Chapter -17- (ZG)

171 8 2
                                    

"မေမေ ဘားခို့ရော?"

"ဟယ် ရုံးကိုသွားလိုက်ပြီလေ၊
သူလုပ်ရမဲ့ စာရင်းလေးတွေပြီးအောင်လုပ်ချင်လို့တဲ့ အစောသွားမယ်ပြောသွားတာပဲ"

"သားကိုလည်း ဘာမှမပြောဘူး"

"အိပ်နေတာကိုမနှောက်ယှက်ချင်လို့တဲ့၊
ကလေးက သိတတ်တယ် တွေ့လား"

"မေမေ မသိပါဘူး မေမေရာ!
သားလည်းသွားတော့မယ်နော် အဲ့တာဆို"

"နေဦး ဂျက် ခနလာထိုင်ဦး"

သွားလုဆဲဆဲ သားဖြစ်သူကို ဒေါ်ပန်က
တားလိုက်ရင်းခုံတစ်ခုံကိုဆွဲယူ၍ ဂျက်ကိုထိုင်စေသည်။

အမေဖြစ်သူရဲ့ မျက်နှာအရိပ်အကဲကိုကြည့်ရုံနဲ့ စကားအတည်တကျတစ်ခုခုကိုပြောတော့မယ်ဆိုတာ ဂျက်ရိပ်စားမိပါသည်။
ထို့ကြောင့် ခုံမှာထိုင်၍ ဒေါ်ပန့်ဆီကစကားကို နားစွင့်နေလိုက်သည်။

"သားနဲ့ ဘားခို့ရဲ့အကြောင်းကို မေမေဝင်မပါသင့်မှန်းသိပါတယ်၊
ဒါပေမဲ့ သားက အကြီးဆိုတော့ မေမေ့ဘက်ကတစ်ခုတော့ပြောထားချင်တယ်"

"ဟင်! မေမေ သိနေတာလား"

"သားတို့အကုန်လုံးက မေမေ့မျက်စိရှေ့မှာကြီးပြင်းလာကြတဲ့ကလေးတွေပါ။
သားတို့ကိုယ်တိုင် သားတို့ရဲ့စိတ်ခံစားချက်တွေကိုမသေချာခင်ကတည်းက မေမေက သိပြီးသား"

"မေမေ ဘာမှမပြောတော့ဘူးလား"

"ဘာပြောရမှာလဲ သားရဲ့!
သားတို့ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်၊ရွေးချယ်ခွင့်လေ။"

"ကျေးဇူးတင်ပါတယ် မေမေ"

"ဒါမဲ့ သား...."

ဒေါ်ပန်က စကားကိုရှေ့မဆက်ပဲ ခနရပ်ထားပြန်သည်။

"ဘာလို့လဲ မေမေ ပြောလေ"

"ချစ်နေရုံနဲ့ မပြီးဘူး သား။
ငါကတော့ ချစ်တာပဲလေဆိုပြီး အကုန်ရောချလို့မရဘူး။
နားလည်မှုပေးရတယ်။
သားတို့နှစ်ယောက်ကြား ပိုလို့တောင်လိုသေးတယ်။
သူက ငယ်သူမို့ အချိန်တွေအများကြီးလိုသေးတယ်။
ဘားခို့လေးအကြောင်းကို မေမေတို့မိသားစုက အသိဆုံးပဲလေ ဟုတ်တယ်မလား။
သူ့ဘဝလေး ဘယ်လိုရှိခဲ့တယ် ဘယ်လိုနေထိုင်လာခဲ့တယ်ဆိုတာ မေမေတို့လည်းသိနေတာပဲ။
တခါတရံမှာ စိတ်ထဲကမပါပေမဲ့ ဒေါသအလျှောက် သားကပြောဆိုမိတဲ့အခါ သူလည်းစိတ်ထိခိုက်ရတာပဲ။
သူ့အပေါ် အရမ်းမတင်းကြပ်ပါနဲ့။
သူထွက်သွားမယ်ဆို သားလည်းခံနိုင်ရည်ရှိမယ်လို့မေမေတော့ မထင်ဘူး။
သူက ဘာလေးပဲလုပ်လုပ် သားအကြောင်းကတော့အမြဲတမ်း ပါတာလေ။
သားကို သူ အရမ်းချစ်တာ"

I want to be near You♡︎Where stories live. Discover now