"ဒီကောင်လေးက
ဘာလို့phမကိုင်တာလဲမသိဘူး၊
သူဘာဖြစ်နေတာလဲမသိဘူး အစ်ကိုဘိုင်""ဂျက် ငါတို့အိမ်အရင်ပြန်ရင်ကောင်းမယ်ထင်တယ်၊
မေမေ့ကိုph ဆက်မေးကြည့်လိုက်ဦးလေ။
ဘားခို့က အိမ်ပြန်ရောက်ချင်ရောက်နေမှာ""မေမေကphမကိုင်ဘူး၊
အန်တီမေ့phကလည်း out of areaဖြစ်နေတယ်၊
ကျွန်တော် လူပျောက်တိုင်လိုက်တော့မယ် အစ်ကိုဘိုင်"လိုတာထက်ပိုပြီး over ဖြစ်နေသောဂျက်ကြောင့် ဘိုင်ဘယ် အကြပ်ရိုက်နေရ၏။
အိမ်ပြန်ဖို့ကိုပင် စည်းရုံးလို့မရဖြစ်နေတော့သည်။"မင်းအခု ရဲစခန်းသွားလိုက်ရင် ပိုရှုပ်ကုန်မှာပေါ့ ဂျက်ရာ!
အိမ်ပြန်ရောက်နေရင် ဘယ်လိုလုပ်မလဲ"📲📲📲📲📲📲📲
"Hello မေမေ"
"အေး hello သား မင်း ခုထိအိမ်ပြန်မလာသေးဘူးလား၊မင်းပြန်လာရင် ကုမ္ပဏီကိုဝင်လိုက်ပါဦး၊မင်းညီက မေမေ့ကို phတွေအများကြီးခေါ်ထားတာ၊
ခု မေမေပြန်ခေါ်တာ မကိုင်လို့၊
ဘာများဖြစ်လို့လဲ မသိဘူး၊""Aww ခုသားကဂျက်နဲ့အတူရှိနေတာ မေမေ၊
ဘားခို့ ပျောက်လို့ သားတို့လိုက်ရှာနေတာ""ဟဲ့ နင်တို့က ဘားခို့ကို ဘာလို့လိုက်ရှာနေကြတာတုန်း!
ဘားခို့က ဒီမှာ မေမေနဲ့အတူTVကြည့်နေတာလေ""ဗျာ!!"
"ဘာဖြစ်လို့လဲ အစ်ကိုဘိုင်၊အိမ်မှာလဲ မရှိဘူးတဲ့လား"
"ငါပြောပါတယ် မလောပါနဲ့လို့"
"အစ်ကိုဘိုင် ဘားခို့တင် ဘယ်မှာလဲလို့!!
တွေ့ပြီမို့လို့လား""မင်းဘိုးအေလေးကအိမ်မှာ မေမေနဲ့အတူရှိနေတယ်တဲ့၊လာ အိမ်ပြန်မယ်;
အယ်! မဟုတ်ဘူး မင်းဘာသာမင်းပြန်တော့
ငါ သွားစရာပေါ်လာလို့!
အိမ်ကိုနောက်ကျမှပြန်ရောက်မယ်ဆိုတာ
မေမေ့ကိုပြောလိုက်၊
ငါTaxi နဲ့ပဲ လစ်တော့မယ်"__________________×___________________
"ဘားခို့တင်🗯️💢""အာ့!!!!!"
"ဟဲ့ ဟဲ့ ခလေးကို ဘာလုပ်တာလဲ"
ဂျက်က ဆိုဖာမှာထိုင်နေသည့် ဘားခို့အားလက်မောင်းမှ ရုတ်တရက် ဆွဲမလိုက်သောကြောင့် ဒေါ်ပန်ရော ဘားခို့တင်ပါ အလန့်တကြားဖြစ်သွားရ၏။
YOU ARE READING
I want to be near You♡︎
Fanfictionအချစ်ကို အချစ်လို့ ဝန်ခံတတ်လာအောင် ဘယ်အရာက သင်ပေးလိုက်တာလဲ? ဒီမေးခွန်းရဲ့ အဖြေကို ဒီ Fiction လေးထဲမှာဝင်ရှာလိုက်နော် ဟီး🤭🙆♀️ ကောင်လေးနှစ်ယောက်ကို ချစ်တဲ့ စိတ်ကြောင့် ဉာဏ်မှီသလောက်ပုံဖော်မိတဲ့ ပထမဆုံး Fan fictionလေးမို့ အမှားပါသွားရင် ဒီနေရာကနေကြိ...