Ep-6 Why me!

351 31 1
                                    

ကောင်းကင်ကြီးရဲ့အပြာရောင်ဟာလှပပါတယ်ဒါပေမဲ့ကိုယ်ကတော့ညကောင်းကင်လေးဖြစ်တဲ့အတွက်ကိုယ့်ဘဝလေးကိုထွန်းလင်းစေမယ့်လမင်းလေးမင်းရှိမှဖြစ်တော့မယ်ကိုယ့်ကိုအနားယူစေဖို့မင်းရင်ခွင်လေးပေးပါကွယ်

💜💜💜💜💜💜💜

Taehyung တို့ကျောင်းခန်းထဲရောက်တော့တော်‌ေ‌တာ်များများက သူတို့ကိုမသိမသာရောသိသိသာသာပါစိုက်ကြည့်နေသည်ကိုခံစားမိသည်သို့သော်သူတို့ဂရုမစိုက်ဒါသူတို့၏မူပိုင်ပုံစံ။သို့သော်ဒီနေ့ပို၍စိတ်မဝင်စားအား။အကြောင်းကခုနကအသက်မပါတဲ့ဖြူစွတ်စွတ်‌ေကာင်နှင့်တိုက်ရိုက်သက်ဆိုင်နေလေသည်
Jungkook ရဲ့ပုံစံအရဒေါသထွက်နေသလားကြည့်နေသူများမသေချာပေမဲ့ Taehyung မှာတော့အမြဲတည်ငြိမ်နေသူဖြစ်ရာသူရဲ့မတည်မငြိမ်စိတ်လှုပ်ရှားတာကိုကြည့်နေရုံနဲ့တင်သူစိတ်တိုနေမှန်းသိသာနေပြီ Jungkook ကတော့ playboy ဖြစ်သည်နှင့်အညီအမြဲပြံုးပြနေတတ်သူဖြစ်ရာအခုလိုတည်ငြိမ်စွာနှင့်ပါးစောင်ကိုလျှာနှင့်ထိုးနေသည်ကိုမြင်ရုံနှင့်ဒေါသထွက်နေမှန်းသိသာနေပြီ
Taehyung -တောက် အစကတည်းကဩဇာသံလွှမ်းနေသည့်သု့အသံကအခုဒေါသထွက်နေသည်မို့ကျယ်လောင်စွာထွက်လာသည်မို့ အခန်းတစ်ခုလုဲးသူ့ကိုလှည့်ကြည့်ကြသည်
Jungkook -ဟေ့ကောင်ထိုင်စမ်းပါကွာ စိတ်လှုပ်ရှားမနေနဲ့
ပြောရင်းဆိုရင်းစိတ်မရှည်သလိုဆံပင်ကိုထိုးဖွ‌ေမွှလိုက်သည်။
Taehyung ထိုင်ခုံမှာဆောင့်ဆောင့်အောင့်အောင့်ထိုင်ချလိုက်ကာ
Taehyung -စိတ်ရှည်စရာလားငါ့လူကိုဆွဲခေါ်သွားတာ
Jungkook Taehyung ကိုတစ်ချက်လှမ်းကြည့်ရင်းသက်ပြင်းချလိုက်သည်
ဆရာဝင်လာ၍စကားဖြတ်ကာအားလုံးထကာနှုတ်ဆက်ကြရသေးသည်။ပုံမှန်စာထဲစိတ်မဝင်စားသောသူတို့နှစ်ယောက်ယခုတွင်တော့ပို၍ပင်စိတ်မဝင်စားတော့့။စာမလုပ်ရလည်းကိစ္စတော့မရှိ popular ဖြစ်နေတဲ့သူတွေအတွက်မယူချင်ရင်‌ေတာင်စာကူးပြီးမသိချင်ပါဘူးဆို‌ေတာင်စာတွေလာပြောပြမဲ့သူတွေမရှားဘူးမလား

နေ့လည်စာစားဖို့ canteen မှာထိုင်တော့
Jungkook နောက်မျက်စောင်းထိုးဝိုင်းကကောင်မလေးတွေချောသည့်ကောင်လေးတွေအကြောင်းအားရပါးရပြောနေတာကြားရသည် ပုံမှန်ဆိုသူတို့အကြောင်း
ကြားနေရကြခုတော့မဟုတ်တော့သူတို့ကြားနေရတာယနေ့မှကျောင်းပြောင်းလာသောစီနီယာကောင်ချောလေးအကြောင်း
သူတို့မကြားသလိုအာရုံလွှဲလိုက်စဉ်မှာပဲ
"လာပြီ..........ဟိုမယ်"ဆိုတဲ့အသံတွေကြားရသဖြင့်ကြည့်‌မိတော့ နှစ်ယောက်မရှိနိုင်သောသူတို့၏ Jin Hyung
သူ့ဘေးကဖြူစွတ်စွတ်ကောင်နှင့်
သူတို့ကိုမြင်တော့လက်ပြကာ
Jin- Jungkook-ah Taehyung-ah ဆိုကာအော်ပြီးဝင်လာပုံမှာချစ်စရာ
သူ့တို့ခုံမှာဝင်ထိုင်လိုက်တော့သူ့နောက်က Yoongi ဆိုတဲ့သူလည်းဝင်ထိုင်သည်
Taehyung - Hyung ဘာစားမလဲ ခေါက်ဆွဲစားမလား
Yoongi -သူက ဒီ canteen က‌ခေါက်ဆွဲနဲ့မတည့်ဘူးအဲ့မှာ မဆလာကိုမွှေးအောင်ထည့်ထားတယ်သူကအဲ့တာနဲ့မတည့်ဘူး
Taehyung မျက်မှောင်ကြုတ်လိုက်တော့ Jin ကအားနာစွာနှင့်ပင်
Jin- Yoongi ကငယ်ငယ်ကတည်းကပေါင်းလာတာဆိုတော့Hyungအကြောင်း သိနေတာလေ
ဒါနဲ့ပဲသူတို့ရန်မဖြစ်ဖို့စိတ်ကူးလိုက်ကြပြီးကိုယ့်ဖာသာစားနေတုန်း Taehyung ပါးစပ်နားမှာ ကြက်သားရဲ့အချဉ်ရည်တွေပေနေသဖြင့် Jin ကသုတ်ပေးမယ်လုပ်ရာ Jin လက်ထဲမှ Tissue ကို Jungkook ကဆွဲယူလိုက်ကာ သူကိုယ်တိုင်သေချာသုတ်ပေးလိုက်၏ Taehyung မှာတော့ကြောင်တောင်တောင်ကြည့်နေမိသည်
Jin - Hyung ဒီနေ့အားတယ် Taehyungနဲ့ Jungkook ဂိမ်းဆိုင်တူတူသွားရအောင်
Jungkook ကခေါင်းငုံ့လျက်ပင်
Taehyung ကတော့ခေါင်းငြိမ့်ပြ၏
Jungkook - က‌ျနော်မအားဘူး ကျနော်လုပ်စရာတွေရှိတယ်
Jin - ဒါဆိုလည်း Hyung နဲ့ Taehyung နဲ့ပဲ
Jungkook - မရဘူး ကျနော်သူ့ကိုပါခေါ်သွားမှာ နောက်နေ့မှတူတူသွားကြတာပေါ့ဒီနေ့တော့ကျနော်မပါတော့သူ့ကိုထည့်မပေးနိုင်ဘူး
Taehyung - Jungkook မင်းဘာဖြစ်နေတာလဲအခုတလောငါကလေးမဟုတ်ဘူးကွ
Jungkook - သိတယ်ကလေးမဟုတ်မှန်းသိတယ်ဒါကြောင့်မို့ကိုမလွှတ်တာ
Yoongi - အေးဆေးစားကြရအောင်ပြီးမှရန်ဖြစ်ကြ
ထိုစကားကြားသော်သူတို့သဘောမကျပေမဲ့ထမင်းစားနေစဉ်အတွင်းရန်မဖြစ်ချင်တာမို့ငြိမ်ငြိမ်သာထိုင်နေလိုက်မိသည်
Taehyung ထမင်းပန်းကန်ထဲ ဟင်းမရှိတော့ Jungkook ကဟင်းထည့်ပေးသည် သူတို့ကသူငယ်ချင်းတွေသာဆိုတာဒီလောက်ကြင်ကြင်နာနာမရှိဖူးကြ အခု Jungkook သူ့ကိုဂရုစိုက‌်နေပုံမှာ ကောင်လေးကသူ့ချစ်သူကောင်မလေးကိုဂရုစိုက်ပေးနေသလိုမျိုး ရေလိုတယ်ထင်ရင်ရေ ဟင်းဆိုဟင်း လက်သုတ်ပဝါ အကုန်ဂရုစိုက်ပေးနေတာTaehyung မျက်နှာပူလာသည်
Tae'pov - ဒီကောင်ဘာတွေဖြစ်နေတာပါလိမ့်ပုံမှန်ဆိုဒီလိုမဟုတ်ရပါဘူးဘာတွေထဖောက်နေတာလဲ ဘာလို့အဲ့လောက်‌‌ ‌‌ေတာင်ဂရုစိုက်ပေးနေရတာလဲ အရမ်းစိတ်လေတာပဲ
ထမင်းစားပြီးတော့ Taehyung လက်ကို ဆွဲယူကာ Tissue နဲ့သုတ်ပေးသေးရာ Taehyung မျက်စိတွေပင်ပြူးသွားရသည်
Tae'pov - ဒီကောင်ဘာလဲဟ
Canteen ကပြန်‌ထွက်တော့ Jin ကစာကြည့်တိုက်သွားဦးမယ်ပြောတော့ Taehyung လိုက်ခဲ့မယ်လို့ပြောမလို့ရှိသေးတယ် Jungkook က သူ့လက်ကိုအတင်းဆွဲကာသူတို့အဆောင်ဆီဦးတည်သွားတော့ Taehyung ယောင်လည်လည်ပါသွားရသေးသည် လက်ကောက်ဝတ်ကိုဆွဲထားသည်မှာ လက်ပြတ်ထွက်မတတ်
ခဏကြာကြာလမ်းလျေှာက်ပြီးမှ
Taehyung - ဟေ့ကောင်လက်ကိုလွှတ်ဦးမင်းဘာဖြစ်နေတာလဲကြောင်နေတာလားမင်းဘာတွေဖြစ်နေတာလဲ ငါ Jin Hyungနဲ့တူတူရှိမဲ့ကြံတိုင်းမင်းလိုက်ဖျက်နေတာ သူရှိကတည်းကမင်းပြောင်းလဲနေတာမင်းဘာဖြစ်နေတာလဲကွာ ပြော
ထိုအခါမှ Jungkook လက်ကိုလွှတ်ပေးလိုက်ကာ လေပူတစ်ချက်မှုတ်ထုတ်လိုက်ရင်း
Jungkook - Taehyung ငါကသူများနဲ့မတူဘူး ငါတကယ်အရမ်းသဝန်တိုတတ်တာ ဒါပေမဲ့ငါထုတ်မပြတတ်ဘူး ငါချစ်တဲ့သူကိုသူများနဲ့တူတူနှစ်ယောက်ထဲရှိမနေစေချင်တာတော့အမှန်ပဲ
ထိုစကားများကိုသူ့မျက်လုံးများကိုစိုက်ကြည့်ကာပြောပြီးထွက်သွားတော့ Taehyung ကြောင်ကာရပ်နေမိသည်
Tae'pov - သူ...သူအခုငါ့ကိုသဝန်တိုနေတာလား ဒါဆို......သူ ငါ့ကိုများ
Taehyung မယုံနိုင်စွာ Jungkook နောက်ကိုပြေးလိုက်ကာ သူ့လက်ကိုဆွဲရင်းလူဝင်ထွက်နည်းသည့် ကျောင်းခေါင်မိုးထပ်ကိုဆွဲခေါ်သွားမိသည်
ခေါင်မိုးထပ်ရောက်တော့
Taehyung - ဟေ့ကောင် Jungkook ခုနမင်းပြောလိုက်တာဘာအဓိပ္ပာယ်လဲ ဟင် မင်းဘာတွေဆိုလိုချင်နေတာလဲ ငါတို့ကသူငယ်ချင်းတွေနော်ငယ်ငယ်ကတည်းကပေါင်းလာတာ
Jungkook Taehyung ကို‌ေ‌ကျာပေးရပ်မေရင်းမှလှည့်လာကာခါးထောက်ရင်း
Jungkook -သိတယ်...ငါသိတယ် ဒါကြောင့်ပဲငါ့ခံစားချက်တွေမင်းကိုမပြောပြခဲ့တာ မပြောပြချင်တာ
Taehyung ကြောင်အနေသည် သူဆက်ပြောမည့်စကားများကိုခံနိုင်ရည်မရှိတော့သလို Jungkook ခေါင်းမော့ကာသက်ပြင်းတချက်ချလိုက်သည်
Jungkook -ခုတော့ငါပြောရတော့မှာပေါ့ ငါတို့သူငယ်ချင်းဆက်ဆံရေးပျက်စီးသွားနိုင်တာငါသိတယ် ငါသိနေပေမဲ့ငါမထိန်းချုပ်နိုင်တော့ဘူး Taehyung ငါ

Taehyung မျက်စိကိုပိတ်နားကိုလက်နှစ်ဖက်နှင့်အုပ်ကာ ထိုင်ချရင်းကုန်းအော်လိုက်သည်
Taehyung - ငါမင်းကိုမကြိုက်ဘူးJungkook ငါမင်းကိုမချစ်နိုင်ဘူး

ပတ်ဝန်းကျင်ကြီးတိတ်ဆိတ်သွားသလိုလေတိုးသံတွေမှ တပါးအခြားမကြားရသည်မို့သူမော့်ကြည့်လိုက်သည်

Jungkook ကသူ့ကိုအံ့ဩသလိုစိုက်ကြည့်နေသည်

ဘုရားရေ ကမ္ဘာကြီးကဘာတွေဖြစ်ကုန်ပြီလဲ

💜💜💜💜💜💜💜
Taekookတွေများဖြစ်ပြီး seme
နှစ်ယောက်ရသွားကြတော့မှာလား 😏
ဘာတွေဖြစ်ကုန်ပြီလဲသိချင်ရင်တော့နောက်တစ်ပိုင်းကိုဆက်ဖတ်လိုက်ပါနော်😁

OnlyWhere stories live. Discover now