Ep - 16 Why Not Me

403 39 11
                                    

တစ်ခါတစ်လေ သူ့မျက်လုံးတွေကိုတည့်တည့်စိုက်ကြည့်ရင်းပြောပြလိုက်ချင်တယ်။ သူ့ကိုဘယ်လောက်ချစ်ကြောင်းနဲ့
သူချစ်တဲ့သူကြောင့် ကို ဘယ်လောက်နာကျင်နေရတယ်ဆိုတာမျိုးပေါ့

💜💜💜💜💜💜💜

Jungkook ရုပ်ရှင်ကြည့်ရင်း ဘေးမှာငြိမ်သက်စွာနှင့် စိတ်ဂနာမငြိမ်ဖြစ်နေသူကိုတစ်ချက်ချက်ကြည့်မိသေးသည်။
Jungkook - Hyung
လေသံတိုးဖျော့ဖျော့နဲ့ခေါ်မိတော့
သူ့ဘက်ကိုခေါင်းလေးစောင်းကာကြည့်လိုက်တဲ့ Hyung ပေါက်စ။
Jungkook - ပြဿာနာရှိလို့လား Hyung
Jin - မဟုတ်ပါဘူးကွာ ငါ စဉ်းစားမိလို့ပါ
ထို့သို့ပြောပြီးပြန်ငြိမ်သွားသည့် Jin ကို Jungkook တစ်ယောက်စိုက်ကြည့်ပြီးနေရုံမှတစ်ပါးအခြားမတတ်နိုင်ခဲ့။ ခဏကြာတော့ Jin ဆီမှ သူ့နာမည်ခေါ်သံ အသံတိုးတိုးလေးကြားရတော့သူ နားစိုက်ထောင်မိသည်။
Jin -Jungkook ငါတကယ်ပဲ Tae အတွက်အသုံးမကျတော့တာလားဟင် ငါကအိမ်မှာလူပိုလိုဖြစ်နေပြီလားဟင်။
Jungkook ခုမှသိတော့သည်။ Hyung ကဒါမျိုးတွေးမိခဲ့‌တာကိုး။ သူပြောတဲ့စကားကြောင့်စိတ်‌ရှုပ်သွားခဲ့တာပဲ။
သူ့ကို‌မေ့‌စေခငျြလို့‌ပွောလိုကျ‌ပေမဲ့ ကိုယ်စကား‌ေကြာင့် ကိုယ်ချစ်တဲ့သူနာကျင်နေရတာမြင်ရတာ‌ေတာ့ ဘယ်ပုထုဇဉ်မှ ခံနုိင်မည်မဟုတ်
Jungkook - Hyung ကလည်းမဟုတ်တာ။ အိမ်ကသူတွေက Jin Hyung ကိုဘယ်လောက်တောင်ချစ်လိုက်သလဲ။ ပြီးတော့ Hyung ရှိလို့‌ေပျာ်နေခဲ့တာလေ
Jin - Taehyung ကငါ့ကြောင့်အနေများကျပ်နေသလားနော်
ပြောရင်းဆိုရင်းမျက်နှာလေးမဲ့သွားသည့်သူ့ကြောင့် သူအလန့်တကြားတားမိသည်။
Jungkook- arr Hyungရာမဟုတ်တာ
အဲ့လိုမဟုတ်တာမို့စိတ်လေးလျော့နော်
Jin က အကြီးဖြစ်သူပီပီ ခေါင်းလေးငြိမ့်ပြပေမဲ့ သူအလိုက်သိစွာပဲ Jin လက်ကိုဖွဖွလေးကိုင်ကာ တစ်ချက်ညှစ်လိုက်တော့
သူ့ကိုပြုံးပြရှာသည်။
Jungkook 'pov - Hyungရာဒီလောက်တောင်စွဲလမ်းနေပြီလား ဘာလို့ကျနော်ကိုကျမမြင်ရတာလဲ

သူတို့ရုပ်ရှင်ကြည့်ပြီးရင် မုန့်စားကြမယ်ရည်ရွယ်ထားခဲ့ကြပေမဲ့ မျက်နှာအမူအရာအခြေအနေမကောင်းသည့် Jin ကြောင့် Jungkook ကပင်စကာ အိမ်ပြန်တော့မည်ဟုစကားစလိုက်ရ၏။
Jungkook - Hyung တို့ကျနော်ပြန်တော့မယ်
Hoseok - ဟင် ဘာလို့လဲ
ပါးစပ်ထဲပလုပ်ပလောင်းဖြစ်နေသည့် popcorn များကိုအဆက်မပြတ်ဝါးရင်း ပြောနေရာ Yoongi ကပါးစပ်နားကိုသုတ်ပေးရင်း
Yoongi - နေ‌မကောင်းလို့လား
Jungkook က‌ Jin ကိုတစ်ချက်ကြည့်လိုက်တော့ လမ်းမဘက်ကိုငေးနေလေသည်။ လေပြေ‌ေလးတိုက်ခတ်သွားချိန်တွင် လွင့်သွားသည့် ဆံပင်ဆံသားနုနုကိုပါ လိုက်ငေးမိသည်။
Jungkook - နေမကောင်းတာတော့မကောင်းတာပါပဲ ဒါပေမဲ့ကျနော်တော့မဟုတ်ဘူး ကျနော့်ရဲ့ကမ္ဘာငယ်လေး
ထိုအသံကြားတော့ သူ့ဘက်ကိုလှည့်ကြည့်လာသည့် မျက်လုံးဝိုင်းလေးတွေ။
မြတ်နိုးရပါသည် Hyung။ အဲ့အကြည့်တွေ နှုတ်ခမ်းလေးတွေ မျက်နှာအမူအရာလေးတွေ အားလုံးကိုမြတ်နိုးရပါတယ်။
သူ့ကိုကြည့်‌ေနတဲ့ မျက်ဝန်းငယ်လေးကို ပြံုးပြလိုက်ရင်း
Jungkook - ကျနော်ပြန်တော့မှာမို့ Hyung ကောလိုက်မလားဟင် အခုဆို ...
အခုလောက်ဆို ... Taehyung လဲ အိမ်မှာရှိနေလောက်မှာပါ Hyung ရာ

OnlyWhere stories live. Discover now