Ep -12 You got us

444 34 13
                                    

ချစ်ခြင်းတရားကိုအများကြီးအဓိပ္ပာယ်မဖွင့်လိုပါဘူး။ ဒါပေမဲ့ကျနော်အတွက်အချစ်ဆိုတာနဲ့ပတ်သတ်လာရင်တော့ အဲ့တာဟာ သူ့နာမည်လေးနဲ့စပြီးသူ့နာမည်လေးနဲ့ပဲအဆုံးသတ်ချင်တယ်။

💜💜💜💜💜💜💜

နောက်နေ့မနက်သူနိုးလာတော့ခေါင်းကနောက်ကျိကျိ။ မနေ့က Taehyung နဲ့ဖြစ်ပျက်ခဲ့သမျှကိုစဉ်းစားနေခဲ့ရတာ။ အိပ်နေရင်းတစ်ခါစဉ်းစားမိလေ ဒေါသထွက်လေလေပဲ အာ ငါတကယ်ကိုရူးသွားတာပဲ။ မျက်နှာသစ်လိုက်ပြီး အခန်းထဲက မထွက်ချင်ထွက်ချင်နဲ့ ထွက်လာပြီးထမင်းစားခန်းထဲရောက်တော့ ထမင်းစားပွဲဝိုင်းမှာလူစုံနေကြပြီ။
Sooye - သားလေးရောက်လာပြီလားထိုင်လေ
အန်တီအသံကြားတော့ နှစ်ယောက်လုံးကသူ့ကိုမော်ကြည့်လာသည်။ သူပြန်ကြည့်ဖို့မဝံ့ရဲစွာမျက်နှာလွှဲလိုက်ပြီး ဝင်ထိုင်ပြီး ထမင်းပန်းကန်လုံးလေးကိုဆွဲယူလိုက်တော့ ထမင်းပန်းကန်ထဲရောက်လာသော အသားဖတ်လေး။
Taehyung - Hyung များများစားနော်
သူ့ရဲ့အသံက Jin နားရွက်ဖျားတွေကိုပူရှိန်းလာစေခဲ့သည်။ သူခေါင်းကိုငြိမ့်ပြရင်း အမြန်ခေါင်းငုံကာစားမိသည်။
Taehyung - Omma ဒီမှာကြည့်ပါဦးသားနှုတ်ခမ်းလေးဘာတွေထူးခြားနေလဲလို့
ဖူး……
Taehyung အဲ့လိုပြော‌လိုက်တော့ Jin တစ်ယောက်စားနေရင်းနဲ့ပင်အလိုလို သီးသွားမိသည်။

Jungkook - arrrr Hyung ဖြေးဖြေးစားလေ
Jungkook ကသူ့ကိုရေခပ်ပေးသည်။
Sooye - ဟုတ်ပါ့သားရယ်ဖြေးဖြေးစားပါ ဆေးရုံတုန်းကကောင်းကောင်းမကျွေးကြဖူးလား
Jin လည်းအရှက်ပြေရယ်လိုက်ရင်း
Jin - arrrr ဟုတ်ဆေးရုံစာတွေက အန်တီလောက်ဟင်းချက်မကောင်းဖူးလေသိတယ်မလား
ကျန်တဲ့သူတွေရယ်မှသူလဲရှက်ရှက်နဲ့ပြုံးပြမိသည်။ စားနေရင်းသူ့နားရွက်လေးကို လာထိသော လက်ချောင်းရှည်လေး

Taehyung - Hyung ရဲ့နားရွက်လေးတွေကနီရဲနေတာပဲ
သူ Taehyung လက်ကိုဖယ်ထုတ်လိုက်ရင်း
Jin - ပူ….ပူလို့
Jungkook - ရလားကျနော် ပန်ကာဖွင့်လိုက်မယ်
Jin - arrr နေပါစေ ကျောင်းသွားဖို့ပြင်လိုက်ဦးမယ်
Sooye - ကုန်အောင်စားလေသားရဲ့
Jin - arrr ရပါတယ်အန်တီရဲ့ ကျွန်တော်ဒီတိုင်းပဲနေလိုက်တော့မယ်
သူ‌အပေါ်ထပ်ကိုအမြန်ပြန်တက်ခဲ့သည်။ Taehyung စိတ်ထဲဘာရှိနေမယ်‌သူမပြောတတ်တပေမဲ့ သူ့စိတ်ထဲကိုမနေ့ကဟာကိုသာ ပြန်တွေးမိနေသည်။ သူအောက်ထပ်ကိုပြင်ဆင်ပြီးဆင်းလာတော့ Taehyung နဲ့ Jungkook ကစကားတွေပြောကာတပြုံးပြုံး တရယ်ရယ်။

OnlyWhere stories live. Discover now