Ep-7 Is that so?

325 30 2
                                    

ချစ်ခြင်းတရားချင်းထပ်တူကျရင်ပျော်ရွှင်ရတယ်တဲ့
နေပါစေမင်းနဲ့မှထပ်တူမကျရင်
ဘယ်သူနဲ့မှထပ်တူမကျချင်ဘူး

💜💜💜💜💜💜💜

Taehyung - ငါမင်းကိုမကြိုက်ဘူး Jungkook ငါမင်းကိုမချစ်နိုင်ဘူး
Taehyung မျက်စိစုံမှိတ်ကာဇွတ်အော်လိုက်သည်သူမနေနိုင်တော့ Jungkook သာဆက်ပြောမယ်ဆိုသူတကယ်စိတ်ပျက်မိမှာသူတကယ်မကြားနိုင်ဘူးငယ်ငယ်ကတည်းကပေါင်းလာတဲ့သူငယ်ချင်းတွေဟာကိုဒီလိုစကားမျိုးကြားရမှာသိပ်အဆင်တော့ပြေမနေဘူးလေဟုတ်တယ်မလားရင်ခုန်သံတွေမြန်ဆန်နေခြင်းနှင့်အတူစိတ်မောစွာသူမော့်ကြည့်လိုက်တော့သူ့ကိုမျက်လုံးဝိုင်းလေးများဖြင့်စိုက်ကြည့်နေသော Jungkook သို့သော် Jungkook ၏မျက်လုံးများတွင်ဝမ်းနည်းမှုတော့မမြင်ရငြင်းခံရမှာကြိုသိနေတာများလား
ထို့နောက်တုန်တုန်ယင်ယင်နဲ့သူ့ဆီကအသံထွက်လာသည်
Jungkook - ဘာ ......Taeမင်းဘာပြောလိုက်တယ်
Taehyung မတ်တပ်ရပ်လိုက်သည်
ထို့နောက်သူ့ကိုသေချာစိုက်ကြည့်လိုက်သည်
Taehyung - Jungkook-ah ငါမင်းကိုမချစ်နိုင်ဘူးမင်းကငါ့အတွက်သူငယ်ချင်းသာသာပဲငယ်ငယ်ကတည်းကဒီအတွေးပဲရှိတာမင်းကိုမချစ်နိုင်ဘူး
Jungkook သူ့ကိုသေချာစိုက်ကြည့်ရင်းမှ ခွက်ထိုးခွက်လန်ရယ်လေသည် ဗိုက်တွေကိုပါဖိပြီးအားရပါးရရယ်တာ မြေပြင်ပေါ်တောင်လဲလို့ရယ်တာမျက်ရည်တွေတောင်ထွက်သွားသလားပဲ
Taehyung ရုတ်တရက်ကြောင်အသွားတယ်
Tae'pov - ဘာလဲဟဒီကောင်ငါမကြိုက်ဘူးဆိုလို့ရူးများသွားသလား ငါချောတာငါသိပေမဲ့ ဒီလောက်ရူးအောင်ကြိုက်ရတာလား
Taehyung - ဟေ့ကောင်တော်တော့ ဘာတွေအဲ့လောက်ရယ်ချင်စရာ‌ေကာင်းနေတာလဲငါ့စကားထဲရယ်စရာပါလို့လားငြင်းခံရလို့ရူးများသွားတာလား
အဲ့လိုပြောလိုက်တော့ Jungkook ပိုရယ်သည် မတော်နိုင်တဲ့ကောင်ခံစမ်းဆိုပြီးကလိယားထိုးတော့ပိုရယ်ကာသူ့ဗလကြီးနှင့်လူကိုပြန်ချုပ်ကာကလိယားပြန်ထိုး‌တော့သူအူတက်အောင်ပြန်ရယ်ရပြန်သည်။
သူတို့ထပ်မရယ်နိုင်လောက်အောင်မောလာမှသူတို့ဆော့တာရပ်လိုက်ကြပြီးပက်လက်လှန်ကာကောင်းကင်ကြီးကိုမော့ကြည့်နေမိကြသည်။လှလိုက်တာလေသူတို့နှစ်ဦးသားငြိမ်သက်နေကြရာမှ Taehyung ကအရင်စကားစပြောလာသည်
Taehyung - ဟေ့ကောင်မင်းခုနလေးတင်ကပြောသွားတဲ့စကားကဘာအဓိပ္ပာယ်လဲ
ထိုအခါမှ Jungkook ကသူ့ဘက်လှည့်ကြည့်လာကာတစ်ချက်ရယ်ရင်း
Jungkook - ဟီးးးး ‌ငါကမင်းကိုကြိုက်တယ်ထင်တယ်ပေါ့မတန်မရာ
Taehyung - မသိဘူးလေသူတောင်းစားရဲ့ငါ့ကိုကြည့်ပြီးပြောတာကိုး
Jungkook - အေးနော်လွဲလဲလွဲချင်စရာ တကယ်တော့ငါပြောရင်မင်းစိတ်မဆိုးဖို့ပဲမျှော်လင့်တော့တယ် ငါ Jin Hyung ကိုကြိုက်နေတာ
Taehyung ထထိုင်လိုက်သည် Jungkook ကို‌ငုံ့ကြည့်ကာ
Taehyung - aww
Jungkook လည်းထိုင်လိုက်ကာ Jungkook - မင်းမအံ့ဩဘူးလား
Taehyung ဒူးနှစ်ဖက်ကိုလက်ဖြင့်ပိုက်ကာထိုင်ရင်းသက်ပြင်းတစ်ချက်ချလိုက်သည်
Taehyung - မအံ့ဩပါဘူးကွာ ပြီးတော့ သူကလည်းကြိုက်စရာကြီးပဲ ချောတယ်ချစ်စရာကောင်းတယ်သဘောကောင်းတယ် ကြိုက်ချင်စရာပဲကိုဒါကစိတ်ဆိုးစရာတော့မဟုတ်ပါဘူး မင်းလဲသဘောကျမှာပေါ့ ဟဲဟဲငါ့ကိုကြိုက်တာထက်ဆိုင်ရင်တော့အများကြီးပိုကောင်းတာပေါ့
Jungkook လည်းရယ်လိုက်ကာ
Jungkook - မင်းတောင်ရင့်ကျက်လာပြီပဲငါသူ့ကိုတော့လက်မလျော့နိုင်ဘူးကွာဒါပေမဲ့မင်းသူ့ကိုပိုးပန်းတဲ့နေရာမှာကါ့အကူအညီလိုခဲ့မယ်ဆိုကူညီဖို့အသင့်ပါပဲသူမင်းကိုသဘောကျခဲ့တယ်ဆိုရင်လည်းငါအေးဆေးနောက်ဆုတ်ပေးလိုက်မှာပါ
Taehyung - ငါကောပဲအချစ်ကြောင့်နဲ့ သူငယ်ချင်းကိုဆုံးရှုံးမခံနိုင်ပါဘူးကွာငါကတိပေးပါတယ် တစ်ယောက်ကိုရွေးခဲ့ရင်နောက်တစ်ယောက်ကနောက်ဆုတ်ပေးတာပေါ့ ဒါပေမဲ့ငါတို့မဟုတ်ပဲနောက်တစ်ယောက်ကိုကြိုက်ရင်တော့
Jungkook Taehyung ကိုလှမ်းကြည့်ရင်း
Tae and JK - လုံးဝလက်မလျော့နိုင်ဘူး
Jungkook - မင်းသူ့ကိုဖွင့်ပြောတော့မှာလား
Taehyung - no သူနဲ့ရင်းနှီးတဲ့အချိန်တစ်ခုထိရောက်မှပဲ

နေ့လည်ကျောင်းဆင်းချိန်ရောက်တော့ Jin ရောက်မလာခဲ့။သူတို့‌ေစာင့်နေပေမဲ့မလာတာကြောင့်သူတို့ စိတ်ပူသွားမိသည်။
ခဏကြာတော့သူ့အချစ်ဆုံးသူငယ်ချင်းကြီးနှင့်ထွက်လာလေသည်သူ့ဘေးမှာနောက်ထပ်ကောင်‌ေလးယောက်နှင့် အရပ်ကတော်တော်ရှည်သည်ရင်အုပ်ကျယ်ကျယ် ပါးချိုင့်ကြီးနှင့်
Jin ကသူတို့ကိုမြင်တော့ပြုံးပြကာ သူတို့ဆီလမ်း‌ေလျှာက်လာသည်။ Taehyung ဘာကြောင့်ရယ်မဟုတ် Jungkook ကိုတချက်လှမ်းကြည့်မိသည်။ Jinကိုကြည့်နေတာမှပြုံးလို့ဖြီးလို့ သူလည်းဒီလိုကြည့်ချင်နေရှာမှာပဲ။ ဒါပေမဲ့ငါ့မျက်နှာရိပ်မျက်နှာကဲကို
ကြည့်နေရတာနဲ့ငါ့ကိုပြောပြဖြစ်မှာမဟုတ်ဘူး။ ကောင်းလိုက်တဲ့သူငယ်ချင်း
Jin ဘေးကိုရောက်လာတော့သူ့တို့ကိုပြုံးပြကာ စောင့်နေရတာကြာပြီလားလို့ မေးရှာသည် စိတ်တွေလန်းဆန်းသွားသလို ကားပေါ်တက်လိုက်ကြတော့သည်
သို့သော်လာတုန်းကလိုထိုင်တာမဟုတ်‌ေတာ့ Jin ကိုကြားညှပ်ကာထိုင်ကြခြင်းသာ
Jungkook -ခုနကဘယ်သူလဲ
Jin - ခုနကကောင်လေးလား Kim Namjoon တဲ့ အတန်းခေါင်းဆောင်လေ အရမ်းသဘောကောင်းတာ စာလည်းတော်ချက် IQ-146ဆိုလားပဲ
Tae and JK - Wow
ဒါတော့သူတို့လိုက်မမှီနိုင်တဲ့ဉာဏ်ရည်‌ေပမို့သူတို့အားရပါးရချီးကျူးလိုက်ကြသည်
Jin - အဲ့တာငါ့အတွက်အချိန်ဇယားတွေဘာတွေရှင်းပြနေလို့
Taehyung - ကျောင်းပထမဆုံးနေ့ကဘယ်လိုလဲ ကျွန်တော်တို့ Junior တွေထဲတော့ Hyung ကအရမ်းနာမည်ကြီးနေတာနော်အသစ်ရောက်လာတဲ့ ခပ်ချောချော ခပ်ချေချေ senior ဆိုပြီး
ထိုသို့ပြောတော့ Jin ကရယ်ကျဲကျဲနှင့် Jin - မဟုတ်ရပါဘူးကွာ အာရုံမနောက်ချင်လို့ပါ ပြီးတော့မင်းတို့ကအစကတည်းကနာမည်ကြီးလာတဲ့သူတွေပဲ ဒါပေမဲ့ငါကအရမ်းချောနေတော့သူတို့သတိထားမိတာတော့မတတ်နိုင်ဘူး မွေးရာပါအားနည်းချက်ကသူတစ်ပါးသတိမထားထားမိအောင်ချောနေတာဆိုတော့ပြင်လို့ကိုမရဘူး
Jungkook အားရပါးရရယ်လိုက်သည် Jin Jungkook လှည့်ကြည့်တော့ Jungkook အရယ်ရပ်ကာသူ့ကိုစိုက်ကြည့်လိုက်သည် ထို့နောက်သူ့ကိုပြုံးပြသည် ပုံမှန်လို‌သူ့ကိုနောက်ပြောင်နေကြစနောက်နေကြအပြုံးမဟုတ်ပဲနူးညံ့‌ေနွးထွေး‌ေ‌သာအပြုံး သူနဲနဲတော့ကြောင်သွားသည်ဆေးစားတာမှားလို့သူ့အပေါ်ကောင်းနေတာလား ဒါမှမဟုတ်သူ့မျက်စိပဲမကောင်းတော့တာလား ဒါပေမဲ့သူသဘောတော့ကျမိသည် ပထမဆုံးအနေနဲ့ နူးညံ့တဲ့မျက်ဝန်းတစ်စံုကို Jungkook ဆီမှာမြင်ခဲ့ရပြီမလား

ချစ်ခြင်းတရားဟာဘာလဲလို့အော်ပြီးကန်ရေပြင်ကို‌ခဲနဲပေါက်လိုက်တယ်ငြိမ်သက်နေတဲ့ရေပြင်လေးလှုပ်ခတ်သွားတယ် အင်း ဒါကလည်းအချစ်ရဲ့အဓိပ္ပာယ်လေးဖြစ်နေနိုင်တာပဲလေ
💜💜💜💜💜💜💜

OnlyWhere stories live. Discover now