Chapter-7- (Unicode)

448 35 7
                                    

"သား စောစောနားဦးလေ!
ဒီနေ့ အလုပ်ကပင်ပန်းတယ်မို့လား?"

"ဟုတ် မေမေ,ဒါဆို သားညစာစားခါနီးမှပြန်ဆင်းလာမယ်နော်၊
ခု ခနသွားနားဦးမယ်"

ဂျက်က ဒီနေ့ ရုံးမှာအလုပ်တွေဆက်တိုက်လုပ်ပြီး ပင်ပန်းသလိုဖြစ်နေတာကြောင့် အိမ်ကိုအစောပြန်လာခြင်းဖြစ်သည်။မေမေတို့ကိုနုတ်ဆက်ပြီးအိမ်ပေါ်ထပ်သို့တက်လာလိုက်သည်။

ဒီနေ့နဲ့ဆို ဘားခို့တို့ ထွက်သွားလိုက်တာ ၄/၅ရက်တော့ရှိနေပြီ။
ဒီအကြောင်းနဲ့ပတ်သက်ပြီးတွေးမိတိုင်း ဂျက်တစ်ယောက် အရုပ်ကြိုးပျက် ပြိုလဲရသည်ချည်းပင်။

ဘားခို့ကိုသာ ခနလေးဖြစ်ဖြစ် တွေ့လိုက်ရလျှင် သူဒီလောက်ခံစားရမှာမဟုတ်ဟု ခနခနအတွေးကလည်းဝင်သေးသည်။

အခန်းထဲရောက်တော့ တန်းမအိပ်နိုင်သေးပဲ
အခန်းပြင် ဝရံတာကို ထွက်၍လေညှင်းခံနေလိုက်သည်။

"ဟင်"

မရည်ရွယ်ပဲ ကြည့်မိသွားတဲ့နေရာတစ်ခုရဲ့မြင်ကွင်း!

မဖြစ်နိုင်တာသိနေပေမဲ့ မချင့်မရဲ မျှော်လင့်မိနေသေးသည်။

"ကိုယ်ထင်နေသလို ဖြစ်ပါစေ" ဆိုပြီးတီးတိုးဆုတောင်းရင်း အောက်ထပ်ကိုအပြေးဆင်းလာလိုက်သည်။

"ဟျောင့် ဂျက် ဘယ်လဲ?"

"ဟဲ့ သား နားမလို့ဆို ဘယ်တုန်း?"

မေမေနဲ့ အစ်ကိုဘိုင်ရဲ့ မေးခွန်းတွေကိုပင်
ပြန်မဖြေနိုင်။

ဘားခို့တို့ခြံဘက်ကိုအပြေးသွားသည်။
ခြံရှေ့ရောက်တော့ မျှော်လင့်တကြီးစိတ်ဖြင့် ခြံတံခါးကို တွန်းဖွင့်တော့ မပွင့်။

"သား ဘာလုပ်တာလဲ၊သော့ခတ်ထားတယ်လေ"

"ဘာဖြစ်လို့လဲ ဂျက်၊ဘားခို့ကို မင်းလွမ်းနေမှန်းသိပါတယ်ကွာ၊ဒါမဲ့ ခုလိုတွေမလုပ်ပါနဲ့"

"ကျွန်တော် လူမြင်လိုက်တယ် အကိုဘိုင်"

"ဟမ်!"

"ကျွန်တော် ဝရံတာကနေ ကြည့်လိုက်တာ လူရိပ်မြင်လိုက်တယ်၊
ဘားခို့ ရှိတယ်ထင်တယ်"

I want to be near You♡︎Where stories live. Discover now