Chapter-6- ( Unicode)

465 39 3
                                    

"ဘားခို့ ဘာစားမလဲ"

"ဘားခို့ ထမင်းပေါင်းပဲ စားမယ် ကိုကို"

"မြူရော ဘာစားမလဲ"

"မြူလည်း ထမင်းပေါင်းပဲ စားလိုက်မယ် အစ်ကို"

"OK ဒါဆို ကိုယ်မှာလိုက်တော့မယ်နော်"

အိမ်မှာ တစ်ယောက်ထဲဖြစ်နေတာကြောင့်
ကိုကို့ကို အိမ်စောစောပြန်လာဖို့ ဖုန်းဆက်ပြောပြီး ခနကြာတော့ ကိုကို ရောက်လာပြီး ဘားခို့ကို အပြင်ခေါ်လာခြင်းဖြစ်သည်။

အစ်မမြူက dinner လိုက်ကျွေးမှာမို့ အလုပ်သဘောအရမဖြစ်မနေသွားရမည်တဲ့။

ဆိုတော့ ဘားခို့လည်း အပြင်မရောက်တာကြာပြီမို့ ကိုကိုနဲ့အတူ လိုက်လာလိုက်သည်။

"ဒါနဲ့ မောင်လေးဘားခို့က အစ်ကိုတို့မိသားစုနဲ့တော်တော်ရင်းနှီးတယ်နော်"

"ဗျာ အော် ဟုတ်ကဲ့ဗျ ဟီး"

"အစ်ကိုတို့အတွက် ဘားခို့က ညီလေးအရင်းလိုပါပဲ၊ရင်းနှီးတယ်ဆိုတာထက် မိသားစုဝင်ပါပဲ"

💭ညီလေး အရင်းတဲ့!
ဘားခို့နဲ့ ကိုကိုက ဘယ်နားမှာ သွေးတော်သားစပ်သွားလို့လဲ ဟမ်?💭

"မှာထားတာ ရပါပြီဗျ"

Waiter လေးအရင်လာချတဲ့ ထမင်းပေါင်းနှစ်ပွဲထဲက တစ်ပွဲကို မြူက လှမ်းယူလိုက်သည်။

"မြူ sry နော်!
အဲ့တာ ဘားခို့ အတွက်"

"ရှင် မြူလည်းထမင်းပေါင်းပဲလေ၊
မောင်လေးဘားခို့နဲ့ အတူတူပဲ"

"ဘားခို့က မုန်လာဥနီ မစားလို့ ကိုယ် သပ်သပ်မှာပေးထားတာ"

ဂျက်က ပြောရင်း မြူ့ရှေ့က ပန်းကန်ကို ​ယူ၍ ဘားခို့ရှေ့ ချပေးလိုက်သည်။

မြူက တခြား ထမင်းပေါင်းပန်းကန်ကိုယူရင်း မျက်စိမျက်နှာပျက်သွားလေသည်။

အမှန်တိုင်းဝန်ခံရကြေးဆိုရင် ဒီအစ်မကို ဘားခို့သိပ်ဘဝင်မကျလှပါ။
ဘားခို့ ကိုကို့ကို လိုအပ်နေတဲ့အချိန်တိုင်း ဒီအစ်မကကိုကို့နား ရှိနေသလိုပင်။

💭ငါ ဘာတွေတွေးနေတာလဲ။
ဒီအစ်မက အလုပ်သဘောအရ
ကိုကို့နားရှိနေတာလေ၊
အလုပ်သဘောအရမဟုတ်ရင်ရော ငါကဘာလို့ဒီလိုခံစားနေစရာလိုလဲ၊
ဘားခို့တင် စိတ်ကိုစုစည်းထားစမ်း💭

I want to be near You♡︎Where stories live. Discover now