Ep -10 I Miss You

342 34 2
                                    

ချစ်တယ်ဆိုတဲ့စကားထက်လုံလောက်တဲ့စကားမျိုးသာရှိခဲ့ရင်ဒီထက်ပိုပါတယ်ဆိုတာမျိုးပြောလိုက်ချင်တယ်

💜💜💜💜💜💜

သူတို့ရန်ဖြစ်ပြီးအိမ်ပြန်လာတော့ Jungkook ကပဲသူ့ကိုတွဲလာပေးခဲ့သည် Taehyung ကတော့အိမ်ပြန်မလာခဲ့။ အန်တီ Sooye ကသူ့ကိုမြင်‌ေ‌တာ့စိတ်ပူလွန်းပြီးဆေးရုံကိုအမြန်ပို့သည်။ သူလဲအန်တီစိတ်ချမ်းသာရအောင်သွားရန်ပြင်ဆင်တော့လည်း Jungkook ကသာကူပေးသည်။ သူပေါ်မလာခဲ့။ ဒဏ်ရာတွေကစိတ်ပူစရာမရှိဘူးလို့ ဆရာဝန်ပြော‌တာတောင်အန်တီကစိတ်မချခဲ့တာ။ ဆေးရုံမှာနှစ်ရက်နေသော်လည်း Taehyung ရောမလာခဲ့။ အန်တီအပြောအရ အိမ်လဲပြန်မလာဘူးဆိုတာပဲသူသိရသည်။ ဆေးရုံပြူတင်းပေါက်ကနေသူအပြင်ကိုငေးကြည့်မိသည်
Jin'pov- Taehyung မင်းဘာတွေများဖြစ်နေတာလဲကွာ
ထိုစဉ်တံခါးဖွင့်ကာဝင်ရောက်လာသော Jungkook
Jungkook - Jin Hyung
Jin - aww ရောက်လာပြီလား
Jungkook - ဟုတ်
သူနောက်ကိုယောင်ယမ်းကြည့်ကာ
Jin - Taehyung ကော
Jungkook ခေါင်းကိုယမ်းပြလိုက်ရင်း
Jungkook - ပါမလာဘူး Hyung  ဒါပေမဲ့ဒီမယ်လေ Hyung ကြိုက်တဲ့ငါးပေါင်မုန့်လေး
မှိုင်ကျသွားတဲ့သူ့မျက်နှာကိုကြည့်ပြီးပြောနေရှာတာခုတလောသူနေမကောင်းဖြစ်မှသိလာတာ Jungkook ကအရမ်းကြင်နာတတ်တယ်ဆိုတာပါပဲ ဒီရောက်နေတုန်းသူ့ကို ဒီတိုင်းမထားဘူး အမြဲပျော်အောင်လုပ်ပေးတာ အမြဲဘုကလန့်တိုက်နေတဲ့ Jungkook မဟုတ်တော့သလို
Jin - ကျေးဇူးတင်ပါတယ် Jungkook
ဆိုကာသူ့နားထင်ကချွေးလေးကိုလက်ဖြင့်သုတ်ပေးတော့ Jungkook  ကသူ့လက်ကိုဆွဲကိုင်လိုက်သည်။  Jin လက်ဖဝါးကို Jungkook ကပါးပြင်မှာအပ်ထားရင်း
Jungkook - တကယ် ကျေးဇူးတင်တယ်ဆို Hyung ရယ် Taehyung ကိုကျေးဇူးပြုပြီးခဏခဏမရှာပါနဲ့လား ဆေးရုံရောက်နေတုန်း လိုလေသေးမရှိအောင်ထားတာပဲလေ ကျွန်တော်လိုအပ်ချက်တွေများရှိနေသေးလို့လားဟင်အဲ့တာကြောင့်သူ့ကိုရှာတာလား
အမယ်လေးလူကိုချွဲနေပုံများ သူရဲ့ရိူးသားတဲ့မျက်လုံးတွေနဲ့မော်ကြည့်တာ မျက်လံုးထဲအရောင်တွေကိုထွက်လို့ မသိရင်ခွေးပေါက်ကျလို့
သူလက်ကိုသူအမြန်ရုတ်လိုက်ပြီး
Jin - အဲ့လိုမဟုတ်ပါဘူး Jungkook ရယ် Tae က
Jungkook - အာအဲ့တာပဲကြည့်သူ့ကျ Tae တဲ့ ကျွန်တော့်ကျ Jungkook တဲ့မလွန်ဖူးလားပြော
Jin ခေါင်းကိုမော့ကာအားရပါးရရယ်လိုက်မိသည်
Jin - ဒီကလေးကတော့လေ ဟုတ်ပါပြီ Kook လေးဟုတ်ပြီလား
Jungkook ထိုအခါမှသွား‌ေလးစေ့ကာရယ်ပြရင်း
Jungkook - ဟီးရပြီ ဪပြီးတော့ Hyung ဆေးရုံကဆင်းလို့ရပြီတဲ့
Jin - ဟုတ်လားကောင်းသားပဲ Hyung လည်းပျင်းလှပြီ
အဲ့ညနေမှာ Jin ဆေးရုံကနေဆင်းရသည်
Jungkook - Hyung သွားနှင့်ကျွန်တော်အထုပ်တွေသယ်ခဲ့မယ်
အဲ့လိုပြောတော့ခေါင်းလေးငြိမ့်ပြကာ Jin Hyung ဆင်းသွားတော့သည်။ အဲ့ခါမှ သူ့ဘောင်းဘီအိတ်ထဲကတုန်ခါနေတဲ့ ဖုန်းကိုထုတ်ယူလိုက်သည်။
……………
Jungkook - inn ပြန်လာခဲ့တော့
ဖုန်းကိုချပစ်လိုက်သည်။ လေပူတစ်ချို့မှုတ်ထုတ်လိုက်သည်။ ငါတော်တော်ယုတ်မာတာပဲ
ကားမောင်းနေစဉ်တစ်‌လျှောက်လုံးသူ Jin ကိုလိုက်ကြည့်မိသည်။ ကလေးလိုပဲခေါင်းလေးကိုငုံ့ထားလိုက်တာ။ ချစ်စရာလေး။

OnlyWhere stories live. Discover now