Ep - 18

530 32 2
                                    

ချစ်ခြင်းတရားလို့ စိတ်ကူးထဲ ပုံဖော်ပြီးလက်ထဲကသဲပွင့်လေးတွေကို လေထဲမြှောက်လိုက်တယ် ကြယ်ပွင့်လေးတွေအဖြစ်ပြောင်းသွားတယ် ကျနော်မပိုင်ဆိုင်နိုင်တဲ့ လမင်းအနားအနားက ကြယ်လေးတွေကပိုပြီး အရောင်တောက်နေခဲ့တယ်

💜💜💜💜💜💜💜

Jungkook ခေါင်းနောက်စွာနဲ့ အိပ်ရာမှထလိုက်သည်။ ဘေးကိုချထားသည့် ဖုန်းကိုတစ်ချက်ဖွင့်ကြည့်တော့ ဘာဆိုဘာမှရှိမနေခဲ့။ ဟင်းးးး ကြိုသိခဲ့သင့်တာပဲ။ ဘာတွေများမျှော်လင့်နေခဲ့မိတာလဲ ဖုန်းလေးတစ်ခ‌ါလောက်ဆက်ထားဖို့လား။ အိပ်ရာပေါ်ကထထိုင်လိုက်သည်။ သိပ်မကြာခင်မှာပဲ Jimin ကအခန်းတံခါးကို ခေါက်လိုက်ပြီး အခန်းထဲဝင်လာသည်။
Jimin - Jungkook မနက်စာစားလို့ရပြီနော်
Jungkook - ဟုတ်ကျနော်လာခဲ့ပါမယ်
Jimin ထွက်သွားမှ သူ့ကိုသူကြည့်မိတော့ ကိုယ်ပေါ်တွင်အဝတ်အစားများ ရှိမနေခဲ့။ ဘေးတွင်သူမနေ့က ဝတ်ထားသည့် အနက်ရောင်ခပ်ပွပွ T shirt လက်ရှည်က ခေါက်လျှက်။ Jimin Hyung လျှော်ပေးထားတာဖြစ်မည်ဟု တွေးမိတော့ အားနာစိတ်ကအလုံးလိုက်အရင်းလိုက်။
သူအောက်ထပ်ကိုဆင်းသွားတော့ Jimin က ထမင်းစားပွဲပြင်နေသည်။ Jungkook ကထမင်းစားပွဲတွင်တစ်ခါထဲ ဝင်ထိုင်နေလိုက်သည်။
Jimin - ရော့ မင်းအတွက်အမူးပြေဟင်းရည်ချက်ထားတယ်
Jungkook - ကျေးဇူးပါနော် မနေ့က‌အတွက်အားနာပါတယ် ကျနော်ဘာတွေများလုပ်မိခဲ့သေးလဲဟင်
Jimin - ဘာမှမလုပ်ပါဘူးကွ အားနာမနေနဲ့
Jungkook - ဟို ဟုတ်ပါပြီ ကျေးဇူးပါနော် ကျနော်ပြီးရင် ရေချိုးခန်းလေးသုံးမယ်နော်
Jimin - ရတာပေါ့ သုံးလေ ပြီးရင် မင်းအိမ်ပြန်မှာလား Taehyung တို့အိမ်လေ
Jungkook - မဟုတ်ပါဘူး ကျနော့်အိမ်ပဲပြန်နေမှာရယ်
Jimin - Jungkook ကအမြဲ Taehyung တို့အိမ်ပဲနေနေကြဆိုတော့ အဲ့ကိုပြန်မယ်ပဲထင်ထင်နေတာ
Jungkook - အရင်ကတော့ဟုတ်ပေမဲ့ ခုတော့ပြန်ဖြစ်မယ်မထင်တော့ဘူး
Jungkook ကခေါင်းကိုငုံ့ထားရင်း အမူးပြေဟင်းရည်ပန်းကန်ကို ဇွန်းဖြင့်မွှေနေတာကြောင့် Jimin ကမရရအောင်အကြည့်လိုက်စုံကြည့်ရင်း
Jimin - ဘာလို့လဲ မဟုတ်မှလွဲရော Jin Hyung ကြောင့်လား
Jungkook မော့ကြည့်လိုက်သည်
Jungkook - Hyung ဘယ်လိုသိလဲ
Jimin က ခပ်ဟဟ တစ်ချက်ရယ်ချလိုက်ရင်း
Jimin - မင်းအကြည့်တွေကသိသာပါတယ် bad boy လေးက အရမ်းကိုအချစ်မှာပျော်ဝင်နေတဲ့ ချိုသာနေတဲ့အကြည့်လေးတွေနဲ့ အခြားတစ်ယောက်ကို ကြည့်နေတာလေ မြင်သူသမျှအားကျရမဲ့မျက်လုံးမျိုးနဲ့
Jungkook - အဟင်းး အခြားသူအတွက်သာဖြစ်ရင်ဖြစ်မှာပါ ဒါပေမဲ့ ကျွန်တော့်
Jin Hyung အတွက်တော့မဟုတ်ဘူးဗျ
သူကကျွန်နော့်တောင်မြင်တာမဟုတ်ဖူး ကျွန်တော်ကထင်သလောက်ကြီး အရေးမပါခဲ့ဖူးထင်ပါတယ် လေဆိပ်ကတည်းက ကျွန်တော်ကြိုခဲ့သင့်တာ သူစစလာချင်းကတည်းက မျက်လုံးထဲစွဲနေ‌သင့်တာ ကျွန်တော်ပဲ လုယူလိုက်ချင်တယ် ဒါပေမဲ့ ….ဒါပေမဲ့ ကံကြမ္မာကရက်စက်တယ် ကျွန်တော်မိသားစုနဲ့အဆင်မပြေရင် ကျွန်တော့်ကို စောင့်ရှောက်ပေးလာတဲ့ သူရဲ့လက်ထဲကိုမှ ဆိုက်ဆိုက်မြိုက်မြိုက်ကို ရောက်အောင်ထည့်ပေးခဲ့တယ် ဘာလို့လဲ…အပေါစားဆန်လို့လားကျွန်တော့်အချစ်တွေက ဘာလို့လဲဆိုတာနားမလည်ဘူး ဘာလို့ Kim Taehyung လဲ ဘာလို့သူလဲ
ပြောရင်း မျက်ရည်တွေပေါက်ပေါက်ကျလာသော Jungkook ကြောင့် Jimin လဲထိုင်နေရာမှထလိုက်ကာ ပခုံးကိုခပ်ဖွဖွပုတ်နေပေးမိသည်။ မျက်နှာပေါ်တော့ အပြုံးမမည်သော အရာလေးတစ်ခုချိတ်ဆွဲထားရင်းပေါ့

You've reached the end of published parts.

⏰ Last updated: May 21, 2023 ⏰

Add this story to your Library to get notified about new parts!

OnlyWhere stories live. Discover now