စိတ်ထဲမထားနဲ့နော်သား စားစား
Jin-ဟုတ်
ပြောသာပြောရတာသူလည်းသိပ်တော့အားမရှိလှ
နေ့လည်စာစားပြီးအိမ်ပေါ်တက်ကာနားမယ်လုပ်တော့Taehyungတို့အခန်းထဲမှ Gameဆော့သံကြားတော့ဝင်ကြည့်လိုက်မိရာ Taehyung ရောJungkook ရောသူ့ကိုတစ်ပြိုင်နက်လှည့်ကြည့်လိုက်သည်
Taehyung ကကုတင်ပေါ်မှာလဲနေရမှထကာ
Taehyung-ဟာ Hyung လာလေ
Jungkook ကတော့ဘာမှမပြောတစ်ချက်ကြည့်ရင်းပြုံးပြရုံသာ
Jinအခန်းထဲဝင်လိုက်ကာကုတင်ပေါ်တက်ထိုင်လိုက်ရင်း
Jin-ဘာလုပ်နေကြတာလဲ
Taehyung -ဒီဂိမ်းဆော့နေတာလေ
ဆိုကာသူဆော့နေတဲ့ဂိမ်းကိုပြလိုက်သည်
Jinလည်းလှမ်းကြည့်လိုက်ရင်းမျက်လုံးများပြူးကာ account နာမည်ကိုသေချာကြည့်လိုက်ကာTaehyungကိုတစ်လှည့်ပြန်ကြည့်လိုက်၏။ပြီးမှအံ့ဩသလိုအထစ်အထစ်နှင့်
Jin-မင်း......မင်း ဒါဆော့တယ်
Taehyung လည်း Jin ကိုသေချာကြည့်ရင်းအယောင်ယောင်အမှားမှားနဲ့ခေါင်းငြိမ့်ပြကာ
Taehyung -ဟုတ်တယ်လေဘာဖြစ်လို့လဲ Hyung
Iin-ပြီးတော့မင်း account နာမည်က Vဟုတ်လား
Taehyung -ဟုတ်
Jinကအံ့ဩသလိုလုပ်ပြီးမှဝမ်းသာသည့်မျက်နှာထားနှင့်
Jin- Voo
လို့အော်လိုက်တော့ Taehyung လည်းကြောင်နေရင်းမှ သတိရသလိုနှင့်
Taehyung - WWH World Wide Handsome လား
Jin အထပ်ထပ်အခါခါခေါင်းငြိမ့်ပြတော့ Taehyung ကဝမ်းသာစွာအော်ကာသူ့ကိုလှမ်းဖက်၏နှစစ်ယောက်သားဖက်လို့ဝမှလူချင်းခွဲကာ Jinက Jungkook ကိုလှမ်းကြည့်ကာ
Jin -မင်းကတော့ဒါဆို Kookieဖြစ်ရမယ်ဟုတ်လား
Jungkook လည်းဝမ်းသာစွာထကာ Hyung ဆိုပြီးဘာမဆိုင်ညာမဆိုင်ပြေးဖက်၏ Jinလည်းဖက်ထားကာ ရယ်မောနေသည်
ထို့နောက်သုံးယောက်သားခေါင်းချင်းဆိုင်ကာ အနိုင်သည်ငါတို့အတွက်ပဲဖြစ်ရမည်ဟုပြိုင်တူအော်လိုက်ကြသည်ပြီးရင်သုံးယောက်သားဖက်ထားကြကာအောါဟစ်ခုန်ပေါက်နေကြပြန်၏ပြီးမှအေးစက်စက်နှင့်ကျောမလုံသလိုခံစားရတာကြောင့်လှည့်ကြည့်လိုက်ရာ Taehyung အမေKim Sooye ကသူတို့အားစိုက်ကြည့်နေသည်ကိုတွေ့ရသဖြင့်လန့်သွားရသေးသည်
Kim Sooye -ပြောကြပါဦးအဲ့တာဘာဖြစ်နေတာလဲဆိုတာကို
Jin ကခေါင်းလေးတကုတ်ကုတ်နှင့်
Jin- မဟုတ်ပါဘူးအန်တီရယ်uniတူလို့အော်မိရုံပါ
Kim Sooye -ဪအေးဆိုကာမယုံသလိုစိုက်ကြည့်ပြီးထွက်သွာတော့သည်
ထိုအခါမှသုံးယောက်လုံးသက်ပြင်းချကာအိပ်ယာပေါ်လှဲလိုက်ကြသည်
Jungkook -ဟူး Hyung ကWWHဖြစ်နေမယ်လို့မထင်ထားခဲ့ဘူး
Jin- ငါ့ရဲ့Partnersတွေကိုလည်းဒီမှာစုံရမယ်မသိခဲ့ဘူးကွငါတို့ကတော်တော်အဖွဲ့ညီတာနော်
သုံးယောက်သားရယ်မောမိလိုက်ကြသည်ထို့နောက်တော့ Jungkook ကအိပ်နေရာကထကာ
Jungkook - Hyungဒါဆိုနောက်နေ့ချိတ်ဆော့ရအောင်လေ
Jinလည်းအိပ်နေရာမှထထိုင်ကာ
Jin- ဘာလို့မနက်ဖြန်ချိန်ဆော့ရမှာလဲဒီနေ့ပဲဆော့လိုက်မှာပေါ့ဟီး
ဆိုကာသွားလေးဖြဲရယ်ပြလာတော့
Jungkook တို့နှစ်ယောက်လုံးပြိုက်တူပြုံးမိလိုက်ကြသည်
ချစ်ဖို့ကောင်းလိုက်တာလေချစ်ခြင်းတရားတွေကရယူလိုစိတ်မရှိခင်အထိတော့အဖြူထည်လေးပါဒါပေမဲ့ချစ်ခြင်းတရားနဲ့လူတွေကနီးကပ်လာလေလေပိုင်ဆိုင်ဖို့ကြိုးစားကြလေပါပဲမရနိုင်မှန်းသိလျှက်နဲ့တောင်စုံမှိတ်ယူချင်ကြတာမျိုးပေါ့
💜💜💜💜💜💜💜💜
ကဲဒီအပိုင်းမှာဇာတ်ကောင်တွေနဲ့ရင်းနှီးအောင်လုပ်ထားရုံပဲရှိပါသေးတယ်နောက်အပိုင်းတွေရိုတော့မှာမို့Fအေတွေမဖတ်ဖို့မေတ္တာရပ်ခံပါတယ်နော်
YOU ARE READING
Only
Romancev:ဖြူဝင်းပြီးချစ်စရာကောင်းနေတဲ့လမင်းလေးကကိုယ့်အတွက်သာနေတာမဟုတ်ဖူးဆိုတာသိရတာသိပ်ဝမ်းနည်းရတယ် jk:ဒါကငါတို့သူငယ်ချင်းသံယောဇဉ်ကိုထိခိုက်မယ်ဆိုတာသိပေမဲ့လည်းtaehyungရယ်ငါတကယ်..... jin:သဘောကျတယ်voo ဒါပေမဲ့Jungkookကိုငါအရမ်းကိုဂရုစိုက်ပေးချင်တာ